နံရံပေါ်က ကော်ဖီတစ်ခွက်

coffee.jpg

အီတလီနိုင်ငံ၊ ဗင်းနစ်မြို့ရဲ့ညနေခင်းတစ်ခုမှာ ကျွန်တော်နဲ့သူငယ်ချင်း ဂျွန်တို့ အေးအေးဆေးဆေး စကားပြောဖို့စိတ်ကူးပြီး ကော်ဖီဆိုင်လေးတစ်ဆိုင်ဆီ ဝင်ခဲ့ကြပါတယ်။ ကော်ဖီဆိုင်ထဲကိုရောက်တဲ့အခါ စားပွဲလွတ်တစ်လုံးမွာဝင်ထိုင်ပြီး ကော်ဖီမှာသောက်ရင်းနဲ့ စကားစမြည်ပြောနေခဲ့ကြပါတယ်။

အဲဒီအချိန်မှာ လူတစ်ယောက်ဝင်လာပြီး ကျွန်တော်တို့နဲ့ မျက်နှာချင်းဆိုင်က စားပွဲမှာဝင်ထိုင်ခဲ့ပါတယ်။ သူက စာပွဲထိုးကောင်လေးကို လှမ်းခေါ်လိုက်ပြီး ” ကော်ဖီနှစ်ခွက်။ တစ်ခွက်ကို နံရံပေါ်ကစာရင်းထဲ ထည့်လိုက်ပါ” လို့ မှာပါတယ်။ ကျွန်တော်တို့သူငယ်ချင်းနှစ်ယောက်လည်း သူ့မှာတဲပုံကို စိတ်ဝင်တစားစောင့်ကြည့်နေမိကြပါတယ်။

ခဏအကြာမှာတော့ ကောင်တာမှာ ကော်ဖီနှစ်ခွက်အတွက်ကျသင့်ငွေကိုရှင်းပြီး တစ်ခွက်ကိုကိုင်ရင်း ပြန်ထွက်သွားခဲ့ပါတယ်။ သူထွက်သွားပြီးနောက် ဆိုင်ရှင်က ကော်ဖီတစ်ခွက်လို့ရေးထားတဲ့စာရွက်လေးကို နံရံပေါ်မှာ ကပ်လိုက်ပါတယ်။

ကျွန်တော်တို့နှစ်ယောက် စိတ်ဝင်တစားစောင့်ကြည့်နေတုန်း ဆိုင်ထဲကို အမျိုးသမီးနှစ်ဦးဝင်လာပြီး “ကော်ဖီ(၃)ခွက်။ (၂) ခွက်ပဲပေးပါ။ တစ်ခွက်ကို နံရံစာရင်းထဲထည့်လိုက်” လို့ပြောပြီး ကော်ဖီ(၃)ခွက်စာ ကျသင့်ငွေရှင်းပြီး ကော်ဖီ(၂) ခွက်ယူကာ ပြန်ထွက်သွားကြပြန်ပါတယ်။ အဲဒီနောက် ဆိုင်ရှင်ဟာ အရင်တစ်ခေါက်လိုပဲ ကော်ဖီတစ်ခွက်လို့ရေးထားတဲ့စာရွက်လေးကို နံံရံပေါ်မှာကပ်လိုက်ပြန်တယ်။ ကျွန်တော်တို့လည်း နားမလည်စွာနဲ့ ဆက်ကြည့်နေမိပါတယ်။ ခဏအကြာမှာတော့ ကျွန်တော်တို့လည်း ကျသင့်ငွေရှင်းပြီး ဆိုင်ထဲကနေထွက်လာခဲ့ပါတယ်။

