Captain Marvel ဇာတ်ကားရဲ့ ဒုတိယမြောက် trailer ကို Marvel က ထုတ်ပြလိုက်

marvel.jpg

ဒီနေ့ကတော့ Marvel ပရိသတ်တွေအတွက် ဝမ်းသာစရာကောင်းတဲ့နေ့ပါပဲ။ မင်းသမီး ဘရီလာဆန် (Brie Larson) က Captain Marvel အဖြစ် ပါဝင် သရုပ်ဆောင်ထားတဲ့ “Captain Marvel” ဇာတ်ကားရဲ့ဒုတိယမြောက် trailer ကို ဒီဇင်ဘာ ၃ ရက်နေ့ မြန်မာစံတော်ချိန် မနက် ၉ နာရီခွဲ အချိန်က Marvel Studio က youtube မှာ စပြီးလွှင့်တင်ခဲ့ပါတယ်။

ဒီထရေလာထဲမှာတော့ နစ်ခ် ဖြူရီ (Nick Fury) ရဲ့ငယ်စဉ်ကပုံကိုပါ မြင်တွေ့ရမှာဖြစ်ပြီး ပထမထရေလာမှာ Captain Marvel လက်သီးနဲ့ထိုးလိုက်တဲ့အဘွားကြီးဟာ Skrull လို့ခေါ်တဲ့ တခြားဂလက်ဆီတစ်ခုက ပုံပြောင်းပုံလွှဲလုပ်နိုင်တဲ့ ဂြိုဟ်သားဖြစ်နေတာကိုလည်း တွေ့ရမှာပါ။

Avengers 4 ဇာတ်ကားရဲ့အဓိကသော့ချက်ဖြစ်လာမယ့် Captain Marvel ရဲ့တစ်ကိုယ်တော်ရုပ်ရှင်ဇာတ်ကားကို ၂၀၁၉ ခုနှစ်၊ မတ်လ ၈ ရက်နေ့မှာ စတင်ပြသသွားမယ်လို့ သိရပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားမှာ ဘရီလာဆန် (Brie Larson)၊ ဆင်မြူရယ် အယ်လ် ဂျက်ဆင်(Samuel L Jackson)၊ ဂျူ့ဒ်လော (Jude Law)၊ ကလာ့ခ်ဂရက် (Clark Gregg) တို့က ပါဝင်သရုပ်ဆောင်ထားကြတာ ဖြစ်ပါတယ်။

Captain Marvel ဇာတ်ကားဟာ Marvel Cinematic Universe ရဲ့ထွက်ရှိခဲ့ဖူးသမျှရုပ်ရှင်ကားတွေထဲမှာတော့ ပထမဦးဆုံးသော အမျိုးသမီးစူပါဟီးရိုးရုပ်ရှင်လည်း ဖြစ်ပါတယ်။

ဒုတိယထရေလာလင့်ခ် – https://bit.ly/2ANDJOt ပထမထရေလာလင်ခ့် – https://bit.ly/2MJGSm7

Ref : Youtube “Captain Marvel Trailer 2”

Elsa (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top