အိမ်ယာမဲ့ကလေးငယ်တွေအတွက် ကျင်းပပေးတဲ့ ပျော်ပွဲရွှင်ပွဲ

အိမ်ယာမဲ့ကလေးငယ်တွေနဲ့ ကလေးလုပ်သားတွေအတွက် ကျင်းပပြုလုပ်တဲ့ “လမ်းကလေးငယ်များအပြေးပြိုင်ပွဲ” ကို ရန်ကုန်တိုင်းမြို့၊ ကျိုက္ကဆံအားကစားကွင်း (အားကစားနှင့် ကာယပညာသိပ္ပံ) မှာ ဒီဇင်ဘာ ၂၃ ရက်နေ့က ကျင်းပခဲ့တာဖြစ်ပါတယ်။

ပြိုင်ပွဲမှာ အပြေး၊ သံလုံးပစ်၊ အလျားခုန်၊ လက်ဆင့်ကမ်း စတဲ့ ကစားနည်းများစွာပါဝင်နေတဲ့ ပွဲစဉ် (၁၀) ပွဲကို နံနက် (၈) နာရီကနေ ညနေ (၃) နာရီအထိ ကျင်းပခဲ့ပါတယ်။

ဒီပြိုင်ပွဲကို ကလေး ၁၂၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ဆုအရေအတွက် (၅၀) ချီးမြှင့်ပေးခဲ့တယ်လို့ သိရပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top