ရက်နည်းနည်းကြာပြီးတဲ့နောက်မှာ ကျွန်တော်နဲ့ဂျွန်ဟာ အဲဒီထူးဆန်းတဲ့ကော်ဖီဆိုင်လေးကို ဒုတိယအကြိမ် ပြန်ရာက်ဖြစ်ခဲ့ပါတယ်။ ကော်ဖီသောက်ရင်း စကားစမြည်ပြောနေတုန်းမှာ အဝတ်အစားခပ်နွမ်းနွမ်းဝတ်ထားတဲ့လူတစ်ယောက် ဆိုင်ထဲဝင်လာတာတွေ့လိုက်ပါတယ်။ အဲဒီလူဟက ငွေရှင်းကာင်တာကို တန်းတန်းမတ်မတ်သွားပြီး “ကျွန်တော် ကော်ဖီသောက်ချင်လို့။ နံရံစာရင်းထဲက ကော်ဖီတစ်ခွက်လောက်တိုက်လို့ရနိုင်မလား “လို့ မေးပါတယ်။ ဆိုင်ရှင်က “ရပါတယ်ခင်ဗျ” ဆိုပြီး တလေးတစားနဲ့ ကော်ဖီတစ်ခွက်ပေးလိုက်တဲ့နောက် လူကြီးဟာ ကော်ဖီခွက်ကိုယူပြီး ဆိုင်ပြင်ကိုပြန်ထွက်သွားခဲ့ပါတယ်။

ဒီအဖြစ်အပျက်ကိုမြင်လိုက်ရတဲ့ ကျွန်တော်တို့သူငယ်ချင်းနှစ်ယောက်လုံး အံ့သြနေကြတုန်းမှာပဲ ဆိုင်ရှင်ဖြစ်သူဟာ နံရံပေါ်မှာကပ်ထားတဲ့ စာရွက်လေးတွေထဲက စာရွက်လေးတစ်ခုကိုဖြုတ်လိုက်ပြီး အနားကအမှိုက်ပုံးထဲကို ထည့်လိုက်ပါတယ်။ ကျွန်တော်တို့သူငယ်ချင်းနှစ်ယောက်လုံး ကော်ဖီဆိုင်လေးရဲ့ ချစ်စရာကောင်းတဲ့အစီအစဉ်လေးကို သဘောပေါက်လိုက်ကြပါတယ်။

ဆိုင်ရှင်က ကော်ဖီလာဝယ်တဲ့သူတွေ ပိုဝယ်ပြီးလှူခဲ့တဲ့ကော်ဖီခွက်ရေကို စာရွက်လေးတွေနဲ့ နံရံပေါ်မှာကပ်ပေးထားပြီး အကြောင်းအမျိုးမျိုးကြောင့် ကော်ဖီဝယ်ဖို့ ငွေမပါတဲ့၊ ငွေမရှိတဲ့ ဘယ်သူမဆို နံရံပေါ်ကကော်ဖီတစ်ခွက်လောက်ပေးပါလို့တောင်းဆိုပြီး သောက်လို့ရနိုင်တဲ့ ချစ်စဖွယ်အလေ့အထလေးပါပဲ။

ဒီအကြောင်းအရာကနပေးချင်တဲ့အသိကေ ပြန်ရလာမယ့်အကျိုးအမြတ်ကို မမျှော်မှန်းဘဲလှူတာမျိုးက ပိုပြီးတော့မွန်မြတ်တယ်လို့ စာရေးသူကတော့ယူဆမိတဲ့အကြောင်းပါ။ အခုဇာတ်လမ်းထဲက ကော်ဖီဆိုင်လိုမျိုးဆိုင်တွေ ကျွန်တော်တို့နိုင်ငံမှာ ပေါ်ပေါက်လာဖို့ကိုလည်း မျှော်လင့်မိပါတယ်။ အခုဆိုရင် ကျွန်တော်တို့နိုင်ငံမှာ Food Box လို ဘယ်သူမဆိုအခမဲ့စားနိုင်အောင် လှူဒါန်းတာတွေရှိနေပါပြီ။ အရေးကြီးတာတစ်ခုက စေတနာကိုအရင်းပြုတဲ့လှူဒါန်းမှုပဲဖြစ်သင့်ပြီး အလှူခံသူကလည်း မတော်လောဘမထားဘဲ စည်းကမ်းတကျနဲ့ လိုသလောက်သာ အကူအညီယူမယ်ဆိုရင် ချစ်စရာကောင်းတဲ့အစီစဉ်လေးတွေကို အခုထက်ပိုပြီး အောင်မြင်အောင် ဖော်ဆောင်နိုင်မယ်လို့ ထင်မြင်မိပါတယ်။

Ref: “Coffee On The Wall”
Paradise (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top