အသက် ၅၀ ကျော်အရွယ် ယာဉ်နောက်လိုက် အမျိုးသမီးကြီးရဲ့ နေ့စဉ်ဘဝ

အသက် ၅၀ ကျော်ရှိပြီဖြစ်တဲ့ ဒေါ်ခင်နန်းနွယ်က အငြိမ်းစားသူနာပြုဝန်ထမ်းဟောင်းတစ်ဦးဖြစ်ပေမဲ့ လက်ရှိအချိန်မှာတော့ မော်တော်ယာဉ်လုပ်ငန်းဖြစ် အသက်မွေးဝမ်းကျောင်းပြုနေတာဖြစ်ပါတယ်။

အလင်းရောင်မဖြာသေးတဲ့ နံနက်လေးနာရီမတိုင်ခင်တည်းက သူမရဲ့တစ်နေ့တာစိန်ခေါ်မှုကို စတင်လို့နေပါပြီ။ တခြားသောအမျိုးသားများနဲ့တန်းတူရင်ဘောင်တန်းပြီး သူမရဲ့တစ်နေ့တာကို ဖြတ်သန်းလှုပ်ရှားနေတာပဲဖြစ်ပါတယ်။

အမျိုးသမီးတစ်ဦးဖြစ်တယ်ဆိုတဲ့စိတ်၊ သူမရဲ့အတတ်ပညာ ဘယ်အရာကိုမှ မငဲ့ကွက်ဘဲ ယာဉ်အကူ ယာဉ်နောက်လိုက်တစ်ဦးဖြစ် လှုပ်ရှားရုန်းကန်နေတာဖြစ်ပါတယ်။

သူမကို ပေါင်မြို့နယ်အတွင်းက ကျေးရွာတစ်ခုမှာမွေးဖွားခဲ့ပြီး ဝန်ထမ်းဖြစ်တဲ့ ဖခင်ဖြစ်သူ တာဝန်ကျရာမြို့တွေမှာ လိုက်ပါနေထိုင်ကြီးပြင်းခဲ့ရတာပါ။ သူမရဲ့အိမ်ထောင်ဘက် အမျိုးသားဆုံးပါးသွားချိန်မှာတော့ ၄ နှစ်အရွယ်သားငယ်ကို မိဘဆွေမျိုးများထံမှာ အပ်နှံထားခဲ့ပြီး တာဝန်ကျရာဒေသတွေမှာ သွားရောက်လုပ်ကိုင်ခဲ့တာဖြစ်ပါတယ်။

ယခုအချိန်အထိ သူမ၏မိခင်မှာ သက်ရှိထင်ရှားရှိနေပြီး မိခင်မရှိတော့မယ့် အချိန်ကာလကို ရောက်ခဲ့ရင်တော့ သူမရဲ့နောက်ပိုင်းဘဝကို မိဘမဲ့ပရဟိတကျောင်းတွေမှာ ကျန်းမာရေးစောင့်ရှောက်မှုတွေ ပြုလုပ်ပေးရင်း ကုန်ဆုံးသွားစေမယ်လို့လည်းပြောပြခဲ့ပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top