ရှေးဟောင်းအီဂျစ်ဆိပ်ကမ်းမှာ နှစ် ၂၀၀၀ သက်တမ်းရှိတဲ့ ဗုဒ္ဓရုပ်ပွားတော်တစ်ဆူ တွေ့ရှိ

9.5.2023-yyl-15.jpg

အီဂျစ်နိုင်ငံရဲ့ ရှေးဟောင်းဆိပ်ကမ်းကို တူးဖော်ရင်း နှစ် ၂၀၀၀ သက်တမ်းရှိတဲ့ ဗုဒ္ဓရုပ်ပွားတော်တစ်ဆူ တွေ့ရှိခဲ့ပါတယ်။ ဉာဏ်တော်အမြင့် ၂၈ လက်မရှိတဲ့ ဂေါတမဗုဒ္ဓရုပ်ပွားတော်ပါ။ ဒါဟာ ရိုမန်ခေတ်ကတည်းက အိန္ဒိယသမုဒ္ဒရာကို ဖြတ်သန်းပြီး ပင်လယ်ရေကြောင်း ကုန်သွယ်ရေးထွန်းကားနေပြီဆိုတဲ့ အထောက်အထား တွေ့ရှိမှုပါပဲ။

ပိုလန်- အမေရိကန် ရှေးဟောင်းယဉ်ကျေးမှုစီမံကိန်းအရ အီဂျစ်နိုင်ငံ ဘီရီနိစ်ဆိပ်ကမ်းမှာ တူးဖော်ခဲ့တာပါ။ အခုတွေ့ရှိမှုဟာ သမိုင်းကာလ အစောပိုင်းကတည်းက အိန္ဒိယနဲ့ ကမ်းလွန်ဘက်ကျွန်းတွေမှ ကုန်တင်သင်္ဘောတွေဟာ ကျောက်မျက်ရတနာတွေ၊ ဟင်းခတ်အမွှေးအကြိုင်တွေ တင်ဆောင်ကာ အိန္ဒိယသမုဒ္ဒရာကို ဖြတ်သန်းနေခဲ့ကြတာဆိုတဲ့ အထောက်အထား ဖြစ်ပါတယ်။

အိန္ဒိယသမုဒ္ဒရာကို ဖြတ်သန်းသွားလာကြတဲ့ ရေကြောင်းခရီးဟာ လွန်ခဲ့တဲ့ နှစ်ထောင်ချီကတည်းက ပေါ်ပေါက်ခဲ့တာဖြစ်ပြီး ရေကြောင်းပိုးလမ်းမလို့ လူသိများကြပါတယ်။

ပြီးခဲ့တဲ့နှစ်က လေ့လာဆန်းစစ်မှုတွေအရ (မျက်မှောက်ခေတ် ဥဇဘက်ကစ္စတန်နိုင်ငံ)ရဲ့ လှည့်လည်နေထိုင်သူ မျိုးနွယ်စုငယ်တွေဟာ ရှေးခေတ်မြေထဲပင်လယ်ဒေသရဲ့ ဘဏ္ဍာရေးကို အဓိကထောက်တိုင်ပြုထားတဲ့ ကြေးပြားတွေ ထုတ်လုပ်ဖို့ လိုအပ်တဲ့ သံဖြူ ၃ ပုံ၊ ၁ ပုံလောက်ကို ပံ့ပိုးပေးခဲ့ကြောင်း တွေ့ရပါတယ်။ ဥဇဘက်ကစ္စတန်နိုင်ငံက သံဖြူတွေကို မြေထဲပင်လယ်ဒေသဆီ ကူးသန်းရောင်းဝယ်မှုဟာ ဒေသပေါင်းစုံ၊ လူမျိုးပေါင်းစုံ ပါဝင်တဲ့ ကုန်သွယ်ရေးကွန်ရက်ကြီးတစ်ခု ရှိခဲ့ဖူးတယ်ဆိုတဲ့ သက်သေအထောက်အထားပါပဲ။

Ref: 2,000-yo Buddha Statue Turns Up at Ancient Egyptian Port—What Was it Doing There?

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top