တန်ဖိုးမဖြတ်နိုင်တဲ့ညစာ

Evening-Dinner-with-a-father..jpg

နာမည်ကြီးစားသောက်ဆိုင်တစ်ခုရဲ့အတွင်းမှာ လာရောက်စားသုံးသူ ဧည့်သည်များနဲ့ စည်ကားလို့နေပါတယ်။ အဲဒီအချိန်မှာ အသက်(၆၀)ဝန်းကျင်အဖေဖြစ်သူကို သားဖြစ်သူက တွဲကူရင်းနဲ့ မှန်တံခါးကိုတွန်းဖွင့်ပီး ဆိုင်ထဲကို တဖြည်းဖြည်းလမ်းလျှောက်လာပါတယ်။

စားပွဲဝိုင်းတစ်ခုမှထိုင်ပြီးနောက်မှာတော့ အဖေဖြစ်သူအတွက် အကောင်းဆုံးနဲ့ အသင့်တော်ဆုံးဖြစ်မယ့် အစားအသောက်တွေကို မှာယူလိုက်ပါတယ်။ အချိန်ခဏကြာပြီးနောက်မှာ မှာထားတဲ့ အစားအစာတွေရောက်လာပါတယ်။ အဖေဖြစ်သူဟာ အသက်အရွယ်ရလာပြီး လက်တွေတုန်ရီနေတဲ့အတွက် အစာအသောက်စားသုံးရာမှာ အကျီ၊ ဘောင်းဘီပေါ်ကို ဖိတ်စင်ကျကုန်ပါတယ်။ ဒီအခါမှာ သားဖြစ်သူကပဲ အစားအသောက်တွေအားလုံးကို စိတ်ရှည်ရှည်နဲ့ ခွံ့ကျွေးပေးခဲ့ပါတယ်။

ဒီလိုမျိုးခွံကျွေးနေတာကို အခြားဧည့်သည်တွေက စိတ်ဝင်တစားကြည့်လို့နေပေမဲ့လည်း သားဖြစ်သူကတော့ ပတ်ဝန်းကျင်ကိုဂရုမစိုက်ဘဲ အဖေဖြစ်သူစားသောက်လို့ပြီးသွားတဲ့အထိ စိတ်ရှည်ရှည်နဲ့ ကိုယ်တိုင်ခွံကျွေးနေခဲ့ပါတယ်။

စားသောက်လို့ပြီးတဲ့အခါ အဖေဖြစ်တဲ့သူကိုလက်တွဲပြီး သန့်စင်ခန်းကိုခေါ်သွားကာ အကျီဘောင်းဘီတွေမှာ ဖိတ်စင်နေတဲ့ အစားအစာအစွန်းအထင်းတွေကို စိတ်ရှည်ရှည်နဲ့ သန့်ရှင်းပေးပြန်ပါတယ်။ အဲဒီနောက် သားအဖနှစ်ယောက် သန့်စင်ခန်းထဲကနေ ခန်းမထဲကိုပြန်ထွက်လာခဲ့ပြီး ကျသင့်ငွေရှင်းကာ ဆိုင်အပြင်ကို ဖြည်းဖြည်းနဲ့ မှန်မှန် လမ်းလျှောက်ထွက်လာခဲ့ပါတယ်။

အဖေဖြစ်တဲ့သူကိုလက်တွဲပြီး ဆိုင်အပြင်ကို ဖြည်းဖြည်းနဲ့ မှန်မှန် လမ်းလျှောက်ထွက်လာခဲ့ပါတယ်

