လူသစ်၊ စိတ်သစ်၊ စာသင်နှစ်အသစ်

2-6-2020-yyl-049.jpg

ကျောင်းတွေလည်းပြန်ဖွင့်ကြတော့မယ်ဆိုတော့ ထုံးစံအတိုင်း စာသင်နှစ်အသစ်ကို တက်ရောက်ကြရတော့မှာပါ။ ဆိုလိုတာက ပြီးခဲ့တဲ့နှစ်ကအဆိုး၊ အကောင်းတွေအားလုံးကို ချန်ထားခဲ့ရပြီဆိုတာပါပဲ။

ဒါကြောင့်မို့ ရိုးရာလေးရဲ့ပရိသတ် ကျောင်းသား၊ ကျောင်းသူတွေအတွက် အသစ်တက်ရောက်မယ့် စာသင်နှစ်မှာ စာတွေမပိဘဲ ဘယ်လိုထူးချွန်အောင်ကြိုးစားကြမလဲဆိုတဲ့ နည်းလမ်းကောင်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

၁။ သင်ရိုးတွေကို နားလည်အောင် သေချာဖတ်ပါ

သင်ရိုးတွေကို နားလည်အောင် သေချာဖတ်ထားပြီးပြီဆိုရင်ပဲ ဒီစာသင်နှစ်အတွက် အောင်မြင်မှုရရှိဖို့ ပထမအဆင့်ကိုရောက်ရှိနေပါပြီ။ တချို့ဆရာ၊ ဆရာမတွေက ပထမအတန်းချိန်မှာထဲက သူတို့သင်မယ့်ပုံစံကို သေချာပြောပြထားတတ်တာမို့ ပရင့်ထ် (Print) ထုတ်ပြီး အရေးကြီးတဲ့အချက်တွေကို မြင်သာအောင် မျဉ်းတားထားလိုက်ပါ။ ဥပမာအားဖြင့် အစမ်းစာမေးပွဲ (tutorial) ဖြေရမယ့်နေ့တွေ၊ လက်တွေ့ (practical) လုပ်ရမယ့်နေ့တွေကို သေချာဝိုင်းပြီး တခါတည်းမှတ်သားထားပါ။ အတန်းချိန်တိုင်းအတွက် ဒီလိုမျိုးမှတ်သားထားတာက သင့်ရဲ့စာသင်နှစ်တစ်ခုလုံးမှာ ယေဘုယျအားဖြင့် ဘာပြီးရင် ဘာလုပ်ရမယ်ဆိုတဲ့ အကြံဥာဏ်တွေကို လွယ်လွယ်လေးရရှိနိုင်ပါတယ်။

၂။ သတင်းအချက်အလက် လဲလှယ်ခြင်းနဲ့ စာလေ့လာဖို့ အုပ်စုဖွဲ့ထားခြင်း

ဒီနည်းလမ်းက ပထမပိုင်းမှာ ကို့ရိုးကားယားနိုင်ကောင်းနိုင်နေနိုင်ပေမယ့် ကိုယ်သိထားတဲ့ သတင်းအချက်အလက်တွေကို အတန်းထဲက တစ်ယောက်ယောက်နဲ့ အတတ်နိုင်ဆုံး အလဲအလှယ်လုပ်ပေးပါ။ ဆွေးနွေးပေးပါ။ မိမိလုပ်ရမယ့် အိမ်စာတွေ၊ စာတမ်းတွေအတွက် ပါမောက္ခကလွဲပြီး တခြားမေးစရာလူမရှိဘူးဆိုတာလောက် ဆိုးရွားတာမရှိတော့ပါဘူး။ မသိတာရှိရင်မေးလို့ရပြီး အတန်းထဲက စာလိုက်လုပ်တဲ့သူတွေနဲ့ အပေါင်းအသင်းလုပ်ထားပါ။ ဒီအရာက စာသင်နှစ်ကုန်ခါနီး အဖွဲ့လိုက်ပရောဂျက် (group project) တွေလုပ်ရတဲ့အခါ လုံးဝ အထောက်အကူပေးပါလိမ့်မယ်။

