Vivo ရဲ့ Y series အသစ်ကို ပြည်တွင်ဈေးကွက်တွင် မကြာမီ ရောင်းချမည်

3.jpg

24MP အရှေ့ကင်မရာနှင့် FullView Display ပါဝင်သည့် V7/ V7+ တို့ကို ပြည်တွင်းဈေးကွက်တွင်း ဖြန့်ချီခဲ့ပြီး Vivo အနေဖြင့် နောက်ထပ် ထုတ်ကုန်သစ် တစ်ခုကို ထပ်မံမိတ်ဆက်ရောင်းဦးမယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့လအတွင်းက V7 ကို မိတ်ဆက် ရောင်းချခဲ့သည့်အတွက် ယခုတစ်ခေါက် တင်သွင်းရောင်းချမည့် ထုတ်ကုန်မှာ Y series အမျိုးအစားဖြစ်တဲ့ Y65 ကို တင်သွင်း ရောင်းချမည်ဖြစ်ကြောင်း သိရပါသည်။ Y65 သည် 5.5 လက်မအကျယ် ရိုးရိုးမျက်နှာပြင် ဖုန်းအမျိုးအစားဖြစ်ပြီး FullView အမျိုးအစား မဟုတ်ကြောင်း သိရပါတယ်။

အရှေ့ကင်မရာမှာ 5MP ဖြစ်ပြီး အနောက်ကင်မရာမှာ 13MP ဖြစ်ကြောင်းသိရပါသည်။ Y65 တွင် processor အဖြစ် Qualcomm Snapdragon Quad-Core 1.4GHz ကိုအသုံးပြုထားပြီး RAM 3GB, Storage 16GB ဖြစ်ကြောင်းသိရပါသည်။ ဘက်ထရီအနေဖြင့် 3000 mAh (TYP) ဖြစ်ကြောင်းလည်းသိရပါသည်။

Vivo ထုတ်ကုန် series နှစ်မျိုးအနက် V7/V7+ တို့ဟာ တန်ဖိုးမြင့် ထုတ်ကုန် ဖြစ်ပြီးအခြား series ဖြစ်သည့် Y series သည် ဈေးနှုန်းအနည်းငယ် လျော့ကျသော ထုတ်ကုန်အမျိုးအစား ဖြစ်ပါသည်။ သို့ရာတွင် Y65 ၏ ဈေးနှုန်းကို လက်ရှိအချိန်အထိ မသိရှိရသေးဘဲလာမည့် နှစ်ဦးပိုင်းခန့်တွင် စတင်ဝယ်ယူနိုင်မည်ဖြစ်ကြောင်းသာ သိရပါသည်။

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top