ထမ်းစမ်းဂူသို့ အလည်တစ်ခေါက်

ထမ်းစမ်းဂူက တောင်ကြီးခရိုင် ဟိုပုံးမြို့နယ် (ပအိုဝ်းကိုယ်ပိုင်အုပ်ချူပ်ခွင့်ရဒေ) ထမ်းစမ်းကျေးရွာအနီးမှာတည်ရှိပါတယ်။

ဂူက တောင်ကြီးကနေဆို ၄၂ ကီလိုမီတာဝေးကွာပါတယ်။

ထမ်းစမ်းဂူကို ထမ်းစမ်းကိုရင်လေး (ခ) ရှင်ပေါ်ရိဿရ ဦးဆောင်ကာ ဒကာ၊ ဒကာမတွေ ပူးပေါင်းပြီး ၂၀၀၉ ခုနှစ်မှာ စတင်ဖွင့်လှစ်နိုင်ခဲ့တာဖြစ်ပါတယ်။

ဂူစတင်ဖွင့်လှစ်ချိန်မှစလို့ ယနေ့အချိန်ထိ ဘုရားဖူးလာတဲ့ခရီးသွားများကို ၂၄ နာရီကာလပတ်လုံး သက်သက်လွတ်ထမင်းနဲ့ ဧည့်ခံကျွေးမွေးလျက်ရှိပါတယ်။

ထမ်းစမ်းဂူအောက်မှာ သဘာဝစမ်းချောင်းတစ်ခုတည်ရှိနေပြီး ဂူအတွင်းပိုင်းက အချို့ သောနေရာတွေကတော့ အလျားပေ ၅၀ ကနေ အမြင့်ပေ ၂၀ အထိရှိပါတယ်။ ပင်းတယဂူ၊ ရွှေဥမင်ဂူ၊ မြင်းမထိဂူတို့ထက်လည်း ပိုမိုကြီးမားကျယ်ပြန့်ပါတယ်။

မြန်မာနိုင်ငံရှေးဟောင်းသုတေသနအဖွဲ့ကလာရောက်လေ့လာစစ်ဆေးချက်တွေအရ ထမ်းစမ်းဂူဟာ နှစ်ပေါင်း ၂ ဒဿမ ၅ သန်းနှင့် သုံးသန်းကြားသက်တမ်းရှိနေတယ်လို့ သိထားရပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top