ပင်မဆဲလ်အစားထိုးမှုနဲ့ အစ်မဖြစ်သူကို ကယ်တင်ပေးခဲ့တဲ့ အသက် (၅) နှစ်အရွယ် COVID-19 လူနာ

26-6-2020-yyl-011.jpg

ကပ်ရောဂါအတွင်းမှာ ရောဂါကူးစက်မှုကို ထိန်းချုပ်နိုင်ဖို့အတွက် နိုင်ငံတော်တော်များများမှာ စည်းမျဉ်းလုပ်ဆောင်ချက်တွေနဲ့ Lockdown ချထားကြရပါတယ်။ အဲဒီကာလအတွင်းမှာ အခက်အခဲဖြစ်နေတဲ့သူတွေကို ကူညီပေးနေကြတဲ့ လူတွေရှိကြသလို အစိုးရနဲ့ အဖွဲ့အစည်းတွေလည်း ရှိကြပါတယ်။ ကပ်ရောဂါအတွင်းမှာပဲ အသက် (၅) နှစ်အရွယ်ကလေးလေးဟာလည်း COVID-19 ပိုးကူးစက်ခံနေရပေမယ့် အသက် (၇) နှစ်အရွယ် သူ့အစ်မဖြစ်သူရဲ့ အသက်ကို ရိုးတွင်းခြင်ဆီ (ပင်မဆဲလ်) လှူဒါန်းပြီး ကယ်တင်ခဲ့ပါတယ်။

အစ်မဖြစ်သူ Jean Boonklomijit က thalassemia လို့ခေါ်တဲ့မွေးရာပါ သွေးအားနည်းရောဂါကို ခံစားနေရတာပါ။ ဒီရောဂါကို ကုသဖို့အတွက် တစ်ခုတည်းသောနည်းက ရိုးတွင်းခြင်ဆီ (ပင်မဆဲလ်) အစားထိုးမှုရမှာဖြစ်တယ်လို့ ဆရာဝန်က သူ့ရဲ့မိသားစုကို ပြောပါတယ်။ အဲဒီလိုအစားထိုးကုသဖို့အတွက် Jean နဲ့ တစ်ရှုးအမျိုးအစား ကိုက်ညီတဲ့သူကတော့ သူ့မောင်လေး Sila Jio ပါပဲ။ Jean ကို ကုသပေးနေတဲ့ဆရာဝန်က မိသားစုဝင်တွေဟာ ရိုးတွင်းခြင်ဆီကို လှူဒါန်းပေးနိုင်ဖို့ အခွင့်အရေးအများဆုံးဖြစ်တယ်လို့ ဆိုပါတယ်။

Jean က သူ့မောင်လေးနဲ့ ကိုက်ညီနေတာကြောင့် အစားထိုးကုသမှုလုပ်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ ကလေးတွေက နုနယ်တဲ့အတွက် ခွဲစိပ်ဖို့ ခက်ခဲတာကြောင့် ဆရာဝန်က စိုးရိမ်စိတ်ဖြစ်ခဲ့ပေမယ့် အစားထိုးကုသမှုကို ဆက်လက်လုပ်ဆောင်ခဲ့ကြပါတယ်။ ဆရာဝန်တွေက Sila ရဲ့ပင်မဆဲလ်ကို ယူတဲ့နေ့မှာ COVID-19 ရောဂါပိုးကူးစက်ခံနေရတာကို တွေ့ရှိခဲ့ပြီး သူ့ကို Quaratine ထား, ထားရပါတယ်။

ဆရာဝန်တွေကို အရမ်းငယ်ရွယ်နုနယ်တဲ့လူနာတွေကို ကုသပေးနေရတဲ့အပြင် အစားထိုးကုသတဲ့အခါ ဗိုင်းရပ်စ်ကူးစက်သွားနိုင်ချေ ရှိတာကြောင့်လည်း အခြေအနေတွေ ရှုပ်ထွေးစေခဲ့ပါတယ်။ ဒါပေမဲ့ Sila က သူ့အစ်မဖြစ်သူ အစားထိုးကုသနိုင်ဖို့အတွက် ကူညီပေးချင်ခဲ့ပါတယ်။ ဆရာဝန်တွေက COVID-19လူနာနဲ့ ရိုးတွင်းခြင်ဆီ အစားထိုးကုသမှုကို အရင်တုန်းက မလုပ်ခဲ့ဖူးပေမယ့် ကုသပေးဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

ဗိုင်းရပ်စ်က အစ်မဖြစ်သူကို ကူးစက်မသွားဘဲ ရိုးတွင်းခြင်ဆီအစားထိုးမှုကို ဆရာဝန်တွေက အောင်အောင်မြင်မြင်နဲ့ လုပ်ဆောင်နိုင်ခဲ့ပါတယ်။ ဒီကုသမှုက ကမ္ဘာမှာ ရောဂါပိုးရှိသူကနေ ရိုးတွင်းခြင်ဆီအစားထိုးမှု အောင်အောင်မြင်မြင်လုပ်နိုင်ခဲ့တဲ့ ပထမဆုံးအစားထိုး ကုသမှုဖြစ်လာခဲ့ပါတယ်။ ဆရာဝန်တွေက အစားထိုးကုသမှု လုပ်ငန်းစဉ်ကို ဧပြီလမှာ စတင်လုပ်ဆောင်ခဲ့ကြပေမယ့် ဇွန်လ ၂၃ ရက်နေ့မှာ အောင်အောင်မြင်မြင်နဲ့ အစားထိုးကုသနိုင်ခဲ့ပါတယ်။

Ref: 5-Year-Old Boy With COVID-19 Saves Older Sister With Successful Stem Cell Transplant

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top