ထာဝရဝင်ငွေအများဆုံး ဂီတမှတ်တမ်းရုပ်ရှင်ကားစာရင်းမှာ ဒုတိယနေရာရောက်လာတဲ့ Bohemian Rhapsody

bohemian1.0.jpg

ကမ္ဘာကျော် ဂန္တဝင် Queen ဂီတဝိုင်းနဲ့ တီးဝိုင်းအဆိုတော်၊ ဂီတပညာရှင်ကြီး ဖရက်ဒီမာကျူရီ (Freddie Mercury) တို့အကြောင်း ဂီတမှတ်တမ်းရုပ်ရှင်ဖြစ်တဲ့ Bohemian Rhapsody ဇာတ်ကားဟာ လွန်ခဲ့တဲ့သုံးပတ်ကစတင်လို့ တစ်ကမ္ဘာလုံးမှာ တစ်ပြိုင်နက်တည်း ရုံတင်ပြသခဲ့ပါတယ်။

Queen အဖွဲ့ရဲ့ အမာခံပရိသတ်တွေအပြင် ဂီတချစ်သူတွေအကြား ရိုက်ခတ်မှုပြင်းခဲ့တဲ့ ဇာတ်ကားဖြစ်ခဲ့ပြီး ပထမသုံးပတ်အတွင်းမှာပဲ ရုပ်ရှင်ကားရဲ့ ပြည်တွင်းဝင်ငွေအနေနဲ့ ဒေါ်လာ ၁၂၇ သန်း ရရှိခဲ့ပါတယ်။

ဒါဟာ ထာဝရဝင်ငွေအများဆုံး ဂီတမှတ်တမ်းရုပ်ရှင်ကားများစာရင်းမှာ ပထမနေရာရပ်တည်နေခဲ့တဲ့ ၂၀၁၅ ခုနှစ်က ပြည်တွင်းဝင်ငွေ ဒေါ်လာ ၁၆၇ သန်းရရှိခဲ့တဲ့ ဟစ်ဟော့ပ်ဂီတမှတ်တမ်းရုပ်ရှင် Straight Outta Compton ရဲ့နောက် ဒုတိယနေရာအထိ Bohemian Rhapsody ရုပ်ရှင်ကို တက်လှမ်းလာစေခဲ့ပါတယ်။ မူလက ဒုတိယနေရာမှာရှိနေခဲ့ပြီး ပြည်တွင်းဝင်ငွေ ဒေါ်လာ ၁၁၉ သန်းရရှိခဲ့တဲ့ ဂီတပညာရှင်ကြီး ဂျွန်နီကတ်ရှ် (Johnny Cash) အကြောင်း မှတ်တမ်းရုပ်ရှင် Walk the line ကတော့ သည်စာရင်းမှာ တတိယနေရာကို ဆင်းသက်ပေးခဲ့ရပါတယ်။

Bohemian Rhapsody ကားကို ရုပ်ရှင်ဘတ်ဂျက် ဒေါ်လာ ၅၂ သန်း အကုန်အကျခံကာရိုက်ကူးထားပြီး ဖရက်ဒီမာကျူရီရဲ့ ကမ္ဘာ့အနှံ့က အစစ်အမှန် ပရိသတ်တွေဟာ တစ်ခဲနက်ကို အားပေးကြည့်ရှူခဲ့ကြပါတယ်။ ဒါ့ကြောင့် ရုပ်ရှင်ကားဟာ ပြည်ပဝင်ငွေ ၂၅၆ သန်းအထိ ရရှိထားပြီး ဒါဟာ ပြည်ပဝင်ငွေအကျိုးအမြတ်စုစုပေါင်းရဲ့ ၆၆ ရာခိုင်နှုန်းသာရှိပါသေးတယ်။ Bohemian Rhapsody ဇာတ်ကားဟာ လက်ရှိအချိန်မှာ ပြည်တွင်းပြည်ပ ဝင်ငွေစုစုပေါင်း ၃၈၃ သန်း အထိရရှိနေလို့ ဝင်ငွေအကျိုးအမြတ်အရ အောင်မြင်ခဲ့သလို အရေးအကြီးဆုံးအနုပညာဖန်တီးမှုအပိုင်းမှာပါ သက်ဝင်လှုပ်ခတ်အောင် ဖန်တီးနိုင်ခဲ့တာကြောင့် Queen ရဲ့ ပရိတ်သတ်တွေ စိတ်ကြိုက်တွေ့ခဲ့တာပြီး သမိုင်းမှာ မှတ်ကျောက်အတင်ခံနိုင်မလားတော့ ဆက်လက် စောင့်ကြည်ချင်စရာဇာတ်ကားပါပဲ။

Ref: Rollingstone.com ” Queen Film ‘Bohemian Rhapsody’ Becomes Second-Highest Grossing Music Biopic of All Time ”

AI (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top