ကော်ဖီသောက်သုံးခြင်းကနေ ရပ်တန့်လိုက်လို့ဖြစ်လာတဲ့ ဆိုးကျိုးတွေကို လျော့ချနည်းတွေ

8-4-2020-yyl-010.jpg

ကော်ဖီသောက်သုံးတာကနေ ကျွန်တော်တို့ ရပ်တန့်ပစ်လိုက်တဲ့အခါမှာ ကျွန်တော်တို့ခန္ဓာကိုယ်မှာ ပြောင်းလဲမှုတွေဖြစ်လာပါတယ်။ ကိုယ်အလေးချိန်တက်လာတာ၊ ကတုန်ကယင်ဖြစ်တာ၊ အာရုံစိုက်ရခက်ခဲတာ၊ ခေါင်းကိုက်တာ၊ အားအင်ကုန်ခန်းတာတွေစတဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်ပါတယ်။ ဒီလိုတွေမခံစားရအောင် ကာကွယ်လို့ရတဲ့၊ လျော့ချလို့ရတဲ့ နည်းတွေရှိပါတယ်။ အဲဒီနည်းတွေကို သိရှိရစေဖို့ မျှဝေပေးလိုက်ရပါတယ်။

ကဖင်းဓာတ်ပမာဏကို ဖြည်းဖြည်းချင်း လျော့ချပါ

ကော်ဖီသောက်သုံးမှုကို ရပ်ပစ်လိုက်တော့မယ်လို့ ဆုံးဖြတ်ထားရင် သင် လုပ်သင့်တဲ့အကောင်းဆုံးအရာက ချက်ချင်း မရပ်ပစ်ဘဲ သောက်သုံးမှုပမာဏကို လျော့ချလိုက်ပါ။ သင်ကတစ်နေ့ကို (၃) ခွက်သောက်တယ်ဆိုရင် တစ်နေ့ကို တစ်ခွက်သောက်တာပဲဖြစ်ဖြစ်၊ တစ်ပတ်ကို (၂) ခွက်သောက်တာပဲဖြစ်ဖြစ် လုပ်ကြည့်ပါ။ အဲဒီနောက်မှာ မနက်ခင်းကော်ဖီ (၁) ခွက်သောက်တဲ့အထိ သောက်သုံးမှုပမာဏကို လျော့ချနိုင်ပါတယ်။ နောက်ပိုင်းမှာ တဖြည်းဖြည်းချင်းနဲ့ ကော်ဖီမသောက်ဘဲနေနိုင်သွားပါလိမ့်မယ်။ ကော်ဖီချက်ချင်းဖြတ်လိုက်လို့ဖြစ်လာတဲ့ ဘေးထွက်ဆိုးကျိုးတွေကိုလည်းမဖြစ်အောင် လျော့ချပေးနိုင်ပါတယ်။

ရေဓာတ်ပြည့်ဝအောင်နေပြီး ရေနွေးကြမ်းသောက်ပေးပါ

သင်က ကော်ဖီသောက်သုံးနေတာကနေ ရပ်တန့်နေတဲ့သူဆိုရင် ရေဓာတ်ပြည့်ဝနေဖို့က မဖြစ်မနေလုပ်ဆောင်ရမယ့်အရာပါပဲ။ တစ်နာရီတစ်ခါတိုင်း ရေတစ်ခွက်သောက်ပေးသင့်ပါတယ်။ မနက်ခင်း ကော်ဖီသောက်သုံးတဲ့အကျင့်ကို ဖျောက်ဖျက်ချင်ရင် သင့်ကြိုက်နှစ်သက်ရာ ရေနွေးကြမ်းနဲ့ အစားထိုး သောက်သုံးပေးပါ။ ကော်ဖီသောက်သုံးတာကနေ ရပ်တန့်လိုက်လို့ဖြစ်လာတဲ့အရာတွေကို သက်သာသွားစေနိုင်မှာဖြစ်ပါတယ်။

ကိုယ်လက်လှုပ်ရှားမှုလုပ်ပြီး ကောင်းကောင်းအနားယူပါ

ကော်ဖီသောက်သုံးတာကနေ ရပ်တန့်လိုက်လို့ဖြစ်လာတဲ့ စိတ်ဖိစီးမှုနဲ့ အားအင်ကုန်ခန်းခြင်းကို သက်သာသွားစေချင်ရင် လုပ်သင့်တာက ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်းတွေ လုပ်ပေးသင့်ပါတယ်။ ဒါက သွေးလည်ပတ်မှုကို ကောင်းစေပြီး အားအင်တွေ တိုးလာအောင်စွမ်းဆောင်ပေးနိုင်ပါတယ်။ တက်တက်ကြွကြွနေတာကလည်း ကော်ဖီတောင်းတမှုကို အလွယ်တကူ လျော့ချပေးနိုင်ပါလိမ့်မယ်။

စားသုံးမှုပုံစံကို ပြောင်းလဲပါ

ကော်ဖီသောက်သုံးမှုကနေ ရပ်တန့်ပစ်ဖို့ကြိုးစားနေတယ်ဆိုရင် အမျှင်ဓာတ်ကြွယ်ဝတဲ့အစားအစာတွေကို စားသုံးတာလို တစ်နေ့တာအစားအစာကို ပြောင်းကြည့်ပါ။ အသီးနဲ့ ဟင်းသီးဟင်းရွက် များများစားပေးပါ။ အဲဒီအစားအစာတွေက သဘာဝအလျောက် အမျှင်ဓာတ်များစွာပါဝင်တဲ့ အတွက်ကြောင့်ပါ။ အမျှင်ဓာတ်ပမာဏတိုးလာတာက ကော်ဖီဖြတ်လိုက်တဲ့အတွက် ဖြစ်လာတဲ့ အားအင်ကုန်ခန်းမှုတွေကို တိုးလာစေပါတယ်။ အသီးနဲ့ဟင်းသီးဟင်းရွက်များများစားပေးတာက အခြားကျန်းမာရေးအကျိုးကျေးဇူးတွေကို ရနိုင်ပါတယ်။ အမျှင်ဓာတ်ပါဝင်တဲ့၊ အာဟာရဓာတ်များစွာပါဝင်တဲ့ အစားအစာတွေကို စားသုံးပေးတာက ကော်ဖီဖြတ်ခြင်းကြောင့် ဖြစ်လာတဲ့ဘေးထွက်ဆိုးကျိုးတွေကို သက်သာသွားအောင် ကူညီပေးနိုင်ပါတယ်။

Ref: How can we reduce the effects of quitting coffee?

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top