အိန္ဒိယနိုင်ငံသားက ဇနီးကိုခေါင်းဖြတ်၊ ခေါင်းပြတ်ကြီးကိုင်ပြီး တစ်လမ်းဝင်၊ တစ်လမ်းထွက် လျှောက်သွား

india_001.jpg

အိန္ဒိယနိုင်ငံသားက ဇနီးကိုခေါင်းဖြတ်၊ ခေါင်းပြတ်ကြီးကိုင်ပြီး တစ်လမ်းဝင်၊ တစ်လမ်းထွက် လျှောက်သွား

အိန္ဒိယနိုင်ငံအရှေ့တောင်ပိုင်း အန်ဒရာပရာဒက်ရှ်ပြည်နယ်မှာ နေထိုင်တဲ့ အမျိုးသားတစ်ယောက်ဟာ သူ့ဇနီးကို ခေါင်းဖြတ်ပြီး ခေါင်းပြတ်ကြီးကိုင်ရင်း တစ်လမ်းဝင်၊ တစ်လမ်းထွက် လျှောက်သွားခဲ့ပါတယ်။ ပရာဒိခ်ကူမာဟာ ပြီးခဲ့တဲ့တနင်္ဂနွေနေ့က သူတို့နေအိမ်နားမှာ အသက် ၂၃ နှစ်အရွယ် ဇနီးသည် မာနီခရန်တီရဲ့လည်ပင်းကို ဓားနဲ့လှီးခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

အဲဒီနောက်မှာတော့ ပရာဒိခ်ကူမာက လက်တစ်ဖက်မှာ ဓားကိုင်၊ လက်တစ်ဖက်မှာ ခေါင်းပြတ်ကြီးကိုင်ပြီး လျှောက်သွားခဲ့ပါတယ်။ သျှရီနာဂါနယ်မြေမှာ တပ်ထားတဲ့ စောင့်ကြည့်ကင်မရာတွေအရ ပရာဒိခ်ကူမာကို မြင်တွေ့သူတွေက ကြောက်လန့်တကြား
ထွက်ပြေးခဲ့တာ တွေ့ရပါတယ်။ အဲဒီနောက်မှာတော့ ပရာဒိခ်ကူမာက ခေါင်းပြတ်ကြီးကို ရေမြောင်းထဲပစ်ချပြီး ရဲစခန်းမှာ သွားအဖမ်းခံခဲ့ပါတယ်။

ပရာဒိခ်ကူမာဟာ ပြီးခဲ့တဲ့ ၅ နှစ်တုန်းက မာနီခရန်တီကို စုံမက်မြတ်နိုးလို့ လက်ထပ်ခဲ့ပေမဲ့ လင်မယား ၂ ယောက် မကြာခဏ စကားများခဲ့ပါတယ်။ မာနီခရန်တီက အိမ်တွင်းအကြမ်းဖက်မှုနဲ့ တိုင်ကြားခဲ့လို့ ပရာဒိခ်ကူမာ အဖမ်းခံခဲ့ရပြီး သိပ်မကြာသေးခင်ကမှ အာမခံနဲ့ ပြန်လွတ်လာခဲ့တာပါ။ ပရာဒိခ်ကူမာဟာ ဇနီးဖြစ်သူကြောင့် အချုပ်ကျခဲ့လို့ လက်စားချေတဲ့အနေနဲ့ လူသတ်ခဲ့တာလို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top