အစာမြန်မြန်စားခြင်းရဲ့ အကျိုးဆက်

yyl-013-5.jpg

ရုံးနောက်ကျလို့ပဲဖြစ်ဖြစ်၊ ကျောင်းနောက်ကျလို့ပဲဖြစ်ဖြစ် ကျွန်တော်တို့ မနက်စာကို မြန်မြန်စားသွားရတဲ့ အခါမျိုးတွေရှိကြပါတယ်။ လုပ်စရာအလုပ်တွေကများပြီး အချိန်မရလို့ အစားအစာကို မြန်မြန်စားရတာတွေလည်းရှိမှာပါ။ အဲဒီအကျင့်မျိုးက သင့်ကျန်းမာရေးကို ထိခိုက်စေနိုင်တယ်ဆိုတာ သင် သိပါသလား။ အစားအစာကို မြန်မြန်စားတာက ဆိုးရွားတဲ့အလေ့အထပါပဲ။ ဒါကြောင့် သင်က အစာမြန်မြန်စားတတ်တဲ့အကျင့်ရှိတယ်ဆိုရင်တော့ ရပ်တန့်ပစ်ဖို့လိုပါတယ်နော်…။

အစာစားတာများလွန်းခြင်း

သင့်ခန္ဓာကိုယ်ကို ဂရုမစိုက်ဘဲ အရမ်းမြန်မြန် စားသောက်လိုက်တဲ့အတွက် သေချောပေါက် အစာကို အရမ်းစားသလို ဖြစ်သွားနိုင်ပါတယ်။ အစာစားတာများလွန်းခြင်းက မလိုလားအပ်ဘဲ ကိုယ်အလေးချိန်တက်တာနဲ့ အခြားကျန်းမာရေးပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။ သင်က အစာကို မြန်မြန်စားလိုက်တဲ့အခါ ဦးနှောက်က ဗိုက်ပြည့်မပြည့်သိလိုက်ဖို့ အချိန်မရတဲ့အတွက် အစာကို ပိုပြီးစားမိသွားစေပြီး ကယ်လိုရီဓာတ်ပိုများသွားရပါတယ်။

အဝလွန်နိုင်ခြေရှိခြင်း

အဝလွန်ခြင်းက အစာမြန်မြန်စားတဲ့သူတွေမှာ အတွေ့များတဲ့ ပြဿနာတစ်ခုပါပဲ။ အဝလွန်တဲ့သူတွေက သူတို့ရဲ့အာသီသ၊ ကျန်းမာရေးနဲ့ ညီညွှတ်စာမစားသုံးတာ၊ ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်းမလုပ်တာတွေကို မကြာခဏဆိုသလို အပြစ်တင်ကြပါတယ်။ သင်က အစာမြန်မြန်စားတတ်တဲ့သူဆိုရင် နှေးသွားအောင် ကြိုးစားကြည့်သင့်ပါတယ်။

အစာခြေမှုအားနည်းခြင်း

အစာမြန်မြန်စားတဲ့သူတွေက အမြဲလိုလို အစားအစာတစ်လုပ်ကို များများစားပြီး သေချာဝါးမစားဘဲနဲ့ မြိုချပစ်ကြပါတယ်။ တစ်ခါတရံ သူတို့က ရေ (သို့) ကာဗွန်ဟိုက်ဒရိုတ်ပါတဲ့အချိုရည်တွေနဲ့ အစားအစာကို မျှောချပစ်ကြပါတယ်။ အဲဒီလိုမျိုးလုပ်တာတွေက ကောင်းကောင်းအစာခြေဖျက်နိုင်မှုကို အဟန့်အတားဖြစ်သွားစေပြီး လေအောင့်တာနဲ့ အစာမကြေတာတွေ ဖြစ်လာနိုင်ပါတယ်။

အင်ဆူလင်တွန်းခံမှုများခြင်း

အစာမြန်မြန်စားခြင်းက သွေးအတွင်းသကြားဓာတ်ကို ရုတ်တရက်မခံသိမခံသာဖြစ်စေပြီး အင်ဆူလင်တွန်းခံမှုများလာနိုင်ပါတယ်။ အင်ဆူလင်တွန်းခံမှုများခြင်းက ဆီးချိုရောဂါလို့ခေါ်တဲ့ သွေးအတွင်းသကြားပမာဏကို မြင့်မားလာစေနိုင်ပါတယ်။

အစာစားတာနှေးသွားအောင် ဘယ်လိုလုပ်မလဲ

– အစားအလွတ်မခံပါနဲ့၊ သင်က မနက်စာ၊ နေ့လည်စာမစားဖြစ်ဘဲ အစာလွတ်သွားတဲ့အခါ အဆက်မပြတ် ဗိုက်ဆာတွေဖြေစ်လာပြီး အစားသောက်မြန်မြန်စားတာ၊ အစာစားတာများလွန်းတာတွေ ဖြစ်လာနိုင်ပါတယ်။

– တီဗီရှေ့၊ ကွန်ပျူတာရှေ့မစားပါနဲ့။ ဖုန်းသုံးရင်းနဲ့ အစာမစားပါနဲ့။ တီဗီရှေ့ထိုင်ပြီးစားတာ၊ ဖုန်းသုံးပြီးစားတာတွေက သင် အစာစားတာကို အနှောင့်ယှက်ဖြစ်စေပြီး သင် ဘယ်လောက်များများစားတာ၊ ဘယ်လိုစားနေတာလည်းဆိုတာ မသိဖြစ်သွားစေနိုင်ပါတယ်။ ထမင်းစားတဲ့အခါ အစားအသောက်ထဲ စိတ်နှစ်ပြီးစားတတ်အောင် လေ့ကျင့်ပေးပါ။

– အစားအစာကို သေချာဝါးစားပေးပါ။ အစာစားရင် မြန်မြန်မစားပါနဲ့။ အစာကို မြိုမချခင်မှာ သေချာဝါးစားပေးပါ။ ဒီလိုစားပေးတာက သင့်ရဲ့အစာခြေစနစ်ကို ကောင်းစေသလို အစာစားတာကိုလည်း နှေးသွားစေပါတယ်။

Ref: Do you eat really fast? Here is what it does to your body

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top