Mottama Development Group သည် ၎င်း၏အဆောက်အဦများပြခန်းဖွင့်ပွဲအခမ်းအနားကို ဇွန်လ (၂၉) နေ့က ရန်ကုန်မြို့၊ ကမ္ဘာအေးဘုရားလမ်းရှိ Maha Land တွင်ကျင်းပပြုလုပ်ခဲ့ပြီး ကုမ္ပဏီ၏ မကြာမီဖွင့်လှစ်တော့မည့် အရည်အသွေးမြင့်ရုံးခန်းအဆောက်အဦများ၊ ကုန်တိုက်များ၊ အများပြည်သူ အနားယူအပန်းဖြေနိုင်သော နေရာများ စသည့်စီမံကိန်းများနှင့် စပ်လျဉ်းသည့်ဆောင်ရွက်ချက်များကို မိတ်ဆက်ရှင်းလင်းခဲ့ပါသည်။

Mottama Development Group’s Chairman, U Yang Ho
အဆိုပါ အဆောက်အဦ ပြခန်းသည် ရင်းနှီးမြုပ်နှံသူများနှင့် ဝယ်ယူရန်အလားအလာရှိသူများအတွက် တမူထူးခြားသော ဗိသုကာလက်ရာဒီဇိုင်းများနှင့် ရေရှည်တည်တံ့ခိုင်မြဲသည့် အဆင့်မြင့်သံမဏိအဆောက်အဦများအကြောင်းကို လေ့လာနိုင်မည့် အချက်အချာနေရာတစ်ခုဖြစ်ကာ ၎င်းစီမံကိန်းများဖြင့် ရန်ကုန်မြို့အား ဖွံ့ဖြိုးတိုးတက်သော မြို့တော်ကြီးဖြစ်လာစေရန် အထောက်အကူပြုနိုင်မည်ဖြစ်သည်။
စီးပွားရေးအရ အချက်အချာကျသည့်နေရာများတွင် နည်းဗျူဟာကျစွာဖြင့် အစီအစဉ်တကျ တည်ဆောက်ထားသည့်စီမံကိန်းများသည် ဖွံ့ဖြိုးတိုးတက်လျက်ရှိသည့် ရန်ကုန်မြို့၏ လူနေမှုအခြေအနေတစ်ရပ်ကို အဆင့်မြှင့်တင်ပေးနိုင်ရန်အတွက် အထောက်အကူပြုပေးနိုင်သည့် အထင်ကရအဆောက်အဦများ ဖြစ်လာမည်ဖြစ်သည်။
ရေရှည်တည်တံ့ခိုင်မြဲသည့်မြို့ပြတစ်ခုအား အဆင့်မြှင့်တင်ရာတွင် အဆိုပါအဆောက်အဦများသည် လူဦးရေထူထပ်များပြားလာသည့်ရန်ကုန်မြို့၏ လိုအပ်ချက်များအတွက် ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ပြီး လုပ်ငန်းစွမ်းဆောင်မှုအရည်အသွေးကိုလည်း တိုးတက်မြင့်မားလာစေရန်ရည်ရွယ်ထားခြင်းဖြစ်ပါသည်။
အဆိုပါစီမံကိန်း (၅) ခု မှာ
၁။ M Tower (ယာဉ်အသွားအလာများသည့် လှည်းတန်းလမ်းဆုံ၊ ပြည်လမ်းမပေါ်တွင်တည်ရှိ)
၂။ Terminal M ကုန်တိုက် (သွားလာရလွယ်ကူသော အမှတ် (၃) လမ်းမကြီးနှင့် ဘတ်စ်ကားဂိတ်အနီး)
၃။ မြန်မာ့ငါးပြတိုက် (အချက်အချာကျသည့် ကန်တော်ကြီးဥယျာဉ်နှင့် ရွှေတိဂုံဘုရားအနီးတွင်တည်ရှိ)
၄။ Habour Trade Tower (ရန်ကုန်ဆိပ်ကမ်းအနီး အချက်အချာနေရာတွင်တည်ရှိ)
၅။ HL Tower (လေဆိပ် အနီး အချက်အချာကျသည့် ပြည်လမ်းမ ပေါ်တွင်တည်ရှိ)
အဆိုပါပွဲတွင် Mottama Development နှင့် အပြည်ပြည်ဆိုင်ရာဝန်ထမ်း အင်အား (၉၁,၀၀၀) ကျော် ပါဝင် ဖွဲ့စည်းထားပြီး နိုင်ငံပေါင်း (၈၀) ကျော်တွင် လုပ်ငန်းလုပ်ဆောင်လျက်ရှိသောကုမ္ပဏီ Jones Lang LaSalle (JLL) တို့က အဆောက်အဦစီမံခန့်ခွဲရေးအကြံပေးခန့်အပ်မှု သဘောတူစာချုပ်ကိုလည်း လက်မှတ်ရေးထိုးခဲ့ကြပါသည်။
Mottama အဆောက်အဦများပြခန်းကို Maha Land Center၊ အမှတ် ၅၆၊ ၇ ရပ်ကွက်၊ ကမ္ဘာအေးဘုရားလမ်း၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်မြို့တွင် ဖွင့်လှစ်ထားပြီး အဆောက်အဦများနှင့် စပ်လျဉ်းသောမေးမြန်းစုံစမ်းမှုများကို လက်ခံဆောင်ရွက်ပေးနေပြီဖြစ်ကြောင်း သိရပါသည်။
Team (ရိုးရာလေး)