နေပူထဲက ပြန်ရောက်ရောက်ခြင်း ဘာကြောင့် အဲကွန်းလေ မခံသင့်ရသလဲ

blue-and-brown-living-room-with-air-conditioner-P9XZDRD.jpg

အဲကွန်းလေ ခံယူခြင်းနဲ့ ပတ်သက်တာတွေ၊ အစားအစာ ရောနှော စားသောက်တာတွေ၊ ရေချိုးချိန် စတာတွေနဲ့ပတ်သက်ပြီး သတိပေးစကားတွေကို ကျွန်မတို့ လိုက်နာတတ်ကြပါတယ်။ ဒါပေမဲ့ ဘယ်လိုလုပ်လို့ ဘယ်လို အကျိုးဆက်ဖြစ်ရတယ်ဆိုတဲ့ အချက်အလက် မှန်ကန် တိကျမှုတော့ ရေရေရာရာ မရှိကြပါဘူး။

ဒါကြောင့် ဒီလို သတိပေးစကားတွေထဲကမှ နေပူထဲကနေ ပြန်လာချိန်မှာ အဲကွန်းဖွင့်ထားတဲ့နေရာမှာ ဘာကြောင့် မနေသင့်ရသလဲဆိုတာကို မှန်ကန် တိကျတဲ့ အချက်အလက်များနဲ့ ပြောပြပေးလိုက်ပါမယ်။

ကျန်းမာရေးအား အကျိုးသက်ရောက်မှုသိသိသာသာ အပူချိန်ပြောင်းလဲခြင်းက လူ့ကျန်းမာရေးအတွက် သက်ရောက်မှုတွေ ရှိပါတယ်။ အပြင် အပူချိန်နဲ့ အတွင်းအပူချိန် ခြားနားမှုက များစွာပိုပြီး သိသိသာသာရှိပါတယ်။ အပူချိန် ရုတ်တရက် ပြောင်းလဲသွားခြင်းဟာ အလျင်အမြန် နေသားကျသွားစေဖို့ အတင်းအကျပ် တိုက်တွန်းခိုင်းစေခြင်းဖြစ်တဲ့အတွက် ခန္ဓာကိုယ်ကို ဖိစီးမှုတွေ ဖြစ်စေပါတယ်။

ဒီလိုလုပ်ဆောင်ခြင်းဟာ ဖျားနာစေခြင်း၊ ရောဂါကူးစက်မှု ဘေးအန္တရာယ် ပိုမိုတိုးမြင့်ခြင်း စတဲ့ ကျန်းမာရေးပြဿနာ အမျိုးမျိုး ဖြစ်စေနိုင်ပါတယ်။ ကျွမ်းကျင်သူတွေ ပြောကြားချက်အရ အပူချိန်ဟာ ၂၃-၂၅ ဒီဂရီ ဆဲလ်ဆီးယပ်စ် ဝန်းကျင်ရှိတာ အကောင်းဆုံးဖြစ်ပါတယ်။

အဲကွန်းဖြင့် ရုတ်တရက် အပူချိန် ကျဆင်းသွားခြင်း၏ ကျန်းမာရေး အန္တရာယ်များ နှာပိတ်ခြင်း၊ ကြွက်သားများ နာကျင် ကိုက်ခဲခြင်း၊ ခေါင်းတစ်ခြမ်း ကိုက်ခဲခြင်း စတဲ့ ကျန်းမာရေး ပြဿနာတွေဟာ နေပူထဲက ပန်လာပြီး အဲကွန်းလေရှိတဲ့ ပတ်ဝန်းကျင်မှာ နေထိုင်ခြင်းကြောင့် ပိုမိုဆိုးရွားလာစေနိုင်ပါတယ်။

ဒီထဲကမှ အကြီးမားဆုံး ကျန်းမာရေး ပြဿနာတွေကတော့ –

အသက်ရှုမှု အနှောင့်အယှက်ဖြစ်ခြင်း

အဲကွန်းမရှိတဲ့ နေရာတစ်ခုကနေ အဲကွန်းရှိတဲ့ နေရာတစ်ခုကို ရုတ်တရက် မကြာခဏ အပြောင်းအလဲ ဖြစ်စေခြင်းကြောင့် အသက်ရှုခြင်းဆိုင်ရာ လုပ်ဆောင်ချက်တွေကို အနှောင့်အယှက် ဖြစ်စေတတ်ပါတယ်။ ဒါကြောင့် ပန်းနာ၊ ချောင်းဆိုးရင်ကျပ်နာ၊ ဓာတ်မတည့်ခြင်းနဲ့ နှာပိတ်ခြင်းတွေကို ရုတ်တရက် ဖြစ်စေနိုင်ပြီး အသက်ရှုခြင်းဆိုင်ရာ လုပ်ဆောင်ချက်တွေကို အနှောင့်အယှက်ပေးနိုင်ပါတယ်။

အရေပြား ပြဿနာများ

ပူလွန်းခြင်းကနေ အအေးကို ရုတ်တရက် ပြောင်းလဲခြင်းဟာ ခန္ဓာကိုယ်အတွက် ဆိုးကျိုးတွေ ဖြစ်စေနိုင်ပါတယ်။ အရေပြားပေါ်မှာ အပြင်းထန်ဆုံးပါပဲ။ အထူးသဖြင့် မျက်နှာပြင် အသားအရေဟာ များစွာပိုပြီး ပါးလွှာတဲ့အတွက် ခုခံနိုင်မှုအား နည်းပါးပါတယ်။ ရုတ်တရက် သတိမထားမိနိုင်ပေမဲ့ အကြိမ်ကြိမ်အဖန်ဖန် လုပ်ဆောင်မိတာကြောင့် အသက်အရွယ် အိုမင်းမှု လက္ခဏာ တိုးတက်မြင့်မားလာနိုင်ပါတယ်။

ဒီလိုရုတ်တရက် ပြောင်းလဲခြင်းဟာ အသားအရေနဲ့ မျက်စိတို့မှာလည်း ခြောက်သွေ့မှုကို ဖြစ်စေနိုင်ပါတယ်။ အသက်ရှုလမ်းကြောင်းတွေလိုပဲ အရေပြားဟာ ရုတ်တရက် အပူချိန် ပြောင်းလဲခြင်းကြောင့် အစိုဓာတ်ကို ထိန်းသိမ်းခြင်းနဲ့ ထုတ်လွှတ်ခြင်း နှစ်ခုအကြား ချိန်ညှိရမှုကို တိုက်ခိုက်လွန်ဆွဲကြရပါတယ်။

နှလုံးရောဂါ

နှလုံး ရုတ်တရက် ဆောင့်တက်မှု မြင့်မားလာခြင်းဟာ လေအေးကြောင့် ဖြစ်ပါတယ်။ သွေးဖိအားနဲ့ သွေးခဲမှု ပုံစံ မြင့်တက်လာပြီး သွေးကြောတွေက အအေးဓာတ်နဲ့အတူ တင်းကျပ်လာပါတယ်။ ရုတ်တရက် အပူချိန် ပြောင်းလဲခြင်းကြောင့် ဒီလို ကျန်းမာရေး ဘေးအန္တရာယ်မျိုးတွေဟာ ကြုံတွေ့ရမှု ပိုမိုမြင့်တက်လာနိုင်ပါတယ်။

တစ်ဒီဂရီ ဆဲလ်ဆီးယပ်စ်လောက် ရုတ်တရက် အပူချိန် ကျဆင်းသွားလျှင်တောင် ရက်သတ္တပတ် ၃-၄ ပတ်ကျော်လာရင် နှလုံး ရုတ်တရက် ဆောင့်တက်မှုနဲ့ ဆက်နွယ်လာတာမျိုး ရှိကြောင်း ဗြိတိသျှ ဆေးပညာဂျာနယ်မှာ ဖော်ပြထားတဲ့ လေ့လာချက်တစ်ခုမှာ တွေ့ရှိရပါတယ်။

ရောဂါကူးစက်မှု

အပူ အအေး ပတ်ဝန်းကျင် နှစ်ခုအကြား ရုတ်တရက် ပြောင်းလဲခြင်းကြောင့် လူတွေကို ရောဂါကူးစက်မှု ခံနိုင်ရည် လျော့နည်းစေပါတယ်။ ဒါကြောင့် အသက်ရှုလမ်းကြောင်းနဲ့ မျက်စိရောဂါ ကူးစက်မှုတွေ နွေရာသီမှာ ပိုအဖြစ်များပါတယ်။ ဒါ့အပြင် အသက်ရှုလမ်းကြောင်း ခြောက်သွေ့ခြင်းကြောင့် လေထဲကတစ်ဆင့် ကူးစက်တဲ့ ရောဂါပိုးမွှားတွေရဲ့ ဘေးအန္တရာယ်ဟာလည်း ပိုမိုမြင့်တက်လာနိုင်ပါတယ်။

ဒါကြောင့် ဒီလို ဘေးအန္တရာယ်တွေကို ရှောင်ရှားနိုင်ဖို့အတွက် နေ့လည် ၁၂နာရီမှ ၄နာရီအကြား အပြင်မထွက်နိုင်အောင် တတ်နိုင်သလောက် ကြိုးစားကြည့်ပါ။ ရုံးတွေ၊ ဈေးဝယ်စင်တာတွေမှာလည်း အပူချိန် ၂၄ဒီဂရီ ဆဲလ်ဆီးယပ်စ်အောက် ထားရှိခြင်းကို ရှောင်သင့်ပါတယ်။

ပိုပြီးအရေးကြီးတာကတော့ အိမ်ပြန်ရောက်ရောက်ခြင်းမှာ ချက်ချင်း အအေးမခံဖို့ပါပဲ။ မိနစ် အနည်းငယ်လောက် အမောဖြေနားရင်း စောင့်ပါ။

Ref : Top Buzz “Why You Shouldn’t Turn On Your AC As Soon As You Step In From The Heat”

Htet Htet Tin Zar (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top