မန္တလေးနည်းပညာတက္ကသိုလ်က ပထမဆုံးအကြိမ်ပေးအပ်တဲ့ တက္ကသိုလ်အမြင့်ဆုံးဂုဏ်ထူးဆောင်ဆုကို မန္တလေးတိုင်းဝန်ကြီးနှစ်ဦး ရရှိခဲ့

local_04.jpg

မိမိပတ်ဝန်းကျင်နှင့် လူ့အဖွဲ့အစည်းအတွင်း၌ အင်ဂျင်နီယာပညာရပ်များ ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ မန္တလေးနည်းပညာတက္ကသိုလ်၏ တက္ကသိုလ် ဂုဏ်ထူးဆောင်တံဆိပ်နှင့် ဂုဏ်ပြုလွှာများကို ပထမဆုံးအကြိမ် အဖြစ် ပေးအပ်ချီးမြှင့်ခဲ့သည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။
အဆိုပါ ဂုဏ်ထူးဆောင်တံဆိပ်နှင့် ဂုဏ်ပြုလွှာများ ချီးမြှင့်အပ်နှင်းခြင်း အခမ်းအနားကို စက်တင်ဘာ ၁၆ ရက်၊ ညပိုင်းက မန္တလေးနည်းပညာတက္ကသိုလ်၊ ဂုဏ်ပြုခန်းမဆောင်တွင် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ရာ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော် တက်ရောက်ချီးမြှင့်ခဲ့သည်။

ယခုကဲ့သို့ ပထမဆုံးအကြိမ်အဖြစ် ချီးမြှင့်အပ်နှင်းရာတွင် မန္တလေးနည်းပညာတက္ကသိုလ်၏ တက္ကသိုလ် အမြင့်ဆုံးဂုဏ်ထူးဆောင်ဆုကို မန္တလေးတိုင်းဒေသကြီး၊ လျှပ်စစ်၊ စွမ်းအင်နှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးဇာနည်အောင်နှင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးမျိုးသစ်တို့က ရရှိခဲ့သည်။

KST (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top