ပရော်ဖက်ရှင်နယ်သမားတို့ ရှောင်ရှားရမယ့် အမှားတစ်ခု

business-professionals.jpg

ဂျယ်ရီ တစ်ယောက် ရုံးနောက်ကျလို့ ကားအမြန်မောင်းလာတယ်။ တွန်မီ အမည်ရ ပုဂ္ဂိုလ်ကလည်း ရုံးနောက်ကျလို့ ကားအမြန်မောင်းလာပါတယ်။ တွန်မီ နဲ့ ဂျယ်ရီ ကား ၂ စီးဟာ လမ်းကြော ယူမှု တူနေပြီး သူအပြိုင်၊ ကိုယ်အပြိုင်ဖြစ်လာ ပါတယ်။ တစ်ယောက်ကလည်း တစ်ယောက်ကို အကြောမပေးပဲ မောင်းနေကြရာကနေ ကားပြိုင်ပွဲကြီးလို ဖြစ်လာပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် လှမ်းတောင် ဆဲလိုက်ကြပါသေးတယ်။

တွန်မီ ရုံးမှာ ပါကင်ထိုးတော့ သူ့မနီးမဝေးမှာ ဂျယ်ရီက ကားပါကင်ထိုး တာ တွေ့ပါတယ်။ နောက်တော့ ပိုပြီး တိုက်ဆိုင်တာက ဝင်တဲ့အဆောက် အအုံကော၊ စီးတဲ့ ဓာတ်လှေကားပါ သွားတူနေပါတယ်။ အစောက လမ်းပေါ်မှာ တစ်ယောက်နဲ့ တစ်ယောက် ဆဲထား၊ ပြိုင်မောင်းထားကြ တာမို့ ဒေါသတွေ မပြေကြသေး ပါဘူး။

ဒီလိုနဲ့ သွားတဲ့အထပ်ခြင်းကလည်း တူသလို၊ ဝင်တဲ့အခန်းကလည်း တူနေတာကို ၂ ယောက်စလုံး အံ့သြစွာ တွေ့ရှိခဲ့ကြ ပါတယ်။

နောက်တော့ သိလိုက်ရတာက တွန်မီချိန်းထားတဲ့ ရောင်းသူ ဆိုတာ ဂျယ်ရီ ဖြစ်ပြီး ဂျယ်ရီချိန်းထားတဲ့ ကုန်ပစ္စည်းဝယ်မယ့် Customer က တွန်မီ ဖြစ်နေပါတယ်။ ၂ ယောက်သား ကားအပြိုင်မောင်းလာကြပြီး တစ်ယောက်နဲ့တစ်ယောက် ဆဲဆို ထားကြတာ အရောင်းအဝယ် လုပ်ဖြစ်ဖို့က မသေချာ တော့ပါဘူး။ သို့ပေမယ့် ၂ ယောက်စလုံးကလည်း အကြပ်အတည်းတွေ့နေကြ ပါတယ်။ ၂ ယောက်စလုံးကလည်း အနေရအခက်ဆုံး အခြေအနေတစ်ခုကို ရောက်သွား ပါတယ်။

သင်ခန်းစာ –

Professionalism လို့ခေါ်တဲ့ ပရော်ဖက်ရှင်နယ်ကျကျ နေထိုင်၊ပြောဆို၊ ကျင့်ကြံတတ်မှု ဘာသာရပ် ထဲမှာ Private နဲ့ Business Life ကို Sector ခွဲတဲ့ အကြောင်းအရာ ပါရှိပါတယ်။ အိမ်ကနေ ထွက်လာရင် Private Life ( Family Life ) က ခေတ္တရပ်သွားပါပြီ။ ခြံပြင်ထွက်လိုက်တာနဲ့ Business Life ကိုဦးတည်ပါတယ်။ ဒီလိုဦးတည်ချိန် ရုံးနောက်ကျတဲ့ အတွေးအခေါ် စိုးရိမ်စိတ် တစ်ခု ကြောင့်ပဲ လမ်းခရီးမှာ တွေ့ကြုံရသမျှကို စိတ်အလို မကျ၊ ပြုမှု တုန့်ပြန်နေခြင်းက Professional မကျတဲ့ လုပ်ရပ် ဖြစ်ပါတယ်။ ထိုနည်းတူစွာ လုပ်ငန်းခွင် ပြဿနာကိုလည်း အိမ်ကို သယ်မပြန်ရပါဘူး။ သင့် Sector နဲ့ သူ Sector ခွဲပြီး မလိုအပ်တဲ့ တုံ့ပြန်မှုတို့ကို မပြုလုပ်ရန် လိုအပ်ပါတယ်။

အောင်ခမ်း ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top