အပတ်စဉ် ဗေဒင်ဟောစာတမ်း (၂၄-၁၁-၂၀၁၉ မှ ၃၀-၁၁-၂၀၁၉ ရက်နေ့အထိ)

baydin2430-scaled.jpg

ဆရာကင်္ကသူရဲ့ စန္ဒသူရိယ နက္ခတ္တဝေဒ ဟောစာတမ်းကို ရိုးရာလေး ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။ (၂၄-၁၁-၂၀၁၉ မှ ၃၀-၁၁-၂၀၁၉ ရက်နေ့အထိ) တွက်ချက် လမ်းညွှန်ပေးထားမှုကို ဖော်ပြပေးထားပါတယ်။

တနင်္ဂနွေ

ယခုအပတ်အတွက် တနင်္ဂနွေသားသမီးတို့အတွက်-

စီးပွားရေး။ ။ စားသောက်ဆိုင်လုပ်ငန်း၊ အစားအသောက်လုပ်ငန်းနှင့် နို့ထွက်ပစ္စည်းလုပ်ငန်းလုပ်ကိုင်သူများ ကံကောင်းမည့်အချိန်ဖြစ်သည်။ အစုအစပ်လုပ်ငန်းများ အနည်းငယ် စိတ်သောကရောက်ရမည်။အထူးသဖြင့် ၊ငွေချေးလုပ်ငန်းများ၊စုကြေးမဲလုပ်ကိုင်သူများအနေဖြင့် ငွေကြေခက်ခဲသွားတတ်ပါသည်။သတိထားရန်မှာ အစုအစပ်လုပ်ငန်းကို အကြောင်းပြုပြီး မိတ်ပျက်တတ်သည်။

ကျန်းမာရေး။ ။ ခေါင်းကိုက်ခြင်း၊ ကျောရိုးနှင့်ဆိုင်သောရောဂါ၊ ခါးနာခြင်း၊အရိုးနှင့် ဆိုင်သောရောဂါများရတတ်ပါသည်။ သတိထားပါ။

အချစ်ရေး/အိမ်ထောင်ရေး။ ။ အချစ်ရေးအနေနှင့် ကံကောင်းပါသည်။ မိန်းကလေးများအနေနှင့် မိမိကစိတ်မကောက်မိရန်သာ အရေးကြီးပါသည်။ မိမိအနေနှင့် စိတ်ကောက်နေပါက မိမိချစ်သူမှာ စိတ်မကောက်တတ်သူနောက် ပါသွားတတ်သည်။ အိမ်ထောင်သည်များလည်း သံသယဖြင့် အိမ်ထောင်ဘက်အပေါ် မဆက်ဆံသင့်ပါ။ နယ်ဝေးနေသော အိမ်ထောင်ရှင်များ ပြန်လည်ပေါင်းဆုံလိမ့်မည်။

ပညာရေး။ ။ ပညာရေးအနေနှင့် စားရင်းအင်းပညာများကို အဓိကလိုက်ပါ။

အထွေထွေ။ ။ ယခုတစ်ပါတ်အတွင်း ဝန်ထမ်းများ ရာထူးစာမေးပွဲဖြေရလိမ့်မည်။ ထီထိုးပါ။

အကျိုးပေးဂဏန်းမှာ ။ ။၁။၂။၉

ယတြာ။ ။ အုန်းနို့ခေါက်ဆွဲ အိမ်ဘုရားတွင် လှူပေးပါ။ စိတ်ချမ်းရပါစေကြောင်း ဆုတောင်းပါ။

တနင်္လာ

ယခုအပတ်အတွင်း တနင်္လာသားသမီးတို့ကတော့-

စီးပွားရေး။ ။ အလှကုန်ပစ္စည်းများ၊ အထည်အလိပ်၊ အလှအပပြုပြင်သည့်စက်ပစ္စည်းများ၊ ပြည်ပမှတင်သွင်းသည့် အလှကုန်နှင့် ဆက်စပ်ပစ္စည်း လုပ်ကိုင်သူများ ကံကောင်းပြီး ပွဲရုံလုပ်ငန်းလုပ်သူများ အနည်းငယ် ညံ့နေပါလိမ့်မည်။ ဆောက်လုပ်ရေး လုပ်ငန်းလုပ်ကိုင်သူများ ကောင်းပါသည်။ရေလုပ်ငန်းအားနည်းတတ်သည်။

ကျန်းမာရေး။ ။ အစာအိမ်ရောဂါဖြစ်တတ်သည်။၊ ရောဂါဟောင်းများ ပြန်ပေါ်တတ်သည်၊ အထူးသဖြင့် အစားကြောင့်ဖြစ်သော ရောဂါများ ပြန်ဖြစ်တတ်သဖြင့် သတိပြုပါ။

