Galaxy A53 5G စမတ်ဖုန်းတွေကို မြန်မာနိုင်ငံမှာ ကြိုတင်မှာယူနိုင်ပြီ

Photo_8.jpg


စွမ်းဆောင်ရည် မြင့်မားပြီး မျက်နှာပြင် ကြီးမားတဲ့ Galaxy A53 5G စမတ်ဖုန်းတွေကို မြန်မာနိုင်ငံမှာ ကြိုတင်မှာယူနိုင်ပါပြီ။ Galaxy A53 5G စမတ်ဖုန်းဟာ 120Hz refresh rate ပါရှိတဲ့ ကြီးမားကျယ်ပြန့်သော ၆.၅” FHD+ Super AMOLED Infinity-O မျက်နှာပြင်၊ စွမ်းဆောင်ရည်မြင့် နောက်ကင်မရာ ၄ လုံး (12 MP Ultra-Wide, 64 MP Main, 5 MP Depth နှင့် 5 MP Macro)၊ 5nm high performance AP 25W နဲ့ Super-Fast Charging လုပ်ဆောင်ချက်ပါရှိတဲ့ ကြာရှည်ခံ 5,000 mAh ဘက်ထရီ ပါဝင်ပါတယ်။

8+256 GB မှတ်ဉာဏ်ပမာဏနဲ့ ‌ရေအောက် ၁ မီတာအနက်တွင် မိနစ် ၃၀ ခန့် ထားရှိနိုင်တဲ့ IP67 အဆင့်ရှိ Water & Dust Resistance စွမ်းဆောင်ရည်တွေပါပါတယ်။ အနက်ရောင်၊ အပြာနုရောင်၊ မက်မွန်သီးရောင်ဆိုတဲ့ အရောင် (၃)မျိုး ထုတ်လုပ်ထားပြီး ကြိုက်နှစ်သက်ရာ အရောင်ကို ၂၀၂၂ခုနှစ် မတ်လ ၁၈ ရက်၊ မှ ၂၇ရက်အထိ (ပစ္စည်းလက်ကျန်ရှိသည်အထိ) ကြိုတင်စာရင်းသွင်းမှာယူနိုင်ပါပြီ။


Samsung Myanmar ဟာ ကြိုတင်မှာယူမှုတွေအတွက် Mobile Banking ကနေအပြည့်အဝ လက်ခံပေးဖို့ စီစဉ်နေပြီး CB Bank ၏ IPP Store သုံးမယ်ဆိုရင် ၆ လအထိ အတိုးမဲ့ (0% Interest) အရစ်ကျဝယ်ယူသွားနိုင်မှာပါ။ ကြိုတင်မှာယူသူတွေဟာ ကနဦးအဖြစ် မြန်မာငွေကျပ် ၁၀၀,၀၀၀ ပေးသွင်းရမှာဖြစ်ပြီး ၂၀၂၂ ခုနှစ်၊ မတ်လ ၃၀ ရက်နေ့ကျရင် မှာထားတဲ့ဖုန်းတွေကို လက်ကျန်ဖုန်းတန်ဖိုးငွေ အပြည့်ပေးပြီး ဖုန်းအရောင်းဆိုင်တွေမှာ သွားရောက်ထုတ်ယူနိုင်မှာပါ။

ကြိုတင်မှာယူထားသူတွေကို Samsung Myanmar က Galaxy Fit 2 (ပစ္စည်းလက်ကျန်ရှိသည်အထိသာ) ပေးမယ့်အပြင် Galaxy Watch 4 (၅) လုံး၊ Galaxy Buds 2 (၁၅) စုံ ပါဝင်တဲ့ Lucky Draw Program မှာလည်း ကံစမ်းခွင့် ရရှိမှာပါ။
၂၀၁၉ အထက် Samsung နဲ့ Apple စမတ်ဖုန်းမော်ဒယ်တွေ၊ ၅ သိန်းနဲ့အထက် တန်ဖိုးရှိ တခြားစမတ်ဖုန်းကိုင်ဆောင်သူတွေအနေနဲ့လည်း လိုအပ်တဲ့ ငွေကြေးပမာဏ ထပ်စိုက်ပေးပြီး Galaxy A53 5G စမတ်ဖုန်းနဲ့ လဲလှယ်ဝယ်ယူခွင့် ရရှိမှာပါ။ အဲဒီလို လဲလှယ်ဝယ်ယူသူတွေအတွက် ထပ်ဆောင်းအပိုလက်ဆောင်အဖြစ် မြန်မာငွေကျပ် ၁၀၀,၀၀၀ ပြန်ပေးသွားမယ်လို့ သိရပါတယ်။ ဈေးနှုန်းကတော့ မြန်မာငွေကျပ် ၁,၀၄၉,၀၀၀ ကျသင့်မှာပါ။

Nz ( ရိုးရာ‌လေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top