အမေများနေ့

mothers-day.jpg

ဒီနေ့ဟာ ကမ္ဘာလုံးဆိုင်ရာအမေများနေ့ ဖြစ်ပါတယ်။ ဒါကြောင့် ဒီနေ့လေးမှာ ကမ္ဘာပေါ်ကမိခင်တွေအားလုံး မိသားစုနဲ့ သိုက်သိုက်ဝန်းဝန်း ပျော်ပျော်ရွှင်ရွှင်နဲ့ ဖြတ်သန်းနိုင်ပါစေလို့ ရိုးရာလေးက ရှေးဦးစွာဆုမွန်ကောင်း တောင်းအပ်ပါတယ်။

တကယ်တော့ ကမ္ဘာပေါ်မှာ အမေများနေ့ကိုသတ်မှတ်ထားတဲ့နေရက်တွေက တစ်နိုင်ငံနဲ့တစ်နိုင်ငံ မတူညီကြပါဘူး။ ဒီနေ့ မေလ (၁၂) ရက်နေ့မှာ ကျရောက်တဲ့ (မေလရဲ့ ဒုတိယပတ်တနင်္ဂနွေ) ကတော့ အမေရိကန်ပြည်ထောင်စုကသတ်မှတ်ထားတဲ့နေ့ဖြစ်ပြီး အမေများနေ့ဖြစ်လာအောင် ကြိုးပမ်းအားထုတ်ခဲ့သူက အမေရိကန်နိုင်ငံသူ ဂျူလီယာ ဝါ့ဒ်ဟုမ်း (Juila Ward Home) ဖြစ်ပါတယ်။ သူဟာ ကျော်ကြားတဲ့စာရေးဆရာမကြီးတစ်ဦးဖြစ်ပြီး အမေနေ့ဖြစ်မြောက်အောင် သူ့ရဲ့ကလောင်စွမ်းနဲ့ကြိုးပမ်းခဲ့သူပါ။

နိုင်ငံအများစုမှာက အမေများနေ့ကို မတ်လနဲ့ မေလထဲမှာ ကျင်းပတတ်ကြပါတယ်။ မြန်မာနိုင်ငံမှာတော့ နှစ်စဉ် ပြာသိုလပြည့်နေ့ကို အမေများနေ့လို့ သတ်မှတ်ထားပါတယ်။ အမေများနေ့ဖြစ်လာအောင် ကြိုးပမ်းခဲ့သူကေ စာရေးဆရာ၊ ဒါရိုက်တာကြီး ဦးသုခပါ။ ၁၉၉၅ – ခုနှစ်၊ ပြာသိုလ်လပြည့်နေ့မှာ ဆရာကြီး ဦးသုခရဲ့ တိုက်တွန်းပြောပြချက်အရ မန္တလေးမြို့မှာ အမေများနေ့ကို ပထမဦးဆုံးစတင်ကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။ မိဘကျေးဇူးဆပ်နည်း စတဲ့ဗဟုသုတပညာပေးစကားတွေဟာပြောပြီး ခေတ်လူငယ်တွေကို အသိပညာဗဟုသုတ တိုးပွားစေလိုတဲ့ဆန္ဒနဲ့ စတင်ခဲ့တာလည်းဖြစ်ပါတယ်။ ဘယ်လိုပဲ ရက်စွဲတွေကွဲပြားပေမဲ့ ဒီအထိမ်းအမှတ်နေ့တွေရဲ့ တူညီတဲ့အချက်ကတော့ မိခင်တွေကို ဂုဏ်ပြုလိုရင်းသာဖြစ်ပါတယ်။

ဖဝါးလက်နှစ်လုံး ပုခုံးလက်နှစ်သစ်ကတည်းကစပြီး လူလားမြောက်တဲ့အထိ ကျွေးမွေးစောင့်ရှောက်တဲ့ အမေ့ ကျေးဇူးတွေကို ဒီလိုအထိမ်းအမှတ်ရက်လေးတစ်ရက်တည်းနဲ့ ပြန်ဆပ်လို့တော့ မကျေနိုင်ပါဘူး

ဖဝါးလက်နှစ်လုံး ပုခုံးလက်နှစ်သစ်ကတည်းကစပြီး လူလားမြောက်တဲ့အထိ ကျွေးမွေးစောင့်ရှောက်တဲ့ အမေ့ ကျေးဇူးတွေကို ဒီလိုအထိမ်းအမှတ်ရက်လေးတစ်ရက်တည်းနဲ့ ပြန်ဆပ်လို့တော့ မကျေနိုင်ပါဘူး။ ဒါပေမဲ့ ချစ်ရတဲ့ အမေ့အတွက် ကိုယ်က သတိတရရှိတဲ့အကြောင်းကိုတော့ အခုပြောပြပေးမယ့်နည်းလမ်းလေးတွေနဲ့ ပြသလို့ရပါတယ်။ အမေများနေ့မှာ အမေ့အတွက်လုပ်ဆောင်ပေးလို့ရမယ့် နည်းလမ်းလေးတွေကို ကြည့်လိုက်ရအောင်ပါ…။

