ထိပ်ပြောင်တဲ့ အမျိုးသားတွေက သာမန်အမျိုးသားတွေထက် ပိုပြီးဥာဏ်ကောင်း

jjjj123.jpg

ထိပ်ပြောင်တဲ့ အမျိုးသားတွေက ဥာဏ်ပိုကောင်းတယ်ဆိုတာ သိပ္ပံနည်းကျ သုတေသနပြုထားတဲ့ အချက်အလက်တွေအရ ဖြစ်ပြီး တိုက်ဆိုင်မှုသက်သက် မဟုတ်ပါဘူး။

အဲလ်ဘတ်အီမန်း ဦးဆောင်တဲ့ သုံးသပ်လေ့လာမှုတွေအရ သင်တန်းသား ၅၉ ယောက်ကို အမျိုးသားတွေရဲ့ ဆံပင်ပါတဲ့ပုံတွေနဲ့ ဒီဂျစ်တယ်နည်းကို သုံးပြီး ထိပ်ပြောင်အောင်ဖန်တီးထားတဲ့ ပုံတွေကို ယှဉ်ပြီး ပြသခဲ့တဲ့အခါ အဲဒီအမျိုးသားတွေကို ထိပ်ပြောင်နေတဲ့ပုံစံနဲ့ မြင်ရခြင်းက ဆံပင်ရှိနေတာထက် ပိုပြီးယုံကြည်ရသူ၊ ဩဇာကြီးမားသူ၊ ယောက်ျားဆန်တဲ့ အသွင်သဏ္ဍာန်ရှိသူလို့ ယူဆကြတာကို တွေ့ရပါတယ်။

တကယ်တော့သူတို့ကို ထိပ်ပြောင်အောင် ဖန်တီးလိုက်တာက သူတို့ရဲ့အရပ်ကို လက်မအနည်းငယ်လောက် မြင့်သွားသလို ခံစားရစေပါတယ်။

တစ်နည်းအားဖြင့် လုံးဝအပြောင် မဟုတ်တဲ့ ဦးခေါင်းဟာ ဆွဲဆောင်မှုလျော့နည်းပြီး အဆီးအတားတစ်ခု၊ အားနည်းချက်တစ်ခု ဖြစ်တယ် လို့ ဆိုပါတယ်။ လေ့လာချက်တွေအရ ထိပ်ပြောင်ခြင်းဟာ လွှမ်းမိုးချုပ်ကိုင်မှုရဲ့ သင်္ကေတဖြစ်ပြီး ပုဂ္ဂိုလ်တစ်ဦး ဘယ်လောက်အောင်မြင်တယ်ဆိုတဲ့ အညွှန်းကိန်းအဖြစ် လူသိများတဲ့အချက်ဖြစ်တယ်လို့ သုတေသနတွေက ထုတ်ဖော်ပြောပြထားပါတယ်။

 

Ref : The Independent ” Bald men are more intelligent and masculine”

Cj (ရိုးရာလေး)

www.yoyarlay.com

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply