ဘတ် ၁၀၀၀ ရဖို့ အရက်ပုလင်းတစ်ဝက်သောက်ပြီးနောက်ဆေးရုံတင်လိုက်ရတဲ့ အသက် ၁၃ နှစ်သမီးလေး

12.6.2024-yyl-1.jpg

အသက် ၁၃ နှစ်အရွယ် ထိုင်းမိန်းကလေးတစ်ဦးဟာ ဘတ်ငွေ ၁၀၀၀ ရဖို့အတွက် အရက်သောက်ပြီးနောက် ဆေးရုံတင်လိုက်ရပါတယ်။ A လို့ပဲ သိကြတဲ့ အဲ့ဒီကောင်မလေးက နခွန် ရတ်ချစီမာမြို့ရှိ ဘုန်းကြီးကျောင်းတစ်ခုမှာ ပဉ္ဇင်းခံပွဲတစ်ခုကို တက်ရောက်ခဲ့တာပါ။

A နဲ့ သူ့သူငယ်ချင်းကောင်လေးတို့ကို ထိုင်းအမျိုးသားတစ်ဦးက အရက်ပုလင်းတစ်ဝက်သောက်နိုင်ရင် ဘတ်ငွေ ၁၀၀၀ ပေးမယ်ဆိုတဲ့ စိန်ခေါ်မှုတစ်ခုလုပ်ခဲ့တာပါ။ A ရဲ့သူငယ်ချင်းကလည်း ဒီစိန်ခေါ်မှုအပြီးမှာ မူးသွားခဲ့ပြီး A ကတော့ ချက်ချင်း သတိလစ်သွားကာ ဆေးရုံကို အမြန်ပို့ဆောင်ခဲ့ရပါတယ်။

မနေ့က ထိုင်းမီဒီယာတွေရဲ့ဖော်ပြချက်အရ A ဟာ Maharat Nakhon Ratchasima Hospital ရှိ အထူးကြပ်မတ်ကုသဆောင်မှာ စိုးရိမ်ရတဲ့အခြေအနေမှာ ရှိနေတယ်လို့ သိရပါတယ်။ A ရဲ့အဘွားဖြစ်သူ အသက် ၇၂ နှစ်အရွယ် Aui က အဲ့ဒီထိုင်းအမျိုးသားကို စွဲချက်တင်ထားပါတယ်။

A နဲ့သူ့သူငယ်ချင်းတွေဟာ သူတို့အိမ်နားက ဘုန်းကြီးကျောင်းမှာ ဘုန်းကြီးတွေကျဲတဲ့ ပိုက်ဆံတွေကောက်ဖို့ ပဉ္ဇင်းခံပွဲတွေ တက်လေ့ရှိတယ်လို့ သိရပါတယ်။ A က မိသားစုဝင် ၁၃ ယောက်နဲ့အတူ တစ်ထပ်တိုက်အိမ်လေးမှာ နေထိုင်ပြီး မိသားစုဝင်တချို့က ကလေးငယ်တွေ၊ အသက်ကြီးပိုင်းတွေ၊ မသန်စွမ်းတဲ့သူတွေပါ။ သူတို့နေထိုင်စရိတ်အတွက် အပိုငွေလိုအပ်ခဲ့တယ်လို့ ဆိုပါတယ်။

A ရဲ့ဆွေမျိုးတစ်ယောက်က အခင်းဖြစ်ပွားတဲ့ဗီဒီယိုဖိုင်ကို ရယူနိုင်ခဲ့ပြီး သက်သေအဖြစ် ရဲစခန်းကို လွှဲပြောင်းပေးအပ်ထားပါတယ်။

Ref: 13-Year-Old Thai Girl In ICU After Finishing Half A Bottle Of Alcohol For S$37

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top