၁။ အမေ့အတွက်အချိန်ပေးပါ

ဒီလိုအဖိုးတန်တဲ့နေ့ရက်လေးမှာ သင့်ရဲ့ များပြားလှတဲ့အလုပ်တာဝန်တွေကိုခဏထားပြီး ချစ်ရတဲ့အမေအတွက် အချိန်ပေးပါ။ အသက်တွေကြီးလာတာနဲ့အမျှ အထီးကျန်ဆန်လာတဲ့အမေက သားသမီးတွေကို မျှော်နေမှာပါ။ အိမ်နဲ့ အဝေးမှာရောက်နေတယ်ဆိုရင်တောင် အချိန်ပေးပြီး အမေ့ဆီဖုန်းဆက်ပါ။

၂။ ကောင်းမှုကုသိုလ်ပြုလုပ်ပါ

မိဘတွေသင်ကြားပေးတဲ့ပညာနဲ့ ရှာဖွေလို့ရတဲ့လစာငွေကို အမေရဲ့ နောင်သံသရာအကျိုးအတွက် ရင်းနှီးပါ။ အမေနဲ့အတူ ဘုရားအတူတူသွားပြီး ကုသိုလ်ကောင်းမှုတွေပြုလုပ်ပါ။ အမေမရှိတော့တဲ့ သားသမီးတွေကလည်း အလှူဒါနတွေလုပ်ပြီး ဘဝတစ်ပါးကမိခင်ကို အမျှပေးဝေပါ။

၃။ ခရီးအတူတူထွက်ပါ

သားသမီးတွေအတွက် အိမ်မှာပဲ ဘဝကိုမြှုပ်နှံထားခဲ့ရတဲ့ အမေ့မှာလည်း တစ်ခါတစ်လေ စိတ်မွန်းကြပ်မှုတွေရှိပါတယ်။ ခရီးတိုလေးတစ်ခုစီစဉ်ပြီး အမေနဲ့အတူ ခရီးသွားပေးနိုင်ရင်တော့ အမေ့အတွက် စိတ်ထွက်ပေါက်ပေးနိုင်မှာပါ။

၄။ အမှတ်တရပစ္စည်းလေးတွေပေးပါ

သင်ပေးတဲ့လက်ဆောင်ပစ္စည်းက အရမ်းကြီးအဖိုးမတန်ရင်တောင်မှ ကမ္ဘာ့အကောင်းဆုံးလက်ဆောင်ကို လက်ခံရသလို အမြတ်တနိုးနဲ့ ပီတိဖြာမယ့်သူက အမေပါ။ ဒါကြောင့် အမေ့အတွက် အသုံးလိုမယ်ထင်တဲ့အရာတစ်ခုခုကို အမှတ်တရအနေနဲ့ဝယ်ပေးပါ။

၅။ အမေကြိုက်တတ်တဲ့ဟင်းတွေချက်ကျွေးပါ

တစ်သက်လုံး ကိုယ့်အကြိုက်မှန်သမျှကို ချက်ပြုတ်ကျွေးမွေးပေးခဲ့တဲ့ အမေ့အတွက် ဒီလိုနေ့မျိုးမှာ သူကြိုက်မယ့် ဟင်းမျိုးတွေကို တစ်လှည့်ပြန်ချက်ကျွေးလိုက်ပါ။

၆။ Skincare products ဝယ်ပေးပါ

ချစ်ရတဲ့အမေ အမြဲထာဝစဉ်လှပနေေအောင် အရေးအကြောင်းတွေဖလျာ့နည်းဖို့ကူညီပေးတဲ့ anti-aging အလှကုန်ပစ္စည်းမျိုးတွေလည်း ဝယ်ပေးလို့ရပါတယ်။

ဒါတွေကတော့ အမေများနေ့မှာ အမေ့အတွက် တန်ဖိုးရှိရှိဖန်တီးဆောင်ရွက်ပေးနိုင်မယ့်နည်းလမ်းလေးတွေဖြစ်ပါတယ်။ ရိုးရာလေး ပရိသတ်တွေမှာရော ဘယ်လိုစိတ်ကူးလေးတွေရှိနေလဲဆိုတာ ဝေမျှပေးသွားခဲ့ပါဦး…။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top