ကမ္ဘာကျော် ဗီယက်နမ် စားသောက်ဖွယ်ရာများကိုသုည ကျပ်မှစတင်၍ Vietjet မှာခံစားလိုက်ရအောင်

v01.png

နိုင်ငံတစ်နိုင်ငံရဲ့ ဟင်းလျာတွေဟာ အဲ့ဒီနိုင်ငံရဲ့အရေးပါတဲ့ အရာတွေထဲက တစ်ခုဖြစ်ပြီး နိုင်ငံသားတွေ၊ ယဉ်ကျေးမှုတွေနဲ့ တန်ဖိုးထားတာတွေကို ပြောပြနိုင်တဲ့ အရာတစ်ခုလည်းဖြစ်ပါတယ်။

ဗီယက်နမ် ဟင်းလျာတွေဟာ ကမ္ဘာမှာ အကျော်ကြားဆုံး စားသောက်ဖွယ်ရာတွေထဲမှာ အပါအဝင်ဖြစ်ပြီး ကမ္ဘာ့အကောင်းဆုံး စားသောက်ဖွယ်ရာတွေကို ထုတ်ပြန်တိုင်း အကြိမ်ကြိမ်ပါဝင်ခဲ့ပါတယ်။

ဗီယက်နမ် ဟင်းလျာတွေက ဘာကြောင့် ကျော်ကြားရတာလဲ။ ဒီလိုကျော်ကြားရတဲ့ အကြောင်းက အများကြီးရှိပါတယ်။ အများသဘောတူညီကြတာကတော့ ဟင်းလျာတစ်ခုမှာ အရသာတစ်ခုထဲက ထိုးထွက်နေတာမျိုး မဟုတ်ပဲ အရသာပေါင်းစုံကို ပေါင်းစပ်ထားတာကြောင့်ပါ။ တစ်ခါ ကိုက်စားလိုက်တဲ့ အချိန်မှာ နံနံပင် ဒါမှမဟုတ် ဂျင်းရဲ့ အရသာကို ခံစားရပေမယ့် နောက်တစ်ကြိမ်မှာတော့ ပင်စိမ်း သို့မဟုတ် ကြက်သွန်မြိတ် အရသာကို ခံစားနိုင်မှာဖြစ် လို့ ဝါးစားလိုက်တဲ့ အချိန်တိုင်းမှာ မတူညီတဲ့ အရသာကို ခံစားရမှာဖြစ်ပါတယ်။ ချို၊ ချဉ်၊ ငံ၊ စပ်၊ Umami အစရှိတဲ့ အရသာတွေကိုလည်း သမမျှတအောင် ပေါင်းစပ်ထားပါတယ်။

လူဦးရေသန်း ၉၀ ကျော်ရှိတဲ့ ဗီယက်နမ်မှာ ဒေသအလိုက် ဟင်းလျာတွေက ကွဲပြားသွားပေမယ့် တူညီပြီး ထူးခြားတဲ့ အချက်တွေကတော့ ထမင်းကို အဓိကစားကြပြီး ဟင်းလျာတိုင်းမှာ လတ်ဆတ်တဲ့ ဟင်းခပ်ရွက်တွေကို ထည့်ကြတာဖြစ်ပါတယ်။ တစ်ချို့သောဟင်းလျာတွေဟာ ကျယ်ပြန့်တဲ့ သတ်မှတ်ချက်အောက်မှာ ပါဝင်နေပါတယ်။ “Bánh”, ဆိုတဲ့ ဟင်းလျာဆိုရင် ဆန်နဲ့လုပ်ထားတဲ့ ကိတ်တွေနဲ့ အလိပ်တွေ (bánh cuốn and bánh giò) တို့တွေပါဝင်ပါတယ်။ အခြားဟာကတော့ “Bún” မိသားစု ဖြစ်ပါတယ်။ အဲဒီထဲမှာ ဆန်ကြာဇံ bún chả, bún bò Huế တို့လို ဝက်သားပါဝင်တာတွေ ရှိ သလို bún cá အစရှိတဲ့ ခေါက်ဆွဲပြုတ်တွေ ပါဝင်ပါတယ်။

ဘယ်လိုဟင်းလျာကိုပဲရွေးရွေး ဗီယက်နမ် စားသောက်ဖွယ်ရာတွေကို နှစ်သက်စေတဲ့ အချက်အလက် တွေများစွာရှိပါတယ်။ အားလုံးဟာ ထူးခြားပြီး အရသာအထူးပြည့်ဝပါတယ်။ အောက်မှာပါဝင်တာကတော့ သင့်ရဲ့အာရုံတွေကို ဖမ်းစားသွားနိုင်မယ့် နာမည်အကြီးဆုံး ဟင်းတွေဖြစ်ပါတယ်။

