နားမကြားသူတွေအတွက် Mask တွေ ဖန်တီးချုပ်လုပ်ပေးခဲ့တဲ့ အသက် ၂၁ နှစ် ကျောင်းသူလေး

8-4-2020-yyl-015.jpg

လက်ရှိကမ္ဘာတစ်ဝှမ်းလုံးမှာ COVID-19 ဖြစ်ပွားနေတဲ့အတွက် မရှိမဖြစ်အရေးပါတဲ့ဆေးဘက်ဆိုင်ရာပစ္စည်းတွေ တော်တော်လေး ပြတ်လပ်နေကြရပါတယ်။ Maskတွေ ပြတ်လပ်နေတာကြောင့် ကိုယ်ဘာသာ ဖန်တီးဖို့ လူတွေက ကြိုးစားခဲ့ကြပါတယ်။ ဒါပေမဲ့ တက္ကသိုလ်ကျောင်းသူလေး အက်ရှလေ လောရင့် (Ashley Lawrence) ဟာ နားမကြားသူတွေနဲ့ အကြားအာရုံခက်ခဲနေတဲ့သူတွေအတွက် ဘယ်သူမှ mask လုပ်မပေးကြတာကို သတိပြုမိခဲ့ပါတယ်။ ဒါကြောင့် အက်ရှလေက လိုအပ်နေတဲ့ အဲဒီလိုလူတွေအတွက် mask တွေ ချုပ်လုပ်ပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

လက်ရှိမှာ သီးခြားနေထိုင်နေတဲ့အက်ရှလေဟာ Eastern Kentucky University မှာ နားမကြားပညာရေးကို သင်ယူနေတာပါ။ သူက နားမကြားတဲ့သူတွေအတွက် သင့်တော်တဲ့ Mask တွေက အရမ်းကန့်သတ်ချက်တွေရှိတာကို သိရှိပြီးနောက် ပရောဂျက်အသစ်တစ်ခုလုပ်ဖို့ အကြံဉာဏ်ရခဲ့ပါတယ်။ “လူတွေက mask တွေကို ကိုယ်တိုင်ဖန်တီးချုပ်လုပ်နေကြတာကို ကျွန်မ မြင်တွေ့ခဲ့ရပါတယ်။ နားမကြားသူတွေနဲ့ အကြားအာရုံခက်ခဲတဲ့သူတွေအတွက်ကရောလို့ ကျွန်မ တွေးမိခဲ့ပါတယ်” လို့အက်ရှလေက ပြောပါတယ်။

အက်ရှလေက သူ့ရဲ့မိခင်ကို အကူအညီတောင်းပြီး ပါးစပ်နေရာမှာ ပလတ်စတစ်ပြားပါတဲ့ mask ကို စတင်ချုပ်လုပ်ခဲ့ကြပါတယ်။ လက်အမူအရာနဲ့ ပါးစပ်အမူအရာတွေကို ကြည့်ပြီး နားလည်ရတဲ့၊ ပြောရတဲ့လူတွေအတွက် လူတစ်ယောက်ရဲ့ပါးစပ်ကို မြင်ရဖို့က အရေးကြီးပါတယ်။ ဒါကြောင့် ပါးစပ်မြင်ရအောင် သူတို့အတွက် အခုလိုဖန်တီးပေးခဲ့တာဖြစ်ပါတယ်။

အက်ရှလေက သူ့ရဲ့ဖန်တီးမှုကို ဖေ့စ်ဘွတ်ခ်ပေါ်မှာ တင်ခဲ့ပြီး မကြာခင်မှာပဲ အဲဒီလို mask အမျိုးအစားမျိုးကို တောင်းဆိုမှုများလာခဲ့ပါတယ်။ သူ့ရဲ့ပို့စ်က မီဒီယာတွေရဲ့ အာရုံစိုက်မှုကို ရရှိခဲ့ပြီး အမေရိကန်တစ်ဝိုက်က လူတွေက အော်ဒါမှာခဲ့ကြပါတယ်။ အခုဆိုရင် သူက Mask တွေ အများကြီးပြုလုပ်နေရပြီး လူတွေအတွက် အခမဲ့ ပို့ဆောင်ပေးနေပါတယ်။ ဒါပေမဲ့ တောင်းဆိုမှုများလာတဲ့အတွက် လုပ်နည်းပုံစံတွေနဲ့ tutorial တွေကို ပေးဖို့ စီစဉ်နေပါတယ်။ ဒါမှ သူတို့ကိုယ်တိုင် လုပ်နိုင်မှာဖြစ်ပါတယ်။ အဲဒီလို mask အမျိုးအစားတွေ ဆက်လက်လုပ်နိုင်ဖို့အတွက် လိုအပ်တဲ့ပစ္စည်းတွေရအောင် လူတွေကူညီပေးဖို့ GoFundMe Campaign ကိုလည်း ဖန်တီးခဲ့ပါတယ်။

Ref: 21 Y.O. Student Makes Face Masks For The Deaf And Hard Of Hearing

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top