ဖန်တီးရာမှ မြန်မာနိုင်ငံ၏ ပထမဆုံးနိုင်ငံအဆင့် စက်ရုပ်ပြိုင်ပွဲကြီးအား ရန်ကုန်မြို့တွင် အောင်မြင်စွာကျင်းပခဲ့

ပြီုင်ပွဲဝင်အသင်းများ-ပြိုင်ပွဲဝင်နေစဉ်.jpg

ဖန်တီးရာသည် မြန်မာနိုင်ငံ၏ ပထမဦးဆုံးသော နိုင်ငံအဆင့်စက်ရုပ်ပြိုင်ပွဲကြီး Myanmar RoboLeague 2019 အား ပြီးခဲ့သည် ဇွန်လ (၁) ရက်နေ့က သိမ်ဖြူကွင်းတွင် အောင်အောင်မြင်မြင်ကျင်းပပြုလုပ်နိုင်ခဲ့သည်။ အဆိုပါ Myanmar RoboLeague 2019 ပြိုင်ပွဲတွင် မြန်မာနိုင်ငံရှိ ပြည်နယ်နှင့်တိုင်းကိုယ်စားပြုအသင်း (၁၄) သင်းပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး အနိုင်ရှိသွားသည့် ရန်ကုန်တိုင်းအသင်းမှာ မြန်မာနိုင်ငံကိုယ်စားပြုအနေနှင့် နိုင်ငံတကာစက်ရုပ်ပြိုင်ပွဲ FIRST Global Robotics Challenge 2019 အား သွားရောက်ယှဉ်ပြိုင်ရတော့မည်ဖြစ်သည်။

 

အဆိုပါ စက်ရုပ်ပြိုင်ပွဲကြီးအား မြန်မာနိုင်ငံပညာရေးဝန်ကြီးဌာန၊ ပါချုပ်များကော်မတီနှင့် ပူးပေါင်းကာ ပြည်နယ်နှင့် တိုင်း (၁၄) ခုမှ ကျောင်းသားလူငယ်များအချင်းချင်း အတွေ့ကြုံဖလှယ်နိုင်စေရန်နှင့် တစ်ဦးနှင့်တစ်ဦး နားလည်မှု၊ ယုံကြည်မှု နှင့်ပူးပေါင်းလုပ်ဆောင်မှုများ ရှိကြစေရန် ရည်ရွယ်ကျင်းပခဲ့ခြင်းဖြစ်သည်။

ဖန်တီးရာအနေနှင့် နှစ်စဉ်အိုလံပစ်ပုံစံကျင်းပသည့် နိုင်ငံတကာစက်ရုပ်ပြိုင်ပွဲ FIRST Global Challenge ၏ စင်မြင့်ပေါ်သို့ မြန်မာနိုင်ငံကိုယ်စားပြုကျောင်းသားကျောင်းသူများအား ပြီးခဲ့သည့် နှစ်နှစ်ဆက်တိုက် ပို့ဆောင်ပေးခဲ့ပြီးဖြစ်သည်။ FIRST Global Challenge သည် နိုင်ငံတကာမှ ဘာသာစကား၊ အတွေ့အကြုံ၊ ကိုးကွယ်ယုံကြည်မှု နှင့် ယဉ်ကျေးမှုဓလေ့မတူညီသည့် ကျောင်းသားကျောင်းသူများအား စုဝေးတွေ့ဆုံယှဉ်ပြိုင်စေသည့် စက်ရုပ်ပြိုင်ပွဲကြီးဖြစ်ပြီး STEM ပညာရေးကဏ္ဍ တိုးတက်ဖွံ့ဖြိုးစေရန် အလေးပေးကျင်းပလျက်ရှိပါသည်။ ၂၀၁၇ ခုနှစ်တွင် အမေရိကန်နိုင်ငံ၊ ဝါရှင်တန်ဒီစီတွင်ကျင်းပပြုလုပ်ခဲ့သည့် FIRST Global Challenge ပြိုင်ပွဲကြီးတွင်လည်း ဖန်တီးရာ Makerspace မှ ပံ့ပိုးပေးခဲ့သည့် မြန်မာနိုင်ငံကိုယ်စားပြုအသင်းမှ နိုင်ငံပေါင်း (၁၅၇) နိုင်ငံတွင် အဆင့် (၆) ရရှိခဲ့ပြီး အာရှတွင် အဆင့် (၁) ရရှိခဲ့သည်။

Myanmar RoboLeague 2019 တွင် အသင်း (၈) သင်းအား ရွေးချယ်ကာဆုချီးမြှင့်ပေးခဲ့ပြီး ရန်ကုန်တိုင်းကိုယ်စားပြုသော ရန်ကုန်နည်းပညာတက္ကသိုလ်ကျောင်းသားကျောင်းသူများက ဆုဖလားကို ဆွတ်ခူးနိုင်ခဲ့သည်။ Myanmar RoboLeague 2019 တွင် ဆုရရှိခဲ့သော အသင်းများမှာ အောက်ပါအတိုင်းဖြစ်သည်။

  • Winning Team – ရန်ကုန်တိုင်းကိုယ်စားပြုအသင်း (ရန်ကုန်နည်းပညာတက္ကသိုလ်)
  • Outstanding Mentor Award – ကချင်ပြည်နယ်ကိုယ်စားပြုအသင်း (ကွန်ပျူတာတက္ကသိုလ်- ဗန်းမော်)
  • Most Cooperative Team Award – ကရင်ပြည်နယ်ကိုယ်စားပြုအသင်း (ကွန်ပျူတာတက္ကသိုလ်- ဘားအံ)
  • Best Robot Design Award – ကယားပြည်နယ်ကိုယ်စားပြုအသင်း (ကွန်ပျူတာတက္ကသိုလ်- လှိုင်ကော်)
  • Best Program Award – စစ်ကိုင်းတိုင်းကိုယ်စားပြုအသင်း (နည်းပညာတက္ကသိုလ် – မုံရွာ)
  • Best Driving Team Award – ပဲခူးတိုင်းကိုယ်စားပြုအသင်း (ပြည်နည်းပညာတက္ကသိုလ်)
  • Best Strategy Award – ရခိုင်ပြည်နယ်ကိုယ်စားပြုအသင်း (ကွန်ပျူတာတက္ကသိုလ် – စစ်တွေ)

အနိုင်ရရှိသွားသည့် ရန်ကုန်တိုင်းအသင်းမှာ FIRST Global Robotics Challenge 2019 ပြိုင်ပွဲအား မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် ယူအေအီးနိုင်ငံ၊ ဒူဘိုင်းမြို့တွင် သွားရောက်ယှဉ်ပြိုင်ရမည်ဖြစ်ကာ ယခုရရှိသည့်ဆုဖလားအား နောင်နှစ်တွင် Myanmar RoboLeague 2020 ၌ အနိုင်ရရှိမည့်အသင်းအား လွှဲပြောင်းပေးအပ်ရမည်ဖြစ်သည်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top