ဆောင်းရာသီမှာ ဝိတ်ချနေတဲ့သူတွေ စားသုံးပေးသင့်တဲ့ စွပ်ပြုတ် (၅) မျိုး

8.12.2021yyl9.png

ဆောင်းရာသီမှာ ကိုယ်အလေးချိန် ပိုတက်လာစေတယ်ဆိုတာ သင်သိပါသလား။ အပူချိန်ကျသွားတာနဲ့အတူ အနွေးထည်အထူတွေ ဝတ်ဆင်ရသလို ပိုပြီးလည်း အစာစားချင်လာကြပါတယ်။ အဲဒါကြောင့်ပဲ ကိုယ်အလေးချိန်တက်လာရပါတယ်။ ရာသီဉတုအေးအေးလေးနဲ့ ခဏခဏ ဗိုက်ဆာတာကတော့ ဖြစ်နိုင်ပါတယ်။ ပိန်တဲ့သူတွေအတွက် ကိစ္စမရှိပေမဲ့ ဝိတ်ကျချင်တဲ့သူတွေအတွက်ကတော့ အစားအစာတွေ အများကြီးစားတာမကောင်းပါဘူး။ ဝိတ်ချနေတာကိုလည်း အနှောင့်အယှက်ဖြစ်စေပါတယ်။

ဆောင်းရာသီမှာ ဝိတ်ချနေတဲ့သူတွေက ခဏခဏဗိုက်ဆာသလိုဖြစ်လာရင် သင့်ရဲ့အာသီသကို ဖြည့်ဆည်းပေးနိုင်တာက စွပ်ပြုတ်ပါပဲ။ ဆောင်းတွင်းကာလမှာ အရသာရှိတဲ့ စွပ်ပြုတ်ပူပူလေးတစ်ခွက်ကို စားသုံးမယ်ဆိုရင် ကိုယ်အလေးချိန်မတက်တဲ့အပြင် ဗိုက်လည်းပြည့်စေပါတယ်။ ဘောစတွန်တက္ကသိုလ်ရဲ့အဆိုအရ ထမင်းစားချိန်မရောက်ခင် အရွက်စွပ်ပြုတ်သောက်တာက သင့်ကို အစား အများကြီးမစားမိအောင် ကာကွယ်ပေးနိုင်တယ်လို့ သိရပါတယ်။ ဒါပေမဲ့ စွပ်ပြုတ်ထဲကို ကယ်လိုရီနဲ့ ဆိုဒီယမ်ပမာဏအများကြီး မထည့်ဖို့တော့ အရေးကြီးပါတယ်။

ဆောင်းရာသီမှာ ဝိတ်ချတဲ့သူတွေ စားသုံးပေးသင့်တဲ့ အကောင်းဆုံးစွပ်ပြုတ်တွေကတော့

ခရမ်းချဉ်သီးစွပ်ပြုတ်

ဝိတ်ချနေတဲ့အချိန် အိမ်မှာ ကိုယ်တိုင်ပြုလုပ်တဲ့ ခရမ်းချဉ်သီးစွပ်ပြုတ် သောက်တာထက်ကောင်းတာ ဘယ်အရာမှမရှိပါဘူး။ ကယ်လိုရီနဲ့ အဆီနည်းတဲ့ ခရမ်းချဉ်သီးက ဗီတာမင်စီ၊ ဘီတာ ကာရိုတင် (Beta carotene) နဲ့ အခြားအာဟာရဓာတ်တွေကြွယ်ဝပါတယ်။ ဝိတ်ချနေတဲ့သူတွေအတွက် ခရမ်းချဉ်သီးစွပ်ပြုတ်က အကောင်းဆုံးရွေးချယ်မှုပါပဲ။

အရွက်စွပ်ပြုတ်

အရွက်စွပ်ပြုတ်က အာဟာရဓာတ်ပြည့်ဝပြီး ကယ်လိုရီနည်းပါးတဲ့အတွက် ဝိတ်ချနေတဲ့သူတွေအတွက် ကောင်းပါတယ်။ ပန်းဂေါ်ဖီစိမ်း၊ မုလာဉနီ၊ ပဲစိမ်းလုံး၊ ဒေါက်ခွရွက်၊ ငရုတ်ပွသီးလို ဟင်းသီးဟင်းရွက်တွေထည့်ချက်လို့ရပါတယ်။

ကြက်စွပ်ပြုတ်

ကြက်သားမှာ အဆီပါဝင်ပေမဲ့ ဝိတ်ချဖို့ကြိုးစားတဲ့အခါ သောက်သုံးလို့ရပါတယ်။ ကြက်စွပ်ပြုတ်က ပရိုတင်း၊ ကာဗွန်ဟိုက်ဒရိုတ်တွေ ပါဝင်ပြီး ကယ်လိုရီပါဝင်မှုနည်းပါတယ်။ ကြက်စွပ်ပြုတ်က ကိုယ်ခံအားစနစ်ကို တိုးမြှင့်စေတဲ့အတွက် ဝိတ်ချတဲ့သူတွေရော ဝိတ်ချစရာမလိုတဲ့သူတွေပါ စားသုံးပေးသင့်ပါတယ်။

ပန်းဂေါ်ဖီစွပ်ပြုတ်

ပန်းဂေါ်ဖီက ဆောင်းရာသီစာ ဟင်းသီးဟင်းရွက်ဖြစ်ပါတယ်။ အာဟာရဓာတ်ပြည့်ဝပြီး ကယ်လိုရီနည်းတဲ့ ကျန်းမာရေးနဲ့ညီညွှတ်တဲ့ ပန်းဂေါ်ဖီစွပ်ပြုတ်က ဝိတ်ချနေတဲ့သူတွေကို အချိန်အကြာကြီး ဗိုက်ပြည့်အင်နေစေပါတယ်။ ပန်းဂေါ်ဖီ (၁၀၀) ဂရမ်နဲ့ ပြုလုပ်ထားတဲ့ စွပ်ပြုတ်တစ်ခွက်က ၂၅ ကယ်လိုရီပဲ ပါဝင်ပါတယ်။

မှိုစွပ်ပြုတ်

မှိုစွပ်ပြုတ်က အရသာရှိပြီး ဝိတ်ချစေနိုင်တဲ့ စွပ်ပြုတ်တစ်ခွက်ဖြစ်တယ်လို့ သိထားကြပါတယ်။ မှိုက ပရိုတင်းဓာတ်ကြွယ်ဝပြီး အမျှင်ဓာတ်နဲ့ အခြားအာဟာရဓာတ်များစွာပါဝင်ပါတယ်။ မှိုစွပ်ပြုတ်ကလည်း ကယ်လိုရီနည်းပါးတဲ့အတွက် ဝိတ်ချနေတဲ့သူတွေ ဆောင်းရာသီမှာ စားသုံးပေးလို့ အကောင်းဆုံးပါပဲ။

ဒီစွပ်ပြုတ် (၅) မျိုးက အာဟာရဓာတ်ကြွယ်ဝပြီး ကျန်းမာရေးနဲ့ညီညွှတ်တဲ့အတွက် ဝိတ်ချနေတဲ့သူတွေတင်မဟုတ်ဘဲ ဝိတ်မချတဲ့သူတွေပါ ဆောင်းရာသီမှာ စားသုံးပေးလို့ရပါတယ်။

Ref: 5 most healthy soups to have this winter season

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top