နောက်ဆုံးပေါ် iPhone14 ထက် အဆ ၄၀ ကျော် ဈေးပိုရခဲ့တဲ့ ပထမမျိုးဆက် iPhone

17-10-2022-yyl-42.jpg

Apple ရဲ့နောက်ဆုံးထွက်ဖုန်း iPhone 14 က ၇၉၉ ဒေါ်လာတန်ပေမဲ့ ၂၀၀၇ ခုနှစ်က ထွက်ရှိခဲ့တဲ့ ပထမဆုံးမျိုးဆက် iPhone ကတော့ အဲဒီထက်ပိုပြီး ဈေးကြီးနေပါတယ်။ ဘာလို့အခုလိုပြောရလဲဆိုရင် ပထမမျိုးဆက် iPhone ကို လေလံတင်ရောင်းချရာမှာ ၃၉၃၃၉ ဒေါ်လာနဲ့ ရောင်းထွက်ခဲ့လို့ပါပဲ။

၂၀၀၇ ခုနှစ်ရဲ့ ပထမဆုံးမျိုးဆက် iPhone ကို LCG Auction မှာ လေလံတင်ခဲ့ပြီး ခန့်မှန်းထားခဲ့တဲ့ ဒေါ်လာ ၃ သောင်းကျော်နဲ့ ရောင်းထွက်သွားခဲ့ပါတယ်။ အဲဒီ iPhone က ပါကင်ပိတ်အသစ်ဆက်ဆက်ဖြစ်ပြီး internal storage က 8GB ပါ။ ၂၀၀၇ ခုနှစ်က ၅၉၉ ဒေါ်လာနဲ့ ရောင်းချခဲ့တာပါ။ အခုဆိုရင် ဒေါ်လာ ၃ သောင်းကျော်နဲ့ လေလံအောင်သွားတာကြောင့် မူရင်းဈေးထက် အဆ ၅၀ တန်ဖိုးရှိပါတယ်။

ပထမဆုံးမျိုးဆက် iPhone ရဲ့ Screen က ၃.၅ လက်မ၊ ကင်မရာက 2megapixel ဖြစ်တဲ့အပြင် Web Browser တစ်ခုလည်းပါ ပါတယ်။ Apple ရဲ့ပူးတွဲတည်ထောင်သူနဲ့စီအီးအို စတိဗ်ဂျော့စ်က ဒီဖုန်းကို စတင်မိတ်ဆက်ပေးခဲ့တဲ့အချိန်က “iPodတစ်လုံး၊ ဖုန်းတစ်လုံး၊ အင်တာနက်ဆက်သွယ်မှုတစ်ခုတို့ကို တစ်ခုတည်းမှာ အားလုံးပေါင်းစည်းထားတာဖြစ်တယ်”လို့ ဆိုခဲ့တာပါ။

ဒီiPhone ကို စက်တင်ဘာ ၃၀ ရက်နေ့ကစပြီး ဒေါ်လာ ၂၅၀၀နဲ့ လေလံဈေးဖွင့်ခဲ့ပြီး အောက်တိုဘာ ၁၆ ရက်နေ့မှာ လေလံဈေးပိတ်သိမ်းခဲ့တာပါ။

Ref: Insider “An unopened first-generation iPhone from 2007 in its original box could auction for more than $30,000 — 50 times its original price”

WL ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top