အိုလံပစ်ပြိုင်ပွဲမှာ ချီလီနိုင်ငံကိုယ်စားပြုအဖြစ် ပွဲဦးထွက်ယှဉ်ပြိုင်မယ့် အသက် ၅၈ နှစ်အရွယ် တရုတ်နိုင်ငံဖွားစားပွဲတင်တင်းနစ်ကစားသမား

17.7.2024-yyl-0.jpg

အခုလကုန်ခါနီးကျင်းပတော့မယ့် အိုလံပစ်အားကစားပြိုင်ပွဲမှာ တရုတ်နိုင်ငံဖွားအားကစားသမားအမျိုးသမီးတစ်ဦးဖြစ်တဲ့ ကျီယင်ကျုံဟာ ချီလီနိုင်ငံကိုယ်စားပြုအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ ဒီကနေ့ ဇူလိုင်လ ၁၇ ရက်နေ့မှာ ကျီယင်ဟာ အသက် ၅၈ နှစ်ပြည့်မှာဖြစ်ပြီး သူဟာ စားပွဲတင်တင်းနစ်ကစားသမားအဖြစ် ပါရီမှာ အိုလံပစ်ပွဲဦးထွက်မှာဖြစ်ပါတယ်။

ကျီယင်က ကွမ်ကျိုးမှာမွေးဖွားခဲ့တာဖြစ်ပြီး စားပွဲတင်တင်းနစ်ဝါသနာက သူ့သွေးထဲအပြည့်ပါပဲ။ သူ့အမေကလည်း စားပွဲတင်တင်းနစ်နည်းပြဖြစ်ခဲ့ပြီး သူ့ကို အသက်ငယ်ငယ်လေးကတည်းက စတင်လေ့ကျင့်ပေးခဲ့တာပါ။

အသက် ၁၇ နှစ်မှာ တရုတ်နိုင်ငံရဲ့အမျိုးသားစားပွဲတင်တင်းနစ်အသင်းမှာပါဝင်ဖို့ ရွေးချယ်ခံခဲ့ရပါတယ်။ ဒါပေမဲ့ ၃ နှစ်အကြာမှာ “Two colour Rule” မိတ်ဆက်လာခဲ့တာကြောင့် အဲ့ဒီအပြောင်းအလဲနဲ့ ကျီယင်က နေသားတကျမဖြစ်တဲ့အတွက် အသင်းကထွက်ပြီး အားကစားလောက ကနေအနားယူခဲ့ပါတယ်။

၁၉၈၉ ခုနှစ်မှာ သူဟာ ချီလီနိုင်ငံကို ပြောင်းရွေ့ခဲ့ပြီး အဲ့ဒီမှာ နည်းပြအဖြစ် အလုပ်ကမ်းလှမ်းခံခဲ့ရပါတယ်။ အဲ့ဒီနောက်နည်းပြအဖြစ် နှုတ်ထွက်ပြီး ပရိဘောဂလုပ်ငန်းကို လုပ်ကိုင်ဖို့ နိုင်ငံအတွင်း ဆက်လက်နေထိုင်ခဲ့ပါတယ်။

ချီလီရဲ့အမျိုးသားစားပွဲတင်တင်းနစ်မှာ ပါဝင်ဖို့ ဘယ်တုန်းကမှ မတွေးခဲ့မိပါဘူး။ သူဟာ ကိုဗစ်ကာလမှာ တစ်ယောက်တည်း စားပွဲတင်တင်းနစ်ပြန်ကစားဖြစ်ခဲ့ပါတယ်။ တစ်ယောက်တည်းကစားရတဲ့အချိန်မှာ စားပွဲတင်တင်းနစ်အားကစားနဲ့ပတ်သက်ပြီး ဝါသနာပြန်ပါလာခဲ့ပါတယ်။

နှစ် ၂၀ ကျော်ကြာ အနားယူခဲ့ပြီးတဲ့နောက်မှာ ကျီယင်က စားပွဲတင်တင်းနစ်ပြန်ကစားခဲ့ပြီး Pan-American Games 2023 မှာ အမျိုးသမီးစားပွဲတင်တင်းနစ်အသင်းနဲ့အတူ ကြေးတံဆိပ်ဆုရရှိခဲ့ပါတယ်။

ပြိုင်ပွဲတစ်ခုလုံးမှာ ကျီယင်က အသက်အကြီးဆုံးကစားသမားဖြစ်ခဲ့ပြီး မြန်မြန်ဆန်ဆန်ပဲ လူသိများလာခဲ့ပါတယ်။ ပြည်တွင်းပြိုင်ပွဲတွေမှာ သူ့ရဲ့ကစားစွမ်းရည်ဟာ အမျိုးသားချီလီအသင်းအတွက် အရည်အချင်းပြည့်မီခဲ့ပြီး Paris Olympics မှာ ချီလီနိုင်ငံကိုယ်စားပြုယှဉ်ပြိုင်ခွင့်ရခဲ့ပါတယ်။

လက်ရှိမှာတော့ ကျီယင်က Santiago de Chile sports အဆောက်အဦးမှာ လေ့ကျင့်နေပါတယ်။

Ref: 58-Year-Old China-Born Table Tennis Player To Make Olympic Debut, Representing Chile

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top