ကမ္ဘာထက် အရွယ်အစား ၅ ဆ ပိုကြီးပြီး စိန်သားနဲ့ ဖွဲ့စည်းထားပုံရတဲ့ ဂြိုဟ်တစ်လုံး ရှာဖွေတွေ့ရှိ

dimon.jpg

NASA သိပ္ပံပညာရှင်တွေဟာ ကမ္ဘာထက် အရွယ်အစား ၅ ဆ ပိုကြီးပြီး စိန်သားနဲ့ ဖွဲ့စည်းထားပုံရတဲ့ ဂြိုဟ်တစ်လုံးကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ 55 Cancrie လို့ အမည်ပေးထားတဲ့ ဂြိုဟ်ဟာ ကရကဋ် ကြယ်စုတန်း (Cancer)ထဲမှာ ပါဝင်ပြီး အလင်းနှစ် ၄၀ အကွာအဝေးမှာရှိတဲ့ ကြယ်တစ်လုံးကို ဗဟိုပြု လှည့်ပတ်နေတာပါ။

အဲဒီဂြိုဟ်ရဲ့ ထူးခြားချက်ကတော့ ဒြပ်ထု၊ အရွယ်အစား၊ သိပ်သည်းဆအရ ကာဗွန်တွေနဲ့ ဖွဲ့စည်းထားတာလို့ ယူဆရပြီး ဂြိုဟ်အတွင်းမှာရှိတဲ့ ဖိအားကြောင့် စိန်သားဖြစ်နေနိုင်တာပါပဲ။ 55 Cancrie ဂြိုဟ်ဟာ ၁၈ နာရီကို တစ်ပတ်နှုန်းနဲ့ ကြယ်ကို လှည့်ပတ်နေတာဖြစ်ပြီး အဲဒီနှုန်းဟာ သူ့ဝင်ရိုးပေါ် သူလည်ပတ်နေတဲ့နှုန်းနဲ့ တူညီနေတာကြောင့် 55 Cancrie ဂြိုဟ်ရဲ့ တစ်ခြမ်းက အမြဲလင်းနေပြီး တစ်ခြမ်းကတော့ အမြဲမှောင်မိုက်နေပါတယ်။

နေစကြဝဌာပြင်ပမှာရှိတဲ့ 55 Cancrie ဂြိုဟ်အတွင်းပိုင်းကို ဖောက်ထွင်းမြင်နိုင်ခြင်းမရှိပေမဲ့ ရရှိထားတဲ့ အချက်အလက်တွေအရ အာကာသရဲ့ အမှောင်ထုနဲ့ ဆန့်ကျင်ဘက်အဖြစ် စိန်သားတွေက ပြိုးပြက်လင်းလက်နေလိမ့်မယ်လို့ ယူဆထားကြပါတယ်။

Ref: 55 Cancrie

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply