ကောင်းကင်ဘုံရောက် လမ်းမကြီး

6.6.2023-yyl-26.jpg

ဒီပုံကတော့ အမှတ် ၈၀ ပြည်နယ်ချင်းဆက် လမ်းမကြီး ( I-80)ရဲ့ လမ်းပိုင်းတစ်နေရာ ဖြစ်ပါတယ်။ ဝိုင်အိုမင်းပြည်နယ်မှာရှိတဲ့ အီဗန်စတန်နဲ့ လိုင်မန်းမြို့ကြား လမ်းပိုင်းပါ။ ပုံမှာ မြင်ရတဲ့ အနေအထားအရ ကောင်းကင်ပေါ် ထိုးတက်သွားသယောင် ဖြစ်နေတာကြောင့် ” ကောင်းကင်ဘုံရောက် လမ်းမကြီး” လို့ တင်စားကြပါတယ်။

ပြီးခဲ့တဲ့နှစ်ပိုင်းအတွင်း အွန်လိုင်းပေါ် ပျံ့နှံ့ခဲ့တဲ့ ဒီဓာတ်ပုံကို တချို့ကလည်း အတုအယောင် ဖန်တီးထားတာလို့ ယူဆကြပါတယ်။ ဒီလမ်းပိုင်းနဲ့ ရင်းနှီးသူတချို့ကတော့ ဒီပုံဟာ ဖန်တီးယူထားတာ မဟုတ်ဘူး၊ တကယ့်အစစ်အမှန်လို့ ဆိုကြပါတယ်။ ရာသီဥတု ကြည်လင်သာယာတဲ့ နေ့မျိုးမှာ ဒီလိုမြင်ကွင်းမျိုး မြင်ရမှာမဟုတ်ပေမဲ့ တိမ်ညိုတွေ ထူထပ်ပြီး နေသာနေတဲ့ အချိန်မျိုးဆိုရင် ဒီမြင်ကွင်းအတိုင်း အမှန်တကယ် မြင်ရတယ်လို့ ဝိုင်အိုမင်းပြည်နယ် ပို့ဆောင်ရေးဌာန ပြည်သူ့ဆက်ဆံရေးအရာရှိ စတီဖန်နီဟာရှာက ပြောပါတယ်။

Ref: Wyoming’s ‘Highway To Heaven’ Not A Hoax

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top