ဘာကြောင့် စောင်ခြုံအိပ်သင့်ပါသလဲ။

Thereu2019s-a-Scientific-Reason-Why-You-Always-Sleep-Under-BlanketsEven-When-Itu2019s-Hot_493927267_Joyseulay-1024x683.jpg

အမြဲတမ်းလိုလိုပါပဲ။ သိပ္ပံပညာရပ်က လူတွေ ရဲ့ ပေါက်ပေါက် ရှာရှာ မေးခွန်းတွေကို အဖြေပေးလေ့ရှိပါတယ်။ လူတွေရဲ့ခန္တာကိုယ်အပူချိန်ဟာ အိပ်ခါနီးနဲ့ အိပ်တဲ့အချိန်မှာ အလိုလျောက်ကျဆင်းသွားပါတယ်။

ဒီတော့ စောင်ပါးပါးပဲဖြစ်ဖြစ် အထူပဲဖြစ်ဖြစ် ရာသီဥတုကိုလိုက်ပြီး ဖုံးလွှမ်းထားသင့်ပါတယ်။ ဒီအတိုင်းအိပ်မောကျသွားတဲ့အခါ ညဘက်အအေးဓာတ်ဟာ ခန္ဓာကိုယ်ထဲစိမ့်ဝင်လာပြီး ကိုယ်တွင်းအပူဓာတ်ကို ပိုမိုကျဆင်းစေတတ်ပါတယ်။ လုံးဝအိပ်မောကျနေတဲ့အဆင့်မှာ ခန္ဓာကိုယ်ဟာ ကိုယ်ပိုင်အပူချိန်ကို မထိန်းညှိနိုင်တော့ပါဘူး။ ဒါ့ကြောင့် စောင်တစ်ထည်ခြုံထားတာက နွေးထွေးစေတဲ့အပြင် ကျန်းမာရေးအရပါ ကောင်းပါတယ်။

မကြာသေးမီက လေ့လာချက်တစ်ခုအရ စောင်ထူထူခြုံအိပ်တာဟာ စိုးရိမ်စိတ်တွေ၊ စိတ်ဖိစီးမှုတွေ များတဲ့လူနာတွေနဲ့ အိပ်မပျော်တဲ့လူနာများအတွက် အကျိုးကျေးဇူးတွေ အများကြီးရှိနိုင်တယ်လို့ သိရပါတယ်။ ဘာကြောင့်ဆိုတော့ ဒီလို စောင်လွှမ်းခြုံအိပ်ခြင်းအားဖြင့် လူတစ်ယောက်ကို စိတ်ထဲမှာ လုံခြုံမှုရှိတယ်လို့ခံစားရစေနိုင်ပါတယ်။ ဒါ့အပြင် ဦးနှောက်ရဲ့ဆယ်ရီတိုနင် ကိုတိုးမြင့်စေကာ စိတ်ဖိစီးမှုကိုဖြစ်စေတဲ့ ဟော်မုန်းတွေကို လျှော့ချပေးနိုင်ပါတယ်။ ညဘက်တွေမှာလည်း ကောင်းကောင်းအိပ်မောကျစေနိုင်ပါတယ်။

စောင်ခြုံပြီးအိပ်ခြင်းဟာ လူတစ်ယောက်ပွေ့ဖက်ပေးထားသလိုပဲ လုံခြုံမှုရှိသလိုခံစားစေရတဲ့အပြင် အပြင်က ဖိအားတစ်ခုသက်ရောက်စေတာကြောင့် ခန္ဓာကိုယ်ကို သက်တောင့်သက်သာရှိစေပါတယ်။ ပူတဲ့ရာသီဥတုမျိုးတောင်မှ ဒါကသက်တောင့်သက်တာ ခံစားရစေပါတယ်။ စောင်ထူထူခြုံလွှမ်းခြင်းက တစ်ကိုယ်လုံးရဲ့အခြေအနေကို တည်ငြိမ်စေပြီး ကုထုံးတစ်ခုအနေနဲ့တောင် အသုံးပြုလေ့ရှိကြပါတယ်။ ကလေးငယ်တွေဆိုရင် ရင်ဘတ်ပေါ် စောင်ပါးပါးလေးလွှမ်းပေးထားသလိုမျိုးပေါ့။ စိတ်တည်ငြိမ်စေပြီး ပြင်ပအနှောင့်အယှက်တစ်ခုခုကြောင့် လန့်လန့်နိုးတတ်တာကို ကာကွယ်ပေးထားပါတယ်။ တစ်ခြားစိတ်ပိုင်းဆိုင်ရာဖိအားအချို့ကိုလည်း ကျဆင်းစေဖို့ ကုထုံးအနေနဲ့သုံးကြတာ တွေ့ရပါတယ်။

Ref : Reader’s digest : Why we sleep under blankets

Sophia (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top