သဘာဝပစ္စည်းတွေပဲ သုံးထားကြောင်း သက်သေပြဖို့ သူ့ကုမ္ပဏီထုတ် ဆပ်ပြာတုံးကို ကုမ္ပဏီပိုင်ရှင်က ကိုက်စားပြ

26.9.23-yyl-6.jpg

သဘာဝပစ္စည်းတွေနဲ့ ထုတ်လုပ်ထားကြောင်း သက်သေပြတဲ့အနေနဲ့ ဆပ်ပြာတောင့်ကို ကိုက်စားပြခဲ့တဲ့ တရုတ်ဆပ်ပြာကုမ္ပဏီ ဥက္ကဋ္ဌရဲ့ ဗီဒီယိုကတော့ လူမှုကွန်ရက်မှာ ပျံ့နှံ့နေပါတယ်။ ဟောင်ဝေကုမ္ပဏီဟာ တရုတ်နိုင်ငံရဲ့ နာမည်ကျော် သန့်စင်ခန်းသုံး ပစ္စည်းထုတ်လုပ်ရေးကုမ္ပဏီ ဖြစ်ပြီး ၁၉၅၂ ခုနှစ်ကတည်းက တည်ထောင်ခဲ့တာပါ။

ကုမ္ပဏီအစည်းအဝေးမှာ အဝတ်လျော်ဆပ်ပြာသစ် ထုတ်လုပ်မှုကို ဆွေးနွေးနေရင်း အယ်လ်ကာလီ၊ တိရစ္ဆာန်အဆီ၊ နို့ အစရှိတဲ့ သဘာဝပစ္စည်းတွေပဲ သုံးထားတာကြောင့် ဘေးဥပဒ်မဖြစ်စေနိုင်ကြောင်း သက်သေပြတဲ့အနေနဲ့ ကုမ္ပဏီဥက္ကဋ္ဌက ဆပ်ပြာတုံးကို ကိုက်စားပြခဲ့တာပါ။ အဲဒီရုပ်သံမှတ်တမ်းက လူမှုကွန်ရက်မှာ ပျံ့နှံ့သွားခဲ့ပြီး လူအများစုက သူ့ကို လှောင်ပြောင်ခဲ့ကြပါတယ်။

ကပ်ဘေးအန္တရာယ်တွေ ကြုံရတဲ့အခါ အစာရေစာ မပြတ်လပ်အောင် အဲဒီဆပ်ပြာတုံးတွေ များများဝယ်ထားသင့်တယ်လို့ သရော်ခဲ့ကြတာပါ။ တချို့တွေကတော့ သဘာဝပစ္စည်းတွေနဲ့ပဲ လုပ်ထားသည်ဖြစ်စေ၊ ဆပ်ပြာက စားစရာမဟုတ်ဘူးလို့ တုံ့ပြန်ခဲ့ကြပါတယ်။

Ref: Soap Company Boss Eats His Own Product to Prove That It’s All-Natural

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top