Phở (ဖို) (အမဲသား သို့မဟုတ် ကြက်သား ပါဝင်တဲ့ ခေါက်ဆွဲ)

Phở ဟာ ဗီယက်နမ် နိုင်ငံရဲ့ အမှတ်အသား စားစရာပါ။ Phở မှာ ဆန်ခေါက်ဆွဲသားအပြား ပါဝင်ပြီး အသားကို အခြေခံဖန်တီးထားတဲ့ စွပ်ပြုပ်ထဲမှာ အမဲသား ဒါမှမဟုတ် ကြက်သားပြားပါးပါးလေးတွေကို အပေါ်မှာ ထည့်သွင့်ထားပါတယ်။ ချို ၊ ချဉ် ၊ ငံ၊ စပ် အရသာတွေကို ညီညီမျှွမျှ ထည့်သွင်းထား တာကြောင့် တခါစားဖူးတာနဲ့ စွဲလမ်း မှုတွေကူးစက်သွားစေလောက်အောင်ကောင်းပါတယ်။ဗီယက်နမ်ကို လာလည်တဲ့ သူတိုင်း Phở ကို တန်းကြိုက်သွားလေ့ရှိပါတယ်။ ဘယ်နေ့ ဘယ်အချိန်မှာပဲဖြစ်ဖြစ် Phở ပူပူနွေးနွေးလေးကို ဗီယက်နမ်မှာ လွယ်လွယ်ကူကူ ရှာဖွေလို့ရပါတယ်။

Bún Chả (ဆန်ကြာဇံ နှင့် ဝက်သားကင်)

Phở ကတော့ ဗီယက်နမ် နိုင်ငံရဲ့ အကျော်ကြားဆုံး စားစရာ ဖြစ်ပေမယ့် နေ့လည်စာ အတွက်ဆိုရင်တော့ Bun Cha က ဟနွိုင်းမြို့တော်မှာ ထိပ်ဆုံးကဖြစ်ပါတယ်။ ဝက်သားကင် အနံ့သင်းသင်းလေးရယ်၊ လတ်ဆတ်တဲ့ အသီးအရွက်တွေ နဲ့ ပန်းကန်ပေါ်မှာတင်ထား ဆေးဖက်ဝင်အပင်တွေကြောင့် ဒီ စားစရာဟာ အံအားသင့်ဖွယ် ကောင်းမွန်ပါတယ်။

Chả giò – (ကော်ပြန့်လိပ်)

ဗီယက်နမ်နိုင်ငံသားတွေက သူတို့ရဲ့ စားစရာတွေကို လိပ်ပြီးပြုလုပ်တဲ့ နေရာမှာ အကျွမ်းကျင်ဆုံးသူတွေပါ။ ဗီယက်နမ် ကော်ပြန့်လိပ် ဟာ ပုံစံနှစ်မျိုးနဲ့ ရှိပါတယ်။ ကြွပ်ကြွပ်ရွရွလေးဖြစ်နေတဲ့ကော်ပြန့်ကြော် (Chả giò သို့မဟုတ် Nem cuốn) နဲ့ ပုဇွန်၊ ဝက်သားနဲ့ လတ်ဆတ်တဲ့ herbs တွေပါဝင်တဲ့ (Gỏi cuốn) ကော်ပြန့်စိမ်းပုံစံမျိုးနဲ့ ရှိပါတယ်။ ဒီလို လတ်လတ်ဆတ်ဆတ် ပြုလုပ်ထားတဲ့ ကော်ပြန့်လိပ်တွေကို တစ်ခါစားဖူးတာနဲ့ နိုင်ငံတကာမှာ ဘာကြောင့် ကျော်ကြားလဲဆိုတာကို နားလည်သွားမှာဖြစ်ပါတယ်။

ကော်ပြန့်ကြော် (Chả giò သို့မဟုတ် Nem cuốn)

ကော်ပြန့်စိမ်း (Gỏi cuốn)

အခုဆိုရင် မြန်မာနိုင်ငံမှာ ဗီယက်နမ် စားသောက်ဆိုင်တွေကို ရှာတွေ့နိုင်ပြီဖြစ်ပါတယ်။ ဒါပေမယ့် အစစ်မှန်ဆုံး ဗီယက်နမ် အစားအစာတွေ နဲ့ ဗီယက်နမ်နိုင်ငံက စားသောက်ဆိုင်တန်းတွေရဲ့ အတွေ့အကြုံကို ဗီယက်နမ် နိုင်ငံမှာ ခံစားတာကတော့ အကောင်းဆုံးပါပဲ။

