လူ့ခန္ဓာကိုယ်ကို ဖောက်ထွင်းမြင်နိုင်သော ကင်မရာတီထွင်

c03739877944a21faedc3799b1939222bd7d00b273e1844d5bebd7a82954d97d_4091329.jpg

ဆရာဝန်တွေ အသုံးပြုတဲ့ ကိုယ်တွင်းကြည့် မှန်ပြောင်းများကို ကူညီပေးမယ့် ကင်မရာတစ်မျိုးကို သိပ္ပံပညာရှင်တွေက တီထွင်လိုက်ပါတယ်။

ဒီကင်မရာက ခန္ဓာကိုယ်အတွင်းပိုင်းဆိုင်ရာမှာ စစ်ဆေးမှုတွေ ပြုလုပ်ပေးမှာဖြစ်ပါတယ်။ အခုအချိန်ထိ ကိုယ်တွင်း ကလီစာတွေကို စစ်ဆေးဖို့အတွက် ကုန်ကျမှု များပြားတဲ့ x-ray လိုမျိုး၊ scan ဖတ်တာတွေကို အားကိုးခဲ့ရပါတယ်။ အခုတီထွင်လိုက်တဲ့ ကင်မရာဟာ ခန္ဓာကိုယ်အတွင်းပိုင်းမှာရှိတဲ့ မှန်ပြောင်းတွေက ထုတ်လွှင့်တဲ့ အလင်းတွေကို ထောက်လှမ်းပြီးတော့ ပြန်လည်ပုံဖော်ပေးတဲ့စနစ်ကို သုံးထားပါတယ်။

အီဒင်ဘာ့ခ်ျ (Edinburgn) တက္ကသိုလ်ရဲ့ ပါမောက္ခ ကေ့ဗ်ဒလိဝယ် (Kev Dhaliwal)က ဒါဟာ နောက်ထပ် ဒီလိုမျိုးတွေ ထပ်ထုတ်လုပ်ဖို့အတွက် ခြေလှမ်းအစပါပဲလို့ပြောပါတယ်။ ဒီကင်မရာလေးဟာ ခန္ဓာကိုယ်ထဲထည့်သွင်းထားတဲ့ ကိုယ်တွင်းကြည့်မှန်ပြောင်းတွေကို ခြေရာခံပြီး ဖော်ပြပေးမှာဖြစ်ပါတယ်။ တစ်ရှုးတွေကိုပါ ဖောက်ထွင်းမြင်နိုင်ပြီး ရိုက်ကူးနိုင်ပါတယ်။ အရင်ကဆိုရင် ဒီကိုယ်တွင်းကြည့် မှန်ပြောင်းတွေကို ခြေရာပြန်ခံနိုင်ဖို့အတွက် ရှုပ်ထွေးတဲ့နည်းလမ်းတွေ သုံးခဲ့ရပါတယ်။ ဒီလိုအခက်အခဲတွေကို လျှော့ချပေးဖို့ ရည်ရွယ်ပါတယ်လို့ ကေ့ဗ်က ဆိုပါတယ်။

ကိုယ်တွင်းကြည့်မှန်ပြောင်းတွေက ထုတ်လွှင့်တဲ့အလင်းတွေဟာ တစ်ရှုးတွေနဲ့ ကိုယ်တွင်းအင်္ဂါ အစိတ်အပိုင်းတွေ ကြားခံနေတာကြောင့် ပုံဖော်တဲ့အခါ ရှုပ်ထွေးတဲ့ပုံရိပ်တွေ ထွက်ပေါ်လာလေ့ရှိပါတယ်။ ဒီကင်မရာကတော့ ဒါတွေကို ပူစရာမလိုပဲ ရှင်းလင်းတဲ့ပုံရိပ်တွေ ထုတ်ပေးမှာပါ။ သူက ဖိုတွန်လို့ခေါ်တဲ့ အလင်းမှုန်လေးတွေကို အာရုံခံပါတယ်။ အလင်းမှုန် တွေ့တဲ့လမ်းကြောင်း မှန်သမျှကို အချိန်နဲ့အမျှ မှတ်တမ်းတင်ထားမှာဖြစ်ပါတယ်။ သူက ဖိုတွန်တစ်လုံးခြင်းဆီရဲ့လမ်းကြောင်းကို ခြေရာခံနိုင်ပါတယ်။

Ref: Sky News :New Camera can see through the human body

Sophia (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top