တောင်ကြီးမြို့ရဲ့ရိုးရာ တန်ဆောင်တိုင်မီးပုံးပျံပွဲတော်သို့ အလည်တစ်ခေါက်

၂၀၁၈ တောင်ကြီးတန်ဆောင်တိုင်ပွဲတော်ရိုးရာ မီးပုံးပျံပြိုင်ပွဲကို နိုဝင်ဘာ ၁၄ ရက်နေ့က စတင်ပြီး နိုဝင်ဘာ ၂၂ ရက်နေ့အထိ ကျင်းပသွားမှာဖြစ်ကာ အနိုင်ရရှိတဲ့အဖွဲ့ကို နိုဝင်ဘာ ၂၃ ရက်နေ့မှာ ဆုချီးမြှင့်သွားမှာပါ။

၂၀၁၇ ခုနှစ် တောင်ကြီးတန်ဆောင်တိုင်ပွဲတော် မီးပုံးပျံပြိုင်ပွဲရဲ့ ပထမဆုကို သွေးသစ်ညမီးကြီးအဖွဲ့က ဆုရရှိထားခဲ့ပါတယ်။ သွေးသစ်အဖွဲ့အနေနဲ့ ရိုးရာမီးပုံးပျံပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာက ၁၃ နှစ်ကာလရှိပါပြီ။

တောင်ကြီးတန်ဆောင်တိုင်ဖွင့်ပွဲညမှာပဲ မင်္ဂလာဦးရပ်ကွက်ကိုယ်စားပြု ညမီးကြီးအမျိုးအစား “ဓာတ်ခဲ” မီးပုံးပျံပျက်ကျခဲ့ခြင်းကြောင့် အမျိုးသားနှစ်ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ပါသေးတယ်။

တောင်ကြီးမြို့တန်ဆောင်တိုင်ပွဲတော်ဟာ ကမ႓ာသိအထင်ကရပွဲတော်တစ်ခုဖြစ်ကြောင့် ပြည်တွင်းပြည်ပခရီးသွားအများအပြား လာရောက်လည်ပတ်ကြတဲ့ ပွဲတစ်ခုလည်း ဖြစ်ပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top