အချစ်ရေး/အိမ်ထောင်ရေး။ ။ အချစ်ရေးအနေနှင့် မိမိချစ်သူနှင့် ချစ်သော်လည်း တစနယ်စီဝေးကွာနေရတတ်သည်။ နှစ်ဘက်မိဘတို့ကြောင့် လက်ထပ်ရန်ရက်ကြာသည့်မှအပ အခြားပြဿနာမရှိပါ။ အိမ်ထောင်သည် များအနေဖြင့် ကျန်းမာရေးဆိုင်ရာခရီးတစ်ခုကို အကြောင်းပြုပြီး ငွေကုန်မည်။

ပညာရေး။ ။ပညာရေးအနေနှင့် သဘောၤနှင့်ဆိုင်သည့် စာမေးပွဲဖြေမည့်သူများ စာကိုသေချာလုပ်ပါ၊ စာမေးပွဲတွင် အခက်အခဲကြုံရတတ်သည်။

အထွေထွေ။ ။ ယခုတစ်ပါတ်အတွင်း အစိုးရဝန်ထမ်းများ ခရီးသွားရပါက ကံကောင်းပါသည်။

အကျိုးပေးဂဏန်း – ၄ ၅ ၊ ၉။

ယတြာ– အိမ်ဘုရားတွင် ကောက်ညင်းပေါင်းလှူပေးပါ။

အင်္ဂါ

ယခုအပတ်အတွင်း အင်္ဂါသားသမီးတွေကတော့-

စီးပွားရေး။ ။ တောင်သူလုပ်ငန်း၊ လယ်ယာနှင့်ဆိုင်သောလုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်းမား ကောင်းပါသည်။ အထူးသဖြင့် စိုက်ပျိုးရေးနှင့်ဆိုင်သော ပစ္စည်းများ ရောင်းချသည့်သူများ စီးပွားဖြစ်တတ်သည်။ သနပ်ခါးပင်စိုက်ပျိုးသူများ အမြတ်များမည်။ ချေူငွေယူမိပါက ပြန်ဆပ်ရန်ခက်ခဲမည်၊ ပြန်မဆပ်နိုင်ဖြစ်တတ်ပါသည်။

ကျန်းမာရေး။ ။ အသဲရောဂါဖြစ်တတ်သည်။ မတော်တဆထိခိုက်မိပြီး ခြေထောက်တွင် ဒဏ်ရာရတတ်သည်။

အချစ်ရေး/အိမ်ထောင်ရေး။ ။ အချစ်ရေးအနေနှင့် သတိထားရပါလိမ့်မည်။ ဟန်ဆောင်တတ်သောအချစ်တု၊ အချစ်ရောင်များ ဝင်နေတတ်သည်။ အိမ်ထောင်ရေးကံကောင်းပါသည်။

ပညာရေး။ ။ပညာရေးအနေနှင့် တက္ကသိုလ်ဝင်တန်းအတွက် ကြိုးစားနေသူများဖြစ်ပါက အင်္ဂလိပ်စာကို အထူးကြိုးစားပါ။

အထွေထွေ။ ။ ယခုတစ်ပါတ်အတွင်း ဝန်ထမ်းများ အိမ်ပြောင်းရပါက ထီးထိုးပါ ကံကောင်းပါသည်။

အကျိုးပေးဂဏန်း – ၃၊ ၅ ၊ ၇။

ယတြာ – အင်္ဂါနေ့တွင် အင်္ဂါနံဘုရားတွင် ထီးအနီရောင် ၃ လက်လှူပေးပါ။

ဗုဒ္ဓဟူး

ယခုအပတ်အတွင်း ဗုဒ္ဓဟူးသားသမီးတို့အနေဖြင့် –

စီးပွားရေး။ ။ ဆက်သွယ်ရေးနှင့်ဆိုင်သော ကွန်ပျူတာ၊တယ်လီဖုန်း စသည့်လျှပ်စစ်ပစ္စည်းများအား ပြည်ပမှ တင်သွင်းခြင်း၊ ရောင်ချခြင်းများ အထူးကံကောင်းပါသည်။ အထူးသတိပြုရန်မှာ ယခုတစ်ပါတ်အတွင်း အစုအစပ်လုပ်ငန်းများတွင် အစုပါဝင်မိပါက ထိုအစုအစပ်လုပ်ငန်းကို အကြောင်းပြုပြီး နောင်တွင် ဖြေရှင်ရပါလိမ့်မည်။

