ယခင်အခြေအနေကို ပြန်ရောက်လုနီးပါးဖြစ်နေတဲ့ နောက်ဖေးလမ်းကြားစီမံချက်

နောက်ဖေးလမ်းကြားပန်းဥယျာဉ်စီမံချက်ကို NLD အစိုးရလက်ထပ်မှာ အစိုးရနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေ ပူးပေါင်းလုပ်ဆောင်ခဲ့တာပါ။

ဒီစီမံချက်ကြောင့်ပဲ အရင်က ရှုပ်ပွ ညစ်ပတ်နေတဲ့ နောက်ဖေးလမ်းကြားတွေဟာ အများပြည်သူလာရောက်လည်ပတ် အပန်းဖြေချင်စရာနေရာတွေ ဖြစ်လာခဲ့ပါတယ်။

ဒါပေမဲ့ လက်ရှိအချိန်မှာတော့ တချို့လမ်းတွေဟာ ထိန်းသိမ်းစောင့်ရှောက်မှုနဲ့ စည်းကမ်းလိုက်နာမှုအားနည်းတာကြောင့် မပြုပြင်ခင်က မူလအခြေအနေကို ပြန်လည်ရောက်ရှိလုနီးပါးဖြစ်နေရပါပြီ။

ရန်ကုန်မြို့တော်စည်ပင်သာယာရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ သန့်ရှင်းရေးဌာန (၂၀၁၈) ဥပဒေအရ အများပြည်သူနဲ့သက်ဆိုင်တဲ့ နေရာတွေနဲ့ လမ်းတွေပေါ်ကို ကွမ်းတံတွေးထွေးတာ၊ အညစ်အကြေးစွန့်ပစ်တာနဲ့ အိမ်မွေးတိရစ္ဆာန်အညစ်အကြေးတွေစွ့န်ပစ်တာတွေ လုပ်ခဲ့ရင် ငွေဒဏ် ကျပ် (၃) သောင်းမှ ကျပ် (၅) သောင်းထိ ချမှတ်ခံရနိုင်တယ်လို့ပြဌာန်းထားပါတယ်။

ဒါ့အပြင် ပန်းဥယျာဉ် ပန်းခြံ၊ အားကစားကွင်းတွေအတွင်းကို အမှိုက် (သို့မဟုတ်) စက်ဆုပ်ဖွယ်အရာတွေကို ပစ်ချခြင်း၊ ကျရောက်စေခြင်း (သို့မဟုတ်) စွန့်ပစ်ခြင်းပြုခဲ့ရင်လည်း ငွေဒဏ် ကျပ် (၃) သောင်းမှ ကျပ် (၃) သိန်းထိဖြစ်စေ ထောင်ဒဏ် (၃) လထိဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်တယ်လို့ ပြဌာန်းထားတာဖြစ်ပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top