လူကုန်ကူးမှု ကိန်းဂဏန်များအရ အဓမ္မထိမ်းမြားလက်ထပ်မှုက ၇၅ ရာခိုင်နှုန်းကျော်နဲ့ အများဆုံးဖြစ်

local_03_01.jpg

မြန်မာနိုင်ငံတွင် ၂၀၁၈ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သည့် လူကုန်ကူးမှု ကိန်းဂဏန်များအရ အဓမ္မထိမ်းမြား လက်ထပ်မှုမှာ ၇၅ ရာခိုင်နှုန်းကျော်ဖြင့် အများဆုံးဖြစ်ကြောင်း ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၏ အမှာစကား ပြောကြားချက်အရ သိရသည်။

သတ္တမအကြိမ်မြောက် မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အခမ်းအနားကို စက်တင်ဘာ ၁၃ ရက်က နေပြည်တော်ရှိ သင်္ဂဟဟိုတယ်တွင် ကျင်းပပြုလုပ်ခဲ့ရာ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူကိုယ်တိုင် တက်ရောက်၍ အမှာစကားပြောကြားခဲ့ခြင်း ဖြစ်သည်။

၂၀၁၈ ခုနှစ်အတွင်း လူကုန်ကူးမှုဖြစ်ပွားခဲ့သည့် ကိန်းဂဏန်းများအရ အဓမ္မထိမ်းမြားလက်ထပ်မှု ၇၅.၂၄ ရာခိုင်နှုန်း၊ အဓမ္မပြည့်တန်ဆာပြုမှု ၁၃.၅၉ ရာခိုင်နှုန်း၊ အဓမ္မအလုပ်ခိုင်းစေမှု ၈.၇၄ ရာခိုင်နှုန်း၊ အငှားကိုယ်ဝန် ဆောင်မှု ၁.၉၄ ရာခိုင်နှုန်း ဖြစ်ပွားခဲ့သည်။

နိုင်ငံအလိုက် ဦးတည်ဖြစ်ပွားမှုများအနေဖြင့် တရုတ်နိုင်ငံ ၇၉.၆၁ ရာခိုင်နှုန်း၊ ထိုင်းနိုင်ငံ ၁.၄၆ ရာခိုင်နှုန်း ဖြစ်ပွားခဲ့ပြီး ပြည်တွင်း ၁၈.၉၃ ရာခိုင်နှုန်းဖြစ်ပွားခဲ့သည်ကို တွေ့ရှိရသည်ဟုလည်း ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ဆိုသည်။

KST (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply