ကမ္ဘာ့ဓာတ်ပုံနေ့

worldphotographer01.jpg

ဒီနေ့ သြဂုတ်လ (၁၉) ရက်ဟာ ကမ္ဘာလောကပတ်ဝန်းကျင်ကို အမြင်ပုံစံတစ်မျိုးနဲ့ ရှုမြင်ခွင့်ရစေအောင် ဓာတ်ပုံပညာရပ်ကိုတီထွင်အသုံးပြုခဲ့ခြင်း သက်တမ်း (၁၇၇) နှစ်ပြည့်မြောက်တဲ့ ကမ္ဘာ့ဓာတ်ပုံနေ့ ဖြစ်ပါတယ်။

ဓာတ်ပုံတစ်ပုံဟာ အခိုက်အတန့်တစ်ခုခု အတွေ့အကြုံတစ်ခုခုကိုမှတ်တမ်းတင်ထားနိုင်စေတဲ့အရာပါ။ အကြောင်းအရာတစ်ခုကို နှုတ်ကနေပြောပြတာထက် ဓာတ်ပုံနဲ့ပြလိုက်တာက ပိုလို့သဘောပေါက်လွယ်စေနိုင်တာဖြစ်လို့ “ဓာတ်ပုံတစ်ပုံက စကားလုံးပေါင်းများစွာကိုဖော်ပြနိုင်တယ်” လို့တောင်ဆိုကြပါတယ်။


လွန်ခဲ့တဲ့နှစ်များစွာအကြာကရိုက်ကူးခဲ့တဲ့ဓာတ်ပုံတွေကို ဒီနေ့ခေတ်မှာကြည့်ရှုခံစားပြီး အတိတ်ကိုမှန်းဆမိကြသလိုပဲ ဒီနေ့ခေတ်ရိုက်ကူးတဲ့ဓာတ်ပုံတွေဟာလည်း နောက်နှစ်ပေါင်းများစွာအကြာမှာ ပြန်လည်ခံစားတမ်းတမိစေတဲ့အရာတွေဖြစ်လာဦးမှာ မလွဲပါဘူး။

ဒါကြောင့် ကမ္ဘာ့ဓာတ်ပုံနေ့ကို ဂုဏ်ပြုတဲ့အထိမ်းအမှတ်အဖြစ် အခုစာကိုဖတ်ပြီးတာနဲ့ ဓာတ်ပုံတစ်ပုံရိုက်ကူးလိုက်စေချင်ပါတယ်။ အဲဒီပုံကို Comment Box မှာပြသခဲ့လို့လည်းရပါတယ်။

Ref: WorldPhotography.com
TH (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top