ကုန်ကျစရိတ်တွေအတွက် စိတ်ပူနေပြီလား။ ကျွန်တော်တို့ဆီမှာ အဖြေရှိပါတယ်။

ဗီယက်နမ် သို့ ပျံသန်းလိုက်ပါ။ သုည ကျပ်မှ စတင်ပြီး ဗီယက်နမ် ဟင်းလျာတွေကိုခံစားလိုက်ပါ။
“၂၀၁၆ ခုနှစ် မေလ ၁၀ ရက်မှ ၁၂ ရက် အထိ Vietjet မျိုးဆက်သစ်လေကြောင်းလိုင်းဟာ ရန်ကုန်မြို့မှ ဟိုချီမင်းမြို့တော် နဲ့ ဗီယက်နမ် နိုင်ငံတွင်းခရီးစဉ်တွေအားလုံးကို သွားနိုင်မယ့် super-promotional လက်မှတ်ပေါင်း ၁ သန်းကို မနက် ၁၁ း ၃၀ မှ နေ့လည် ၁ း ၃၀ အတွင်း golden hours တွေမှာ သုညကျပ် (အခွန်နှင့် feesများမပါ) မှစတင်ပြီး ရောင်းချပေးမှာဖြစ်ပါတယ်။”

3D Summer activation ကို ကျင်းပခြင်း အထိမ်းအမှတ်အနေနဲ့ Vietjet မျိုးဆက်သစ်လေကြောင်းလိုင်းဟာ သုညကျပ်မှ စတင်တဲ့ super saving tickets တွေကို ၁၁ း ၃၀ (မနက်) မှ ၁ း ၃၀ (နေ့လည်) golden hours အတွင်း မေလ “Let’s Vietjet” campaign မှာ ရောင်းချပေးသွားမှာဖြစ်ပါတယ်။

ပထမဆုံးအရောင်းမြှင့်တင်ရေးအစီအစဉ်ကို ၂၀၁၆ ခုနှစ် မေလ ၁၀ ရက် မှ မေလ ၁၂ ရက်နေ့အထိ ပြုလုပ်သွားမှာဖြစ်ပြီး နိုင်ငံတကာခရီးစဉ်တွေ ၊ ပြည်တွင်းခရီးစဉ်တွေနဲ့ မြန်မာခရီးစဉ်တွေပါဝင်ပါတယ်။ ခရီးစဉ် ကာလကတော့ ဩဂုတ်လ ၁၅ ရက်မှ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ (ပိတ်ရက်များမပါ) ဖြစ်ပါတယ်။

ပိုပြီးစိတ်လှုပ်ရှားဖို့ကောင်းတာကတော့ ခရီးစဉ်မှာ Vietjet နဲ့ပျံသန်းသူတွေအားလုံး အနေနဲ့ Virtual 3D Technology ဂိမ်းတွေ ၊ လက်ဆောင်ပစ္စည်းပေးအပ်ခြင်းတွေ၊ ခရီးစဉ်တွင်း ဖျော်ဖြေမှုတွေ နဲ့ 3D photo contest တွေကို ခံစားရမယ့် အခွင့်အရေးတွေ ရရှိမယ်ဆိုတာပါပဲ။

Vietjet ရဲ့ လေယာဉ်တွေကို အမြန်ဆုံး စီးနင်းလ်ိုက်ပြီး အစစ်မှန်ဆုံး ဗီယက်နမ် စားသောက်ဖွယ်လျာတွေကို ကိုယ်တိုင်ကြုံတွေ့ခံစားလိုက်ပါ။ မိုးရာသီမှာ အားလပ်ရက်အနည်းငယ်ယူပြီး မိသားစုဝင်တွေ၊ မိတ်ဆွေတွေနဲ့ အတူ မေ့မရနိုင်မယ့် အပန်းဖြေခရီးစဉ်ကို ဗီယက်နမ်သို့ သွားရောက်ပြီး စိတ်လှုပ်ရှားဖွယ် အတွေ့အကြုံတွေကို ရယူလိုက်ပါ။

Vietjet နဲ့ ပျံသန်းဖို့ အချိန်ရောက်ပါပြီ။ www.vietjetair.com နဲ့ www.facebook.com/vietjetmyanmar ကို ၁၁ း ၀၀ မှာ ၁ း ၃၀ အတွင်း သွားရောက်ပြီး Vietjet ရဲ့ “Fly it & Like it” မှာ ပါဝင်လိုက်ပါ။ မြန်မာနိုင်ငံ မှ ခရီးသွားများအနေဖြင့် 09 960 7048 18 call center သို့ ဆက်သွယ်နိုင်ပြီး Yuzana Business Tower ပထမထပ် #01-06 AVIAREPS Myanmar လက်မှတ်အရောင်းဌာန၊ အမှတ် ၂၅ ဓမ္မစေတီလမ်း၊ မြေနီကုန်း နှင့် ရန်ကုန် ၊ နေပြီတော်၊ မန္တလေး တို့မှ အခြားလက်မှတ်အရောင်းဌာန ၁၀၀ ကျော် တွင်ဝယ်ယူနိုင်ပါတယ်။

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top