၃။ အချိန်ဇယားကို အလွယ်တကူ မြင်နိုင်မယ့်နေရာမှာ ကပ်ပါ

စာရေးသူလို သွားစရာ၊ လာစရာများပြီး အလုပ်ရှပ်တတ်သူဆိုရင်တော့ တစ်ပတ်စာ အချိန်ဇယားချဖို့တောင် ခက်ခဲကောင်းခက်ခဲနိုင်ပါတယ်။ ဒါကြောင့်မိုလို့ တစ်ပတ်စာလုပ်ရမယ့် အလုပ်တွေရော၊ သင်တန်းတွေရောနဲ့ ကလပ်အစည်းအဝေးတွေအားလုံးကို နံရံပေါ်က အချိန်ဇယားထဲမှာ ဖြည့်ရေးထားပါတယ်။ ဒီနည်းလမ်းက ပထမပိုင်းစာသင်နှစ်မှာ ဘယ်အချိန်စမှန်းမသေချာတဲ့ အတန်းချိန်တွေအတွက် အထောက်အကူဖြစ်စေပါတယ်။ တစ်နေရာရာသွားဖို့ အစီအစဉ်ရှိတဲ့အခါမျိုးမှာလည်း နံရံပေါ်က အချိန်ဇယားကိုကြည့်လိုက်ရုံနဲ့ ဘယ်အချိန်အားတယ်၊ မအားတယ်ဆိုတာကို အလွယ်တကူ သိနိုင်ပါတယ်။

၄။ ပစ္စည်းသစ်တွေဝယ်ပါ

စာရေးသူကတော့ ငယ်ငယ်လေးထဲက ကျောင်းတက်ရတော့မယ်ဆို လိုအပ်တဲ့ပစ္စည်းသစ်တွေဝယ်ရတာကို အရမ်းသဘောကျတာပါ။ မလိမ်မညာတမ်းပြောရမယ်ဆို လိုအပ်တာထပ်ပိုဝယ်တတ်ပြီး ဒီလိုဝယ်ရတာကိုလည်း အရမ်းကြိုက်ပါတယ်။ ဝယ်ထားတဲ့ကျောင်းသုံးပစ္စည်းတွေကို ချက်ချင်းသုံးရတော့မယ်ဆိုတာက သင့်ကိုစိတ်ဓာတ်တက်ကြွစေပြီး စာသင်နှစ်အသစ်အတွက် လိုအပ်တဲ့ အားအင်တွေကိုလည်း ရရှိစေနိုင်ပါတယ်။ မလိုအပ်တော့တဲ့ ပစ္စည်းတွေကိုလွင့်ပစ်ပြီး အသစ်တဖန် စိတ်သစ်ကိုယ်သစ်နဲ့ ပြန်လည်စတင်လိုက်ပါ။

၅။ အရောင်ခြယ်ပါ

အရောင်တွေက စိတ်ကိုလန်းဆန်းစေပါတယ်။ သင့်ရဲ့ကျောင်းစာအုပ်နဲ့ မှတ်စုတွေထဲက အရေးကြီးတဲ့အချက်တွေကို ရိုးရိုးခံတံနဲ့ဘောပင်ကိုပဲ အသုံးပြုပြီးရေးမှတ်တာထက် ရောင်စုံဘောပင်လေးတွေကို အသုံးပြုပြီးမှတ်ကြည့်ပါ။ ဥပမာအားဖြင့် စာရေးသူရဲ့အချိန်ဇယားထဲက စိတ်ပညာတန်းကို ပန်းရောင်လေးခြယ်ထားပြီး တခြားလုပ်စရာရှိတဲ့အလုပ်တွေကို ရေးမှတ်တဲ့နေရာမှာတော့ အပြာရောင်ကိုသုံးပါတယ်။ တခြားကာလာတွေကိုလည်း ကိုယ့်စိတ်ကြိုက်ပြောင်းသုံးတတ်ပါတယ်။ ရိုးရိုးအချိန်ဇယားထက် အရောင်ခြယ်ထားတဲ့အချိန်ဇယားကိုကြည့်ရတာ ပိုလို့စိတ်ရွှင်လန်းပြီး မျက်စိကြည်တဲ့အပြင် စိတ်ဖိစီးမှုတွေကိုလည်း လျော့နည်းစေပါတယ်။

Ref : Pinterest “5 tips for starting a new semester”

Po Mo Htoo Aung (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top