လက်ကောက်ဝတ်မှာ ခေါင်းစီးကြိုးဝတ်တတ်တဲ့ အကျင့်ရှိတဲ့သူတွေ သတိပြုရန်

11-7-2020-yyl-014.jpg

သင့်လက်ကောက်ဝတ်မှာ ခေါင်းစီးကြိုးဝတ်တာက သင့်ကျန်းမာရေးအတွက် မကောင်းဘူးဆိုတာကို သိကြရဲ့လား။ ဒါနဲ့ပတ်သက်ပြီး သိပ်ပြီး အာရုံမထားဖြစ်ကြဘူးထင်ပါတယ်။ လက်ကောက်ဝတ်မှာ ခေါင်းစီးကြိုးဝတ်တာက ကျန်းမာရေးအတွက် မကောင်းဘူးဆိုတာကတော့ တကယ်ပါပဲ။ လက်ကောက်ဝတ်မှာ ခေါင်းစီးကြိုးဝတ်တတ်တဲ့သူတွေ ဒီအကျင့်ကိုပြင်နိုင်ဖို့အတွက် မျှဝေပေးလိုက်ရပါတယ်။ ဖြစ်နိုင်ရင် ဒီအကျင့်ကို အခုချက်ချင်းပဲ ပြင်လိုက်ကြနော်…။

သွေးလှည့်ပတ်မှုဆိုင်ရာပြဿနာတွေ ဖြစ်လာနိုင်တယ်

သင့်လက်ကောက်ဝတ်မှာ ရာဘာခေါင်းစီးကြိုးကို ဝတ်ထားတဲ့အခါ သွေးကြောတွေကို ဖိညှပ်ထားသလိုဖြစ်စေပါတယ်။ ဒါက ခန္ဓာကိုယ်မှာ ပုံမှန်သွေးလှည်ပတ်မှုကို အနှောင့်အယှက်ဖြစ်စေပါတယ်။ ရလဒ်အနေနဲ့ လက်ချောင်းနာကျင်၊ ထုံကျဉ်သလိုဖြစ်စေတဲ့ carpal tunnel syndrome လို့ခေါ်တဲ့ လက်ဖဝါးအတွင်းရှိ သွေးကြောတွေပိမိနေတဲ့ရောဂါဖြစ်လာနိုင်ပါတယ်။

အသက်အန္တရာယ်ခြိမ်းခြောက်နိုင်တဲ့ ကူးစက်ရောဂါဖြစ်နိုင်တယ်

သင့်လက်ကောက်ဝတ်မှာ ခေါင်းစီးကြိုးကို အမြဲဝတ်ဆင်ထားရင် ဘာတွေဖြစ်လာနိုင်တယ်ဆိုတာကို အမေရိကန်နိုင်ငံက အမျိုးသမီးတစ်ဦးကလည်း သက်သေပြခဲ့ဖူးပါတယ်။ အဲဒီအမျိုးသမီးက သူ့လက်ကောက်ဝတ်မှာ အရောင်အဖုအကြီးကြီးဖြစ်လာတာကို တွေ့ခဲ့ရပါတယ်။ ဆရာဝန်တွေက သူ့ကို ပဋိဇီဝဆေးတွေသောက်ဖို့ ဆေးညွှန်းပေးခဲ့ပေမယ့် အကူအညီမဖြစ်ခဲ့တဲ့အတွက် ခွဲစိပ်ကုသမှုခံယူခဲ့ရပါတယ်။ သင့်လက်ကောက်ဝတ်မှာ ခေါင်းစီးကြိုးကို အချိန်အကြာကြီးဝတ်တဲ့အခါ ခေါင်းစီးကြိုးကြောင့်ဖြစ်တဲ့ ပွတ်အား၊ ဖိအားတွေကြောင့် အရေပြားမှာ ဒဏ်ရာရစေနိုင်ပါတယ်။ အဲဒီနောက် အရေပြားနဲ့ ခေါင်းစီးကြိုးက ဘတ်တီးရီးယားတွေက ဒီဒဏ်ရာထဲကို ဝင်လာနိုင်ပြီး ရောဂါပိုးဝင်နိုင်တယ်ကို တွေ့ရှိခဲ့ရပါတယ်။

သင့်ရဲ့ပုံပန်းအသွင်အပြင်ကိုလည်း ထိခိုက်စေနိုင်တယ်

မိန်းကလေးတချို့က လက်ကောက်ဝတ်မှာ ခေါင်းစီးကြိုးဝတ်တာကို စတိုင်ရှိတယ်လို့ ထင်ကြပါတယ်။ တကယ်တော့ ဖက်ရှင်မကျစေဘဲ သင့်ကို ရှိုးပဲ့စေနိုင်ပါယတ်။ သင့်ကို စတိုင်ကျပြီး ပိုကြည့်ကောင်းစေဖို့အတွက် လက်ကောက်ဝတ်မှာ ခေါင်းစီးကြိုးကို ဝတ်မယ့်အစား လက်ကောက် (သို့) နာရီတို့ကို ရွေးချယ်ဝတ်ဆင်သင့်ပါတယ်။

ခေါင်းစီးကြိုးပျောက်မသွားအောင် သိမ်းဆည်းနိုင်မယ့် နည်းလမ်းတစ်ခုကိုလည်း ဖော်ပြပေးလိုက်ပါတယ်။ အမျိုးသမီးတွေက ခေါင်းစီးကြိုးခဏခဏပျောက်တတ်တဲ့အတွက် လက်ကောက်ဝတ်မှာ ခေါင်းစီးကြိုးကို အမြဲလိုလိုဝတ်ဆင်ထားကြပါတယ်။ အခုပြောမယ့်နည်းလမ်းက ခေါင်းစည်းကြိုးတွေကို စုစုစည်းစည်းနဲ့ သိမ်းထားနိုင်ဖို့ အကူအညီပေးပါလိမ့်မယ်။ သတ္တုကွင်း (Carabiner) ကို အသုံးပြုပြီး ခေါင်းစီးကြိုးတွေကို စုထည့်ထားရုံပါပဲ။ ဒါက အရမ်းသေးပြီး နေရာအများကြီးမယူတဲ့အတွက် သင့်အိတ်ထဲမှာ ထည့်ယူသွားလို့ရပါတယ်။

Ref: 3 Reasons to Stop Wearing Hair Ties Around Your Wrist

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top