COVID-19 ရောဂါထိန်းချုပ်နိုင်ဖို့ အတွက် လူအင်အား၊ ငွေအင်အား အများအပြား ထုတ်သုံးနေရပြီလို့ဆို

21-8-2020-yyl-042.jpg

ရန်ကုန် ဩဂုတ် ၂၁

COVID-19 ရောဂါထိန်းချုပ်နိုင်ဖို့အတွက် လူအင်အား၊ ငွေအင်အား အများအပြား ထုတ်သုံးနေရပြီလို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေတစ်ဆင့် ထုတ်ဖော် ပြောကြားလိုက်ပါတယ်။

”စစ်တွေမှာ COVID-19 ရောဂါပိုးတွေ့ရှိထားမှုများနေတာ ပြည်သူများသိပြီးထင်ပါတယ်။ ရောဂါရသူ မည်သူ မဆို စိတ်မချမ်းမသာ ဘယ်လောက်ဖြစ်မယ်ဆိုတာ မှန်းဆနိုင်တာကြောင့် မပြောချင်ပေမယ့် အများပြည်သူ သတိရှိ နိုင်ဖို့အတွက် ပြောပါရစေ”လို့ အစချီပြီး အခုကိစ္စကို ပြောကြားလိုက်တာဖြစ်ပါတယ်။

ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို ချိုးဖောက်ပြီး အလည်အပတ်ခရီးထွက်ခဲ့တဲ့ ဝန်ထမ်း ၃၊ ၄ ဦးက တစ်ဆင့် ရောဂါပြန့်ပွားခဲ့တဲ့အတွက် စစ်တွေမြို့မှာ Stay at Home ညွှန်ကြားချက်နဲ့ ရောဂါထိန်းချုပ်ရေးဆိုင်ရာ စည်းမျဥ်းများ ထုတ်ပြန်ထားရပြီလို့လည်း ၎င်းက ဆိုပါတယ်။

Photo – Myanmar State Counsellor Office

KST(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top