ဆန်းကြယ်လှသော သဘာဝလိုဏ်ဂူ

4-3.jpg

ကရင်ပြည်နယ် ဘားအံကနေ (၁၇) မိုင် အကွာလောက်မှာ ကြီးမား ဆန်းကြယ်သည့် သဘာဝ လှိုဏ်ဂူကြီး တစ်ခုရှိပါတယ်။ ဆဒ္ဒန် လှိုဏ်ဂူဟာ တောင်ကြီး တစ်ခု အောက်မှ အဝင်အထွက် အပေါက် နှစ်ဖက်ပါ သဘာဝ ဂူကြီး ဖြစ်ပါတယ်။ ဂူအတွင်းမှာ ဗုဒ္ဓ ဆင်းတုတော်များ၊ စေတီငယ်များ၊ ကျောက်ခတ် ပန်းဆွဲများ၊ လင်းနို့များ၊ ဆေးဖက်ဝင် ကျောက်သွေးများ နှင့် အဆန်းတကြယ် သဘာဝ အလှတရားများကို တွေ့ရှိနိုင်ပါတယ်။ ဂူဟာ အတန်ငယ် ရှည်လျားပြီး ကျယ်ကျယ်ဝန်းဝန်းရှိပြီး မှောင်လွန်းပါတယ်။ ဓာတ်မီးများ ယူဆောင်သွားသင့်သလို ကျောက်သားများ အနည်းငယ်ချောပါသဖြင့် သတိထားသွားသင့်ပါတယ်။

ဂူအဆုံးမှာ ရေကန်ကြီး တစ်ကန်နှင့် ရေအောက် တစ်ဝက်မြှပ် လိုဏ်ဂူရှိသည့် တောင်တစ်တောင်လည်း ရှိပါသေးတယ်။ လှေကလေးများရှိပြီး တစ်ဦးလျင် ၁၅၀၀ ကျပ်ဖြင့် ရေအောက် လှိုဏ်ဂူမှ တဆင့် ရေကန် တစ်ဖက်သို့ လှေစီးသွားနိုင်ပါတယ်။ ဘဲများနှင့် တောပန်းများကို တွေ့နိုင်ပါတယ်။ ကန် အဆုံးရောက်လျင် တောလမ်းလေးကို လမ်းလျောက်ဖြတ်သန်းကာ ဆဒ္ဒန်ဂူ အဝင်ပေါက်ဖက်ကို ပြန်သွားနိုင်ပါတယ်။ ဂူသွားလမ်း၊ တောလမ်း နှင့် ကျောက်တောင်အောက် လှေစီးခြင်း စသည့်အတွေ့အကြုံ သုံးမျိုး ခံစားနိုင်ပါတယ်။

စာဖတ်သူတို့ သွားရောက် လေ့လာလိုလျင် နိုဝင်ဘာလမှ ဧပြီလအတွင်းသာ သွားသင့်ကြောင်း အကြံပြုပါရစေ။

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top