ပြင်သစ်နိုင်ငံအတွင်း မျက်နှာဖုံးဝတ် ဆန္ဒပြသူ ၂၀၀ ကျော် ဖမ်းခံရ

labour-day-paris_650x400_71525243309.jpg

ပြင်သစ်နိုင်ငံ ပဲရစ်မြို့ရဲတွေဟာ မေလ ၁ရက်နေ့မှာ ကျရောက်တဲ့ အလုပ်သမားနေ့ နှစ်စဉ်ဆန္ဒပြပွဲအတွင်း ကားတွေနဲ့ ဈေးဆိုင်တံခါးတွေကို ဖျက်ဆီးခဲ့တဲ့ မျက်နှာဖုံးစွပ်ဆန္ဒပြသူ ၂၀၀ ကျော်ကိုဖမ်းဆီးခဲ့ကာ လက်ရှိမှာ ၁၀၉ ဦးကို ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။

Black Blocs အဖွဲ့လို့ လူသိများတဲ့ လက်ယာစွန်း အဖွဲ့တစ်ဖွဲ့ဟာ ပြင်သစ်သမ္မတ မက်ခရွန်ရဲ့ အလုပ်သမား ဥပဒေ ပြင်ဆင်ပြောင်းလဲမှုအပေါ် နှစ်သက်မှုမရှိတာကြောင့် ဆန္ဒပြနေသူတွေကို တိုက်ခိုက်မှုတွေ လုပ်ခဲ့တယ်လို့ သိရပါတယ်။

ပြင်သစ်ရဲတွေက ပြင်သစ်အလုပ်သမား အစည်းရုံးကနှစ်စဉ် ပြုလုပ်တဲ့ ဆန္ဒပြပွဲကို မျက်နှာဖုံးနဲ့ ခေါင်းစွပ်ဝတ်ထားတဲ့ ဆန္ဒပြသူ ၁၂၀၀ ကျော် လာရောက်ခဲ့တယ်လို့ ပြောပါတယ်။ ဆန္ဒပြပွဲတွေကို ဖြိုခွင်းချိန်အတွင်း ရဲအရာရှိတစ်ဦးအပါဝင် လူ ၄ ဦး ဒဏ်ရာရရှိခဲ့ပြီး ဆန္ဒပြသူတွေကို ဖြိုခွင်းနိုင်ဖို့ မျက်ရည်ယိုဗုံးနဲ့ မီးသတ်ပိုက်တွေ အသုံးပြုခဲ့ရတယ်လို့ သိရပါတယ်။ အနက်ရောင် မျက်နှာဖုံးဝတ်ထားတဲ့ ဆန္ဒပြသူတွေဟာ Austerlitz ဘူတာရုံအနီးရှိ လမ်းတစ်လျှောက်က ဆိုင်တံခါးတွေကို မီးရှို့ ဖျက်ဆီးမှုတွေ မလုပ်ခင် ဆန္ဒပြဖို့ ကြိုးပမ်းခဲ့တယ်လို့ သိရပါတယ်။

အနက်ရောင် မျက်နှာဖုံးဝတ်ထားတဲ့ ဆန္ဒပြသူတွေဟာ နံရံတွေမှာ ပန်းချီစာသား ရေးသားမှုတွေ လုပ်ခဲ့တဲ့အပြင် ကားတွေကိုလည်း မီးရှို့ဖို့စီစဉ်ခဲ့တယ်လို့ သိရပါတယ်။ အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဘင်ဂျာမင်ဂရီဗက်က ဆန္ဒပြသူတွေဟာ မျက်နှာတွေကို ဖုံးအုပ်ထားမှုအပေါ် ဝေဖန်မှုတွေ လုပ်ခဲ့ပါတယ်။ ဆန္ဒပြသူတွေဟာ မျက်နှာတွေကို ဖုံးအုပ်မှု မရှိဘဲ ဆန္ဒပြသင့်ပြီး မျက်နှာဖုံးတွေ ဝတ်ဆင်ဆန္ဒပြတာဟာ ဒီမိုကရေစီကို ဆန်ကျင့်သူဖြစ်တယ်လို့ အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောခဲ့ပါတယ်။

ပြင်သစ်သမ္မတ မက်ခရွန်ရဲ့ ပြုပြင်ပြောင်းလဲမှုတွေအပေါ် အလုပ်သမား အစည်းရုံးက နှစ်သက်ကျေနပ်မှု မရှိတဲ့ကိစ္စ ပျံနှံခဲ့ပြီးနောက် ပြင်သစ်မီးရထား အလုပ်သမားတွေက နိုင်ငံပိုင် မီးရထားလုပ်ငန်း ပြုပြင်ပြောင်းလဲမှုလုပ်တဲ့အပေါ် သုံးလကြာ ဆန္ဒပြမှုတွေ စတင်လုပ်ဆောင်ခဲ့ပါတယ်။ ဒါ့အပြင် ကျောင်းဆရာများ အစည်းအရုံး၊ သူနာပြုတွေနဲ့ အခြား အလုပ်သမားတွေဟာ မီးရထား အလုပ်သမားတွေနဲ့အတူ မတ်လအတွင်း ဆန္ဒပြမှုမှာ ပူးပေါင်းပါဝင်ခဲ့ပါတယ်။ အလုပ်သမား အစည်းရုံးက မေဒေးနေ့က ပြုလုပ်ခဲ့တဲ့ ဆန္ဒထုတ်ဖော်မှုအတွင်း လူပေါင်း ၅၅,၀၀၀ ရှိခဲ့ပြီး ရဲတပ်ဖွဲ့ဝင် ၂၀,၀၀၀ ကျော် ဖြန့်ကြတ်ချထားခဲ့တယ်လို့ ပြောပါတယ်။

Ref: May Day riots: 109 remain in custody in France

Kaung Htet Ngwe (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top