နွေရာသီပြီးလို့ မိုးရာသီရောက်လာတာနဲ့ ကျွန်တော်တို့အနီးနားက အရာရာတိုင်းကလည်း ပြောင်းလဲသွားပါတယ်။ အနီးနားမှာ အပင်တွေ စိမ်းလန်းစိုပြေနေတာကို မြင်တွေ့ရမှာပါ။ ဒါပေမဲ့ မိုးရာသီမှာ ခြင်ပေါက်ဖွားတတ်တဲ့ အတွက် ခြင်နဲ့ဆက်စပ်တဲ့ရောဂါတွေ ကူးစက်ခံရမှာ ကြောက်ရပါတယ်။ ခြင်ကြောင့်ဖြစ်တတ်တဲ့ရောဂါတွေက အသက်သေစေနိုင်ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကလည်း ခြင်ကိုက်မခံရအောင် ကိုယ့်ကိုယ့်ကိုယ်ဂရုစိုက်ကြဖို့ သတိပေးထားပါတယ်။ ခြင်ကိုက်ခံရခြင်းကနေ ရှောင်ရှားဖို့အတွက် ကြိုတင်ကာကွယ်မှုတွေ လုပ်ထားဖို့အရေးကြီးပါတယ်။ ကိုယ့်ကိုယ်ကိုယ်ကာကွယ်ဖို့အတွက် လုပ်လို့ရတဲ့ အရာတွေကတော့
ခပ်ပွပွအဝတ်အစားတွေကို ဝတ်ဆင်ပါ

ခပ်ပွပွအဝတ်အစားတွေကို ဝတ်ဆင်တာကလည်း ခြင်ကိုက်ခံရခြင်းကနေ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့အတွက် အကောင်းဆုံးခုခံနည်းပါပဲ။ အဝတ်အစားကို ခပ်ပွပွဝတ်ထားတဲ့အတွက် သင့်အရေပြားဆီ ရောက်အောင်လာနိုင်မှာ မဟုတ်ပါဘူး။ သင်က အဝတ်အစားကို ခန္ဓာကိုယ်နဲ့အကိုက်ဝတ်ဆင်ထားတဲ့အခါ သင့်ကို ခြင်ကိုက်ဖို့အတွက် လွယ်ကူစေပါတယ်။
အရောင်ဖျော့တဲ့၊ အရောင်နုတဲ့အဝတ်အစားကို ဝတ်ဆင်ပါ

သွေးစုပ်တဲ့အင်းဆက်ပိုးမွှားတွေကို မှောင်တဲ့ဘက်သွားတဲ့ အဝတ်အစားတွေနဲ့ ဆွဲဆောင်လို့ရပါတယ်။ အထူးသဖြင့် အနက်ရောင်ပါပဲ။ သင်က အနက်ရောင်အဝတ်အစားကို ဝတ်ထားတယ်ဆိုရင် သင့်နားမှာ ခြင်တွေဝိုင်းနေမှာ အသေအချာပါပဲ။ ညနေ့ခင်းဘက် အပြင်သွားမယ်ဆိုရင် အရောင်ဖျော့တဲ့၊ အရောင်နုတဲ့အဝတ်အစားတွေကို ဝတ်ဆင်သင့်ပါတယ်။
Dryer Sheet ကို သင့်အိတ်ကပ်ထဲ ထည့်ထားပါ

ဒီနည်းက ရှေးလူကြီးတွေရဲ့နည်းမဟုတ်ပေမယ့် Dryer Sheet က လီနာလိုလ် (Linalool) နဲ့ ဘီတာ- ဆီထရိုနယ်လ်လို (beta-citronellol) ဓာတ်တွေပါဝင်ပါတယ်။ ဒီဓာတ်နှစ်ခုလုံးကို ခြင်နိုင်ဆေးတွေမှာ အသုံးပြုလေ့ရှိကြပါတယ်။ Dryer Sheet ကို သင့်အိတ်ကပ်ထဲ ထည့်ထားမယ်ဆိုရင် ခြင်တွေက သင့်နားကို လာမှာမဟုတ်ပါဘူး။
မရှိမဖြစ်ဆီ (Essential Oil)

သင့်အဝတ်အစားမှာ မရှိမဖြစ်ဆီတစ်မျိုးမျိုးကို သုတ်ထားမယ် (ဒါမှမဟုတ်) ဖြန့်ထားမယ်ဆိုရင် ခြင်တွေကို အဝေးကို မောင်းထုတ်နိုင်ဖို့ အကူအညီပေးနိုင်ပါတယ်။ ခြင်တွေက ပူရှိန်း၊ ပင်စိမ်း၊ ယူကလစ်၊ စပါးလင်အနံ့တွေကို မကြိုက်ကြပါဘူး။ ဒီဆီတွေရဲ့အနံ့က ခြင်တွေကို အဝေး မောင်းထုတ်နိုင်တဲ့အပြင် မိုးရာသီအတွင်းက အောက်သက်သက်အနံ့တွေကိုလည်း ဖယ်ရှားနိုင်ဖို့ ကူညီပေးမှာဖြစ်ပါတယ်။
အမွေးနံ့သာတိုင်တစ်ခုခုကို မီးညှိထားပါ

အခိုးအငွေ့တွေကလည်း ခြင်တွေကို အဝေးသို့မောင်းထုတ်ဖို့အတွက် အကူအညီဖြစ်နိုင်ပါတယ်။ ဒါကြောင့် အမွေးနံ့သာတိုင်ကို အသုံးပြုပြီး အခိုးအငွေ့တွေထွက်လာအောင် လုပ်ပေးလို့ရပါတယ်။
သင် ဂရုစိုက်ဖို့လိုတဲ့ အခြားအရာတွေ

ကိုယ့်ကိုယ်ကိုယ် ခြင်ကိုက်ခံရတာကနေ ကာကွယ်တာအပြင် သင့်အိမ်အနီးနားမှာ ခြင်မပေါက်ဖွားနိုင်အောင် ကာကွယ်ဖို့လည်း အရေးကြီးပါတယ်။ သင်လုပ်ရမှာက
- သင့်အိမ်ပတ်ဝန်းကျင်ကို သန့်စင်အောင်ထားပါ
- တစ်ကိုယ်ရည်သန့်ရှင်ရေးကို ထိန်းသိမ်းပါ
- မိုးရေထဲရွှဲရွှဲစိုသွားရင် သေချာရေချိုးပေးပါ
- လမ်းဘေးစားတွေမစားပါနဲ့
- ရေဝပ်နေတဲ့နေရာတွေကို ဖယ်ရှားပါ
စာဖတ်ပရိသတ်တွေအားလုံးလည်း မိုးတွင်းကာလ ခြင်အန္တရာယ်ကနေ ကိုယ့်ကိုယ်ကိုယ်ကာကွယ်နိုင်ကြပါစေ..။
Ref: 5 easy tricks to prevent yourself from mosquitoes bites in monsoon
WL (ရိုးရာလေး)