လက်ရာမြောက်လွန်းတဲ့ပုံတူအရုပ်ကြောင့် အံ့သြသွားခဲ့တဲ့ပင်ဂွင်းများ

lego-penguin.jpg

အီဒင်ဘာ့ဂ်တိရစ္ဆာန်ရုံ (UK) မှာရှိနေတဲ့ ပင်ဂွင်းငှက်လေးတွေကတော့ သူတို့ရဲ့သွင်ပြင်နဲ့ တူလွန်းနေပြီး သူတို့ထက်ပိုကြီးမားနေတဲ့ ပင်ဂွင်းငှက်ရုပ်ကြီးကို မြင်လိုက်ရလို့ အံ့ဩတကြီးနဲ့ လာရောက်စူးစမ်းခဲ့ကြပါတယ်။

ဒီပင်ဂွင်းရုပ်ကို Lego အစိတ်အပိုင်းပေါင်း (၃၂၀၀) ကျော်သုံးပြီး လက်ရာမြောက်စွာ ဖန်တီးထားတာဖြစ်ကာ ဇူလိုင် (၆) ရက်နေ့ကနေ စက်တင်ဘာ (၁၇) ရက်နေ့အထိ တင်ဆက်ပြသသွားမယ့် BrickLive ရေနေသတ္တဝါ Lego ရုပ်ပြပွဲကြီးမှာ ထည့်သွင်းပြသသွားမှာဖြစ်ပါတယ်။

ဒီ BrickLive ပြပွဲမှာ ရေနေသတ္တဝါအမျိုးအစား (၃၀) ကျော်ရဲ့ ပုံတူအရုပ်တွေကိုပြသသွားမှာဖြစ်ပြီး ဝေလငါး၊ ငါးမန်း၊ ကင်းမွန်နဲ့ ရေဘဝဲ စတဲ့ အရုပ်တွေပါဝင်နေပါတယ်။

Ref: CGTN “Penguins at Edinburgh Zoo gaze at their Lego models”
Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top