သမုဒ္ဒရာကြမ်းပြင်မှာ ဘာအသံတွေ ကြားရသလဲ

ocean.png

သမုဒ္ဒရာကြမ်းပြင်မှာ ငြိမ်သက်တိတ်ဆိတ်နေမှာပဲလို့ ယူဆကြတဲ့ သိပ္ပံပညာရှင်တွေဟာ လက်တွေ့စမ်းသပ်မှုမှာတော့ အံ့အားသင့်စရာ ဖြစ်ခဲ့ကြပါတယ်။ သုတေသီတွေဟာ ကမ္ဘာ့အနက်ဆုံး ရေအောက်ကြမ်းပြင် ဖြစ်တဲ့ မာရီယာနာသမုဒ္ဒရာချောက်နက်ထဲကို ရေအောက်အသံဖမ်းကိရိယာ(hydrophone) ချထားခဲ့ကြပါတယ်။

ရေအောက်အသံဖမ်းကိရိယာကနေ ငလျင်လှုပ်ခတ်သံ၊ သင်္ဘောတွေ ဖြတ်သွားတဲ့အသံ၊ ဝေလံငါးတွေရဲ့ အသံ အစရှိတဲ့ အသံတွေကို ဖမ်းယူရရှိခဲ့ပါတယ်။ အထူးခြားဆုံးကတော့ အဆင့်(၄) ရှိတဲ့ တိုင်ဖွန်းမုန်တိုင်းအသံကိုပါ ဖမ်းယူရရှိခဲ့တာပါပဲ။

NOAA(National Oceanic and Atmospheric Administration) နဲ့ အော်ရီဂွန်ပြည်နယ်တက္ကသိုလ်ကနေ ပြုလုပ်ခဲ့တဲ့ စမ်းသပ်မှုမှာ ရေအောက်အနက် ပေ ၃၆၀၀၀ မှာရှိတဲ့ သမုဒ္ဒရာချောက်ရဲ့ ဖိအားဒဏ်ကို ခံနိုင်ဖို့အတွက်  ရေအောက်အသံဖမ်းကိရိယာကို တိုင်တန်နီယမ်ကာဗာ စွပ်ထားခဲ့တာဖြစ်ပြီး ပေါက်ကွဲသွားမယ့် အန္တရာယ်ကနေ ကာကွယ်ဖို့ တစ်စက္ကန့်ကို ၅ မီတာနှုန်းနဲ့ ရေအောက်ထဲ သယ်သွားခဲ့တာ ဖြစ်ပါတယ်။

Ref: Scientists expecting silence at the bottom of the ocean got a notable surprise.

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top