YouTube မှာ ကစားစရာအကြောင်း ပြောတဲ့ ဗီဒီယိုတွေတင်ပြီး ဒေါ်လာ ၂၂ သန်း ဝင်ငွေရှိနေတဲ့ ၇ နှစ်သား

TELEMMGLPICT000139443119-xlarge_trans_NvBQzQNjv4BqpVlberWd9EgFPZtcLiMQfyf2A9a6I9YchsjMeADBa08-e1553270576759.jpeg

ကလေးငယ်လေးတစ်ယောက်က သူ ဖန်တီး တင်ဆက်နေတဲ့ ယူကျူ့ဘ် ဗီဒီယိုလေးတွေကနေ ဝင်ငွေ ဒေါ်လာသန်းဂဏန်း ရနေတယ်ဆိုတာက ယုံရခက်ခက်ပါ။ ဒါပေမဲ့ ဒါက တကယ်အမှန်ပါပဲ။

ကမ္ဘာကျော် ဖော့ဘ်မဂ္ဂဇင်းက ထုတ်ပြန်တဲ့ စစ်တမ်းအရ ရိုင်ယန်လို့ခေါ်တဲ့ Toys Review တွေတင်ဆက်သူ ကလေးငယ်ဟာ နောက်ဆုံး ၁၂ လအတွင်းမှာ ယူကျူ့ဘ် နာမည်ကျော် တစ်ဦးဖြစ်တဲ့ ဂျိတ်ပေါလ်ထက် ဒေါ်လာ ၅ သိန်းလောက် ဝင်ငွေပိုရပြီး ယူကျူ့ဘ်ကနေ ဝင်ငွေ အများဆုံး ရသူစာရင်းရဲ့ ထိပ်ဆုံးမှာ ရှိနေတာ ဖြစ်ပါတယ်။

ရိုင်ယန်ဟာ သူ့ရဲ့ Review ဗီဒီယိုတွေကို မကြာမကြာ တင်လေ့ရှိပြီး ရိုင်ယန်ရဲ့ အမွှာညီမလေးတွေဟာလည်း ဒီဗီဒီယိုတွေမှာ ပါဝင်တတ်ကြကာ သူတို့သုံးယောက် ပါဝင်တင်ဆက်ထားတဲ့ “ကလေးတို့အတွက် အိမ်နေရင်း လုပ်နိုင်တဲ့ ထိပ်တန်း သိပ္ပံစမ်းသပ်ချက် ၁၀ မျိုး” ဗီဒီယိုဟာ ကြည့်ရှုမှု ၂၆ သန်းကျော်ရတဲ့အထိ ပေါက်ခဲ့ပါတယ်။ ဝေါလ်မတ်စတိုးဆိုင်မှာ မိဘတွေနဲ့အတူတူ အရုပ်လိုက်ဝယ်နေတဲ့ ရိုင်ယန်ရဲ့ ဗီဒီယိုတစ်ခုဟာဆိုရင်လည်း သုံးလအတွင်း ကြည့်ရှုမှု ၁၄ သန်းရှိခဲ့ဖူးပါတယ်။

ရိုင်ယန်ရဲ့ ယူကျူ့ဘ်ချန်နယ်ကို ၂၀၁၅ ခုနှစ်မှာ သူ့ရဲ့မိဘတွေက ဖန်တီးပေးခဲ့ကြပြီး လက်ရှိအချိန်မှာတော့ ဒီချန်နယ်လေးဟာ ပရိသတ် ၁၇ သန်းကျော်နဲ့ ကြည့်ရှုမှုအရေအတွက် ၂၆ ဘီလျံထိ ရှိနေပါပြီ။ သူ့ရဲ့ဗီဒီယိုတွေကို ကလေးတွေဘာကြောင့် သဘောကျတာလဲ လို့ NBC က မေးမြန်းတဲ့အခါ “ကျွန်တော် ဖျော်ဖြေတာတွေက ကောင်းလို့ပေါ့ ပြီးတော့ ကျွန်တော်က ရယ်ရတယ်လေ” လို့ ရိုင်ယန်က ဖြေခဲ့ပါတယ်။

ဝင်ငွေများပြားလွန်းနေတဲ့ရိုင်ယန်ဟာ ကလေးအရွယ်သာ ရှိသေးတာမို့ အခုအချိန်မှာ သူရနေတဲ့ ဝင်ငွေတွေရဲ့ ၁၅% ကို ဘဏ်အကောင့်ထဲ ထည့်ထားရပြီး တရားဝင် အရွယ်ရောက်သူဖြစ်လာချိန်မှာတော့ သူကိုယ်တိုင် ပြန်လည်ထုတ်ယူနိုင်မှာ ဖြစ်ပါတယ်။

Ref: BBC “YouTube top earners: The seven-year-old making $22m”

TH (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top