မန်စီးတီးရဲ့ကစားဟန်က ပရီးမီးယားလိဂ်မှာ အကောင်းဆုံးပဲလို့ ချဲလ်ဆီးနည်းပြ လမ်းပတ် ပြော

26-6-2020-yyl-010.jpg

မန်စီးတီးအသင်းရဲ့ ကစားဟန်က ပရီးမီးယားလိဂ်မှာ အကောင်းဆုံးဖြစ်တယ်လို့ ချဲလ်ဆီးနည်းပြ လမ်းပတ်က ချီးကျူးခဲ့ပါတယ်။ မန်စီးတီးကို ၂-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲစဉ်အပြီးမှာ လမ်းပတ်က အခုလို ပြောခဲ့တာပါ။ ” ဒီပွဲက ခက်ခဲပါတယ်။ မန်စီးတီးလို အသင်းမျိုးနဲ့ ရင်ဆိုင်ရချိန်မှာ တစ်ဦးချင်း အရည်အသွေး၊ နည်းပြရဲ့လမ်းညွှန်မှုပုံစံ၊ သူတို့ကစားတဲ့ပုံစံက အရမ်းကြည့်လို့ကောင်းပါတယ်။ ကျွန်တော့်အတွက်တော့ မန်စီးတီးအသင်းက အကောင်းဆုံးပါပဲ။ ဂွာဒီယိုလာနဲ့ ဂျာဂန်ကလော့က ပုံစံချင်းမတူကြပါဘူး။ အဲဒါကြောင့် လီဗာပူးအသင်း ဒီည ဗိုလ်စွဲနိုင်ခဲ့တာပါ”လို့ လမ်းပတ်က ပြောပါတယ်။

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top