မျိုးသုဉ်းပျောက်ကွယ်နေခဲ့တဲ့ ဝံပုလွေမျိုးစိတ်ကို မျိုးဗီဇပြုပြင်ပြောင်းလဲမှုဖြင့် ပြန်လည်သားဖောက်နိုင်ခဲ့

wolf.jpg

အတိတ်သမိုင်းမှာ မျိုးသုဉ်းပျောက်ကွယ်သွားခဲ့တဲ့ ဝံပုလွေမျိုးစိတ်တစ်မျိုးကို အမေရိကန်နိုင်ငံ ဒဲလက်စ်မြို့အခြေစိုက် Colossal Biosciences ဇီဝသိပ္ပံကုမ္ပဏီက မျိုးဗီဇပြုပြင်ပြောင်းလဲနည်းနဲ့ အောင်မြင်စွာ သားဖောက်နိုင်ခဲ့ပါတယ်။

နှစ်သက်တမ်း ၁၃၀၀၀ ရှိတဲ့ သွားတစ်ချောင်း၊ နှစ်သက်တမ်း ၇၂၀၀၀ ရှိတဲ့ ဦးခေါင်းခွံတို့အပါအဝင် dire wolf ဝံပုလွေမျိုးစိတ်ရဲ့ ကျောက်ဖြစ်ရုပ်ကြွင်းမှာ တွေ့ရတဲ့ ဗီဇလက္ခဏာတွေကို ပုံဖော်နိုင်ဖို့အတွက် gray wolf ရဲ့ မျိုးဗီဇကို ပြင်ဆင်ပြောင်းလဲပြီး သားပေါက်လေး ၃ ကောင်ကို သားဖောက်ခဲ့တာ ဖြစ်ပါတယ်။

ပြင်ဆင်မွမ်းမံထားတဲ့ မျိုးဗီဇကို gray wolf ဝံပုလွေရဲ့ ဆဲလ်ထဲ ထိုးသွင်းပြီး ဖြစ်ပေါ်လာတဲ့ သန္ဓေလောင်းကို မျိုးစပ်ထားတဲ့ ခွေးတွေမှာ သားဖောက်ခဲ့တာပါ။ ရိုမူလက်စ်၊ ရီမက်စ်၊ ခါလက်စီလို့ အမည်ပေးထားတဲ့ သားပေါက်လေး ၃ ကောင်ဟာ ၂၀၂၄ ခုနှစ် အောက်တိုဘာလနဲ့ ၂၀၂၅ ခုနှစ် ဇန်နဝါရီလကြား သားပေါက်ခဲ့တာပါ။

အဲဒီနည်းလမ်းအရ အနီရောင်ဝံပုလွေလို မျိုးသုဉ်းပျောက်ကွယ်ဖို့ အန္တရာယ်ရှိနေတဲ့ မျိုးစိတ်တွေကို ကယ်တင်နိုင်လိမ့်မယ်လို့ Colossal Biosciences ဇီဝသိပ္ပံကုမ္ပဏီက ယုံကြည်နေကြပါတယ်။

Ref: Scientists say they have resurrected the dire wolf

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top