၁၃ နှစ်အရွယ် ကျောင်းသူက ဂိမ်းတွေ ဝယ်ဆော့ပြီး မိဘနှစ်ပါးနှစ်ရှည်စုဆောင်းထားတဲ့ငွေကို ၄ လအတွင်း ဖြုန်းတီးပစ်ခဲ့

7.6.2023-yyl-1.jpg

တရုတ်နိုင်ငံမှာ ၁၃ နှစ်အရွယ် မိန်းကလေးငယ်က ဂိမ်းတွေ ဝယ်ဆော့ရင်း မိဘနှစ်ပါး အနှစ်နှစ်အလလ စုလာတဲ့ ပိုက်ဆံတွေကို ၄ လအတွင်း တပြားမကျန် ဖြုန်းတီးပစ်ခဲ့ပါတယ်။ တရုတ်နိုင်ငံ ဟီနန်ပြည်နယ်မှာ နေထိုင်တဲ့ ကျောင်းသူလေးဟာ ဂိမ်း စွဲလမ်းနေသူဖြစ်ပြီး သူ့အမေရဲ့ ဘဏ်အကောင့်ထဲကနေ ဂိမ်းတွေ ဝယ်ဆော့တာ၊ ဂိမ်းထဲမှာ ပစ္စည်းတွေ ဝယ်တာမျိုး လုပ်ခဲ့ပါတယ်။ ဒါပေမဲ့ သူဟာ ဖုန်းထဲက ငွေစာရင်းမှတ်တမ်းတွေကို ဖျက်ပစ်ပြီး သူ့အမေ မသိအောင် ဖုံးကွယ်ခဲ့တာပါ။

ဒီအကြောင်း သိတဲ့ သူ့အတန်းဖော်တွေက ‘ ငါတို့ကို ဂိမ်း မဝယ်ပေးရင် နင့် မိဘတွေကို တိုင်ပြောမယ်’ လို့ ခြိမ်းခြောက်တာကြောင့် သူက ဂိမ်း ဝယ်ပေးခဲ့ရပါတယ်။ သူ့အတွက် ဂိမ်း ဝယ်ယူရာကနေ ယွမ် ၃၃၀၀၀၀ သုံးစွဲခဲ့ပြီး အတန်းဖော်တွေကို ယွမ် ၁၀၀၀၀၀ ဖိုး ဂိမ်းဝယ်ပေးခဲ့ရတာပါ။ ကျောင်းသူလေး ဂိမ်းစွဲနေတဲ့အကြောင်းကို သူ့ဆရာက မိဘတွေထံ လာပြောမှပဲ မိဘတွေက သိခဲ့ကြတာပါ။

သူတို့သမီး ဂိမ်းတွေ ဝယ်ဆော့တယ်ဆိုတာကို မသင်္ကာလို့ ဘဏ်အကောင့်ကို စစ်ဆေးကြည့်တော့မှ ယွမ် ၄၄၉၅၀၀ ( အမေရိကန်ဒေါ်လာ ၆၃၀၀၀) ထည့်ထားတဲ့ ဘဏ်အကောင့်ထဲမှာ ဝ.၅ ယွမ်ပဲ ကျန်တော့တာကို အံ့အားသင့်ဖွယ် တွေ့ရှိခဲ့တာပါ။ သူ့သမီး အရေးပေါ်ကိစ္စ ကြုံရင် သုံးလို့ရအောင် ဘဏ်အကောင့် PIN နံပါတ် ပေးထားတာဖြစ်ပြီး သူ့သမီးက အခုလို ဖြုန်းပစ်ခဲ့မယ်လို့ မတွေးခဲ့ဖူးကြောင်း မိခင်က ဆိုပါတယ်။ ဒါပေမဲ့ ဘဏ်အကောင့် PIN နံပါတ် ပေးမိခဲ့တဲ့ သူ့လုပ်ရပ်ကလည်း မှားခဲ့တယ်လို့ မိခင်က ဝန်ခံခဲ့ပါတယ်။

Ref: 13-Year-Old Spends $63,000 of Family’s Savings on Mobile Games

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top