ကျန်းမာရေး။ ။ ယာဉ်ဖြင့် ထိမိခိုက်မိခြင်းများ ဖြစ်တတ်သည်။ ခြေထောက်၊လက်နှင့် ဦးခေါင်းတို့တွင် ဒဏ်ရာများရတတ်သည်။

အချစ်ရေး/အိမ်ထောင်ရေး။ ။ အချစ်ရေးအနေနှင့် ကံကောင်းသော်လည်း အညင်းအခုံဖြစ်နေပါလိမ့်မည်။ အလွန်စိတ်ကောက်တတ်သော ချစ်သူကို ပိုင်ဆိုင်ရမည်။ အိမ်ထောင်ဘက်များအနေနှင့် စီးပွားရေးနောက်ကို လိုက်နေသဖြင့် အိမ်ထောင်ရေးအခြေအနေအေးစက်နေတတ်သည်။အိမ်ထောင်ရေးမသာမယာဖြစ်နေမည်။

ပညာရေး။ ။ပညာရေးအနေနှင့် လက်မှု့ပညာတစ်ခုခုကို သေချာလေ့လာထားရန်လိုပါသည်။

အထွေထွေ။ ။ ယခုတစ်ပါတ်အတွင်း နိုင်ငံဝန်ထမ်းများအနေနှင့် ရာထူးအတွက် စာမေးပွဲဖြေရလိမ့်မည်။ နေရာပြောင်းရတတ်သည်။

ရာဟု ရာဟု သားသမီးတို့ကတော့ ကျန်းမာရေး အနေနှင့် ခါးနာရောဂါရတတ်သည်။ ယာဉ်ရထားသတိထားမောင်းနှင်ပါ။ အချစ်ရေးတွင်လည်း အသဲကွဲနေရတတ်သည်။ စီးပွားရေးတွင် ရေနှင့်ဆိုင်သောလုပ်ငန်းကို ဦးစားပေးသင့်ပါတယ်။ ဝန်ထမ်းဖြစ်ပါက ကံကောင်းပါလိမ့်မည်။

အကျိုးပေးဂဏန်း – ၄ ၊ ၆ ၊ ၈။

ယတြာ။ ။ ဗုဒ္ဓဟူးနေ့တွင် ငှက်(သို့) ငါးများကို လွတ်ပေးပါ။

ကြာသပတေး

ယခုအပတ်အတွင်း ကြာသာပတေး သားသမီးတို့အတွက် –

စီးပွားရေး။ ။ဘဏ်လုပ်ငန်း၊ ငွေကြေးလုပ်ငန်းများ၊ ငွေလွဲလုပ်ငန်းများ၊ ငွေကြေးနှင့်ဆိုင်သော လုပ်ငန်းများ၊ စတော့၊ငွေတိုက်စာချုပ် စသည့်လုပ်ငန်းများအကျိုးပေးသည်။ နိုင်ငံခြားငွေလှဲခြင်း၊ စုဆောင်ခြင်း၊ စသည်တို့လည်း ကောင်းပါသည်။ အထူးသဖြင့် စိန်နှင့်ပါတ်သက်သော လုပ်ငန်းများ အထူးကောင်းပါသည်။ယခုကာလအတွင်း သစ်လုပ်ငန်း လုပ်ဆောင်ပါက ယာယီနားနေသည်ကကောင်းပါသည်။

ကျန်းမာရေး။ ။ နှလုံးရောဂါဖြစ်နေသူများ ဒီတစ်ပါတ်အတွင်း သတိထားပါ။ သွေးချို၊ဆီးချို၊သွေးတိုးရောဂါရှိသူများလည်း အထူးသတိထားပါ။

အချစ်ရေး/အိမ်ထောင်ရေး။ ။ အချစ်ရေးအနေနှင့် ကံကောင်းပါသည်။ ချစ်ရသောသူနှင့် အမြန်ဆုံးလက်ထပ်ရလိမ့်မည်။ အိမ်ထောင်သည်များလည်း အဆင်ပြေနေမည်။

ပညာရေး။ ။ စာမေးပွဲတစ်ခုအတွက် ပြင်ဆင်နေသူဖြစ်ပါက အာရုံစိုက်ပြီး သေချာလုပ်ပါ။

အထွေထွေ။ ။ ဝန်ထမ်းများ ယခုတစ်ပါတ်အတွင်း ရာထူးဆိုင်ရာ သင်တန်းတစ်ခု တက်ရပါလိမ့်မည်။ မိမိအထက်လူကြီးကို အကြောင်းပြုပြီး ငွေဝင်မည်။

