ဟောင်ကောင်ရဲ့ ကမ္ဘာ့အရှည်လျားဆုံး စက်လှေကား

es.jpg

ယာဉ်ကြောပိတ်ဆို့မှုကို ဆန်ဖရန်စစ်စကိုက cable carတွေနဲ့ဖြေရှင်းသလို နော်ဝေးက စက်ဘီးစနစ်တွေနဲ့ ဖြေရှင်းပါတယ်။ ဒီလိုပဲ ဟောင်ကောင်မှာလည်း မြို့တော်ရဲ့ ထူထပ်လှတဲ့ယာဉ်ကြောပိတ်ဆို့မှုကို ရှောင်လွှဲဖို့နည်းလမ်းတစ်ခုရှိပါတယ်။

ဒါကတော့ စက်လှေကားတွေပါပဲ။ ဟောင်ကောင်မှာ ကမ္ဘာ့အရှည်လျားဆုံး စက်လှေကားစနစ်ရှိပါတယ်။ ဒီစနစ်ကို ၁၉၉၃ခုနှစ်မှာ စတင်ဖွင့်လှစ်ပေးခဲ့တာဖြစ်ပြီး စုစုပေါင်း စက်လှေကား၁၈ခုနဲ့ အတက်အဆင်းလှေကား၃ခုပါဝင်ပါတယ်။ အောက်ဘက်ကိုဆင်းတဲ့လှေကားတွေကို သန်းခေါင်အချိန်ကနေ မနက် ၁ဝနာရီခွဲအထိ မောင်းနှင်ပြီး အပေါ်ဘက်တက်တဲ့လှေကားတွေကိုတော့ အဲ့ဒီအချိန်ကစ နောက်တစ်နေ့သန်းခေါင်အချိန်ထိ မောင်းနှင်ပါတယ်။

ဒီစက်လှေကားဟာ လမ်းပေါင်း ၁၄ခုကို ဖြတ်သန်းပြီး အနောက်ဘက် လမ်းမကြီးကနေ အရှေ့ဘက် ကွင်းစ်(Queens)လမ်းအထိ ပေါက်ရောက်ပါတယ်။ စတင်တည်ဆောက်တုန်းက အမေရိကန်ဒေါ်လာ သန်း၃ဝကုန်ကျပြီး မြို့တော်ဘဏ္ဍာငွေအမြောက်အမြားသုံးစွဲခဲ့ရပါတယ်။ ဒေသခံပြည်သူတွေအတွက် အလုပ်သွားအလုပ်ပြန်အချိန်တွေမှာ ပိုမိုအဆင်ပြေစေခဲ့ပါတယ်။ မီတာ ၈၀ဝရှည်လျားတဲ့ ဒီစက်လှေကားဟာ နေ့စဉ် လုပ်သားပြည်သူပေါင်း ၇၈၀၀ဝကို အခမဲ့ဝန်ဆောင်မှုပေးနေပါတယ်။ သူက ဟောင်ကောင်အတွက် ကမ္ဘာလှည့်ခရီးသွားတွေကိုပါ ဆွဲဆောင်ပေးနိုင်ပါတယ်။ ကမ္ဘာကျော်ဟောလိဝုဒ်ဇတ်ကားများမှာပါ ထည့်သွင်းရိုက်ကူးရတဲ့အထိ စက်လှေကားစနစ်က အဆင့်မြင့်ပါတယ်။

 စက်လှေကားတစ်လျှောက်မှာလည်း ရိုးရာအစားအစာဆိုင်၊ အမှတ်တရပစ္စည်းဆိုင်တွေ၊ မုန့်ဆိုင်တွေ၊ ဈေးဆိုင်တွေရှိပါတယ်။ စက်လှေကားမှာလည်း ဟောင်ကောင်ရဲ့ရှေးဟောင်းအငွေ့အသက်တွေကို ခံစားနိုင်ပါတယ်။ အနီးတစ်ဝိုက်မှာလည်း ရှေးဟောင်းအဆောက်အဦးတွေရှိတာကြောင့် လေ့လာနိုင်ပါတယ်။ ဒါ့ကြောင့် ဒီစက်လှေကားကို လမ်းပန်းဆက်သွယ်ရေးအတွက် အသုံးပြုနိုင်ရုံသာမက အပန်းဖြေဖို့သက်သက်အတွက်ပါ စီးနင်းလည်ပတ်ကြကြောင်း သိရှိရပါတယ်။

Ref: CNN Travel: See Hong Kong using the world’s longest outdoor escalator system

Sophia (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top