ဆိုင်ပြင်တံခါးဝကိုရောက်ခါနီးမှာ လူကြီးတစ်ယောက်က သားဖြစ်သူကို “ကောင်လေး ဆိုင်ထဲမှာ တစ်ခုခုများကျန်ခဲ့တယ်လိ့ုမထင်ဘူးလား” လို့မေးလိုက်တဲ့အခါ ” မကျန်ခဲ့ပါဘူူး။ ကျွန်တော့်ပစ္စည်းတွေအားလုံး ကျွန်တော်နဲ့တစ်ပါတည်းပါပါတယ်ခင်ဗျ။ မကျန်ခဲ့ပါဘူး” ဒီအခါ လူကြီးက “ဟုတ်ပါတယ်။ မင်းပါလာခဲ့တဲ့ သက်မဲ့အရာဝတ္တုတွေအားလုံးကတော့ မကျန်ခဲ့ပါဘူး။ ဒါပေမဲ့ အသက်အရွယ်ရနေပြီဖြစ်တဲ့မိဘတွေအပေါ် ဘယ်လိုပြုမူဆက်ဆံရမလဲဆိုတာပြသခဲ့တဲ့ မင်းရဲ့အပြုအမူတွေဟာ ဒီဆိုင်အတွင်းမှာစားသောက်နေတဲ့ ဧည့်သည်တွေ၊ ဝန်ထမ်းတွေအတွက်တော့ အဖိုးမဖြတ်နိင်တဲ့သင်ခန်းစာတစ်ခုကို ချန်ထားပေးခဲ့သလိုပဲ။ အဲဒီအတွက် မင်းကို အားလုံးရဲ့ကိုယ်စား ကျေးဇူးတင်ပါတယ်” လို့ပြောလိုက်ပါတယ်။

ဒီအကြောင်းအရာလေးကနေပေးချင်တဲ့ အသိလေးတစ်ခုကတော့ ငယ်စဉ်က ကျွန်တော်တို့မေးသမျှကို စိတ်ရှည်ရှည်နဲ့ပြန်လည်ဖြေကြားပေးခဲ့သလိုမျိုး မိဘတွေအသက်ကြီးလို့ နားတွေမကောင်းတော့တဲ့အခါ မအော်မငေါက်ဘဲ ပြန်လည်ဖြေကြားပေးပါ။ ကျွန်တော်တို့ငယ်စဉ်က ကစားကွင်းတွေမှာ အစားသောက်ကောင်းတွေစားသောက်ခဲ့ရသလို မိဘနှစ်ပါး အသက်ရွယ်အိုမင်းလာလို့ မသွားနိင်မလာနိင်တဲ့အခါ အိမ်အတွင်းမှာ ပိတ်မလှောင်ထားဘဲ ပြင်ပလောကမှာ ပျော်ရွှင်ကြည်နူးစရာလေးတွေဖန်တီးပေးပါ။ ကျွန်တော်တို့ဇွန်း၊ ခရင်းတွေ မကိုင်တတ်ခင်တုန်းက မိဘတွေခွံကျွေးတာကိုစားခဲ့ရသလိုမျိုး မိဘနှစ်ပါးအသက်အရွယ်ရလို့ ခြေတွေလက်တွေမခိုင်တော့တဲ့အခါ စိတ်ရှည်ရှည်နဲ့ အချိန်ယူပြီးကြင်နာပေးပါ။ ဂရုစိုက်ပေးပါ။

နှစ်ပေါင်းများစွာ အနွံတာအနစ်နာခံခဲ့ကြတဲ့ မိဘတွေရဲ့ကျေးဇူးတရားကို ကျေးဇူးသိတတ်သင့်ပါတယ်

တစ်လုပ်စားဖူး သူ့ကျေးဇူးဆိုတာ အားလုံးကြားဖူးကြမှာပါ။ သူစိမ်းရဲ့ ထမင်းတစ်လုပ်စားဖူးရင်တောင် ကျေးဇူးပြန်ဆပ်ဖို့စဉ်းစားရသေးတာပဲ။ ကျွန်တော်တို့ လူလားမြောက်အောင် နှစ်ပေါင်းများစွာ အနွံတာအနစ်နာခံခဲ့ကြတဲ့ မိဘတွေရဲ့ကျေးဇူးတရားကို ပိုလို့တောင် ကျေးဇူးသိတတ်သင့်ပါတယ်။

Ref: “Evening Dinner with a father”
Paradise (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top