အကျိုးပေးဂဏန်း – ၂ ၊ ၈ ၊ ၉။

ယတြာ – ကြာသာပတေးနေ့တွင် ဘုရားတွင် သန့်ရှင်းရေးလုပ်ပေးပါ။

သောကြာ

ယခုအပတ်အတွင်း သောကြာသားသမီးတို့သည် –

စီးပွားရေး။ ။ ဆောက်လုပ်ရေးလုပ်ငန်း၊အိမ်တွင်းအလှဆင်နှင့် အိမ်တွင် လျှပ်စစ်သွယ်တန်းခြင်းလုပ်ငန်း၊ ရေပိုက်လုပ်ငန်းများ ကောင်းပါသည်။ ဆောက်လုပ်ရေးပစ္စည်း ရောင်ဝယ်ခြင်းလည်း အထူးကောင်းပါသည်။

ကျန်းမာရေး။ ၊ နှလုံရောဂါ၊သွေတိုး၊ဆီးချိုသမားများ အထူးသတိထားရမည်။

အချစ်ရေး/အိမ်ထောင်ရေး။ ။ အချစ်ရေးအနေနှင့် ကံတရားက မိမိဘက်မပါဘဲ ဖြစ်နေမည်။ ချစ်သူအနေနှင့် မိမိအား အကဲခတ်နေကြောင်း သတိပြုပါ။ အိမ်ထောင်ရေးသမားများအနေနှင့် အဆင်ပြေမည့်ကာလဖြစ်သည်။

ပညာရေး။ ။ ပညာရေးအနေနှင့် အင်္ဂလိပ်စာနှင့် သချာၤကဲသို့ တွက်ရသော ပညာရပ်များတွင် အလေးပေးလေ့လာပါ။

အထွေထွေ။ ။ ယခုတစ်ပါတ်အတွင်း ဝန်ထမ်းများအနေနှင့် မိမိနှင့် ဌာနတူ သူငယ်ချင်းတစ်ဦးကြောင့် စိတ်သောကရောက်ရတတ်သည်။

အကျိုးပေးဂဏန်း – ၂ ၊ ၅ ၊ ၉။

ယတြာ – သောကြာနေ့တွင် သက်ကြီးလူအိုများကို ရေသန့်ကုသိုလ်ပြုပါ။

စနေ

ယခုအပတ်အတွင်း စနေသားသမီးတို့သည် –

စီးပွားရေး။ ။ ပြည်ပကုန်သွယ်ခြင်းလုပ်ငန်း၊ပြည်ပနှင့်ဆက်သွယ်သောလုပ်ငန်း၊ သွင်းကုန်-ထုတ်ကုန်လုပ်ငန်းများ ကံကောင်းပါသည်။ ရေနံနှင့် သဘာဝဓါတ်ငွေလုပ်ငန်းများကတော့ အေးနေတတ်ပါတယ်။ ငွေကြေးအခက်အခဲဖြစ်တတ်ပြီး အထူးသဖြင့် အိမ်၊ခြံ၊မြေသမားများ ငွေကုန်၊လူပန်းဖြစ်တတ်သည်။

ကျန်းမာရေး။ ။ ဦးခေါင်း၊မျက်စိနှင့် ဆိုင်သော ရောဂါဝေဒနာများရရှိတတ်သည်။အမျိုးသမီးများ သွေးနှင့်ဆိုင်သော ရောဂါလည်း ဖြစ်တတ်သည်။

အချစ်ရေး/အိမ်ထောင်ရေး။ ။ အချစ်ရေးအနေနှင့် ကံကောင်းပါသည်။ ချစ်သူနှင့်ပါက်သက်သော မိဘတို့က သဘောတူမည်။အိမ်ထောင်ပြုရန် ရက်ရွေးရလိမ့်မည်၊ အိမ်ထောင်သည်များအနေနှင့် ဘာသာရေးဆိုင်ရာ ခရီးသွားရမည်။

ပညာရေး။ ။ပညာရေးအနေနှင့် တွက်စာကို ဦးစားပေးပါ။

အထွေထွေ။ ။ ယခုတစ်ပါတ်အတွင်း ဝန်ထမ်းများ ကံကောင်းပါသည်။

အကျိုးပေးဂဏန်း – ၃။၈။၀ ၊

ယတြာ – သူရူးတစ်ယောက်ကို ထမင်းလှူပါ။

ဆရာကင်္ကသူ (ရိုးရာလေး)
Ph.D-Palmistry. (H.A.P.R.I)
Ph- 09